ယူနိုက်တက်ဟာ ခံစစ်သမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေး ပေါင် ၈၀ သန်းနဲ့ အင်္ဂလန်လက်ရွေးစင် မက်ဂွဲရားကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာဆိုးရှားဟာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို မက်ဂွဲရား၊ လင်ဒီအော့တို့အား ဦးဆောင်စေပြ ဘစ်ဆာကာနဲ့ လုရှောကို အစွန်တွေမှာ နေရာချခြင်းဖြင့် ခံစစ်အထိုင်ကို ပြောင်းလဲမယ်လို့ သိရပါတယ်။

မန်နေဂျာဆိုးရှားက ကွင်းလယ်လူပေါ့ဘာဟာ အေစီမီလန်နဲ့ ယှဉ်ပြိုင်ရမယ့် ချစ်ကြည်ရေးပွဲကို လွဲချော်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ ပေါ့ဘာဟာ အေစီမီလန်နဲ့ပွဲအတွက် ခေါ်ယူထားတဲ့ လူစာရင်းမှာတော့ ပါဝင်ပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က မနှစ်တုန်းက အနေအထားကို ရှောင်နိုင်ဖို့ ရာသီစ ပွဲစဉ်တွေကို ခြေချော်လို့ မရပါဘူးလို့ အသင်းဟောင်းကို သတိပေးလိုက်ပါတယ်။

အေစီမီလန်နဲ့ ချစ်ကြည်ရေးပွဲမှာ စီနီယာအသင်းသား ၅ ဦးဟာ ကြံ့ခိုင်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကြောင့် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက ကလပ်အသင်း တွဲဘက်ဖြစ်သူ ဒိုင်ဘာလာအား ယူနိုက်တက်ထံ ပြောင်းဖို့ကိစ္စအား တိုက်တွန်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရာသီကြိုတစ်လျှောက် ယူနိုက်တက်ရဲ့ ပွဲကစားခွင့် အများဆုံးသော ကစားသမားတွေ ဒန်နီရယ်ဂျိမ်း၊ ဘစ်ဆာကာနဲ့ မာရှယ်တို့ပဲ ဖြစ်ကြပါတယ်။

မက်ဂွဲရားကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်ဟာ အပြောင်းအရွှေ့မှာ ကွင်းလယ်လူတွေထက် ဂျူဗင်တပ်တိုက်စစ်သမား ဒိုင်ဘာလာကို ခေါ်ယူနိုင်ဖို့ကိုပဲ အဓိက ကြိုးစားနေပါတယ်။

စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကို စပါးနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း အပြိုင်အဆိုင် ကြိုးစားနေပြီး စပါးဘက်က ပေါင် ၄၁ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။