ယူနိုက်တက်ဟာ ရာသီကြို နောက်ဆုံးပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့တဲ့ အေစီမီလန်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရယူသွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမားသစ် ဖြစ်လာတော့မယ့် မက်ဂွိုင်းယားဟာ အသင်းသစ်မှာ ဘယ်နံပါတ်ကို ရွေးချယ်ဝတ်ဆင်မလဲဆိုတဲ့ ကိစ္စရပ်ဟာ ယခုအချိန်မှာတော့ တကယ့်ကို ပွက်လောရိုက်နေတဲ့ ကိစ္စတစ်ခု ဖြစ်လာနေပါပြီ။

ယူနိုက်တက်ဟာ မက်ဂွိုင်းယားရဲ့ အပြောင်းအရွေ့ကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ပြီး ကစားသမားဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှု ခံယူပြီးခဲ့ပါပြီ။

ယူနိုက်တက်က ခေါ်ယူနိုင်ခဲ့တဲ့ မက်ဂွိုင်းယားဟာ ဗန်ဒိုက်လို အဆင့်မျိုး မဟုတ်သေးဘူးလို့ ချယ်ဆီးအသင်းရဲ့ နောက်ခံကစားသမားဟောင်း Frank Le Beouf က ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတောဗ့်က ဒိုင်ဘားလားဟာ ကစားသမားကောင်းတစ်ဦး ဖြစ်ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုအပိုင်းဟာ ပရီးမီးယားလိဂ်ကစားပုံနဲ့ အနည်းငယ် အခက်တွေ့နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးချိန်မှာ ဒိုင်ဘားလားကတော့ ဂျူဗင်တပ်အသင်းရဲ့ သူ့ကိုရောင်းချဖို့ ဆုံးဖြတ်ချက်အပေါ် ၀မ်းနည်းမှုတွေ ရှိနေပြီး စိတ်ဆိုးဒေါသထွက်နေကြောင်း သတင်းတွေက ဖော်ပြနေကြပါတယ်။

ယူနိုက်တက်ပရိတ်သတ်တွေဟာ ယခုနှစ်ရာသီမှာ အသင်းက ခေါ်ယူနိုင်ခဲ့တဲ့ ကစားသမားသစ်တွေအပေါ် ကျေနပ်အားရမှုတွေ ရှိနေကြပြီ ဖြစ်ပေမယ့် ဒိုင်ဘားလားကိုပါ အရခေါ်ယူပေးဖို့ မျှော်လင့်နေကြဆဲပါ။

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ အေစီမီလန်နဲ့ ရင်ဆိုင်ဖို့ လေ့ကျင့်ရေးကိုလည်း အသင်းနဲ့ လာရောက်ပူးပေါင်းခြင်း မရှိပဲ အသင်းကိုစွန့်ခွာဖို့ ကောလဟာလတွေကို ထပ်မံ ကျယ်လှောင်လာစေခဲ့ပါတယ်။

မက်ဂွိုင်းယားကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် တကယ့်ကို သန်မာတောင့်တင်းတဲ့ ခံစစ်ပိုင်းကို မြင်တွေ့ရတော့မှာကြောင့် ယူနိုက်တက်ပရိတ်သတ်တွေ တကယ့်ကို ပျော်ရွှင်နေကြပြီ ဖြစ်ပါတယ်။

အပြောင်းအရွေ့ကာလ ပြီးဆုံးဖို့ နီးကပ်လာချိန်မှာ ယူနိုက်တက်ဟာ အေဂျက်ကစားသမားတွေကို ကမ်းလှမ်ဖို့ ပြင်ဆင်မှုတွေ ရှိလာနေတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ဘက်က ချိတ်ဆက်လိုတဲ့ ကစားသမားက တိုက်စစ်မှူး David Neres ဖြစ်နိုင်တယ်လို့လည်း သတင်းထွက်နေပါတယ်။