ဆဲလ်တစ်မန်နေဂျာ လီနွန်က အင်္ဂလန်လိဂ်ရဲ့ ဈေးကွက်ဟာ မကြာခင် ပိတ်တော့မယ်ဆိုတာ နားလည်ထားပါကြောင်းနဲ့ အာဆင်နယ်အနေနဲ့ တီရာနီကို ခေါ်ယူလိုတယ်ဆိုရင် ပိုမြင့်တဲ့ ပြောင်းရွှေ့ကြေးနဲ့ လာရောက် ကမ်းလှမ်းဖို့ ထုတ်ပြောလိုက်ပါတယ်။

အာဆင်နယ်ကစားသမားသစ် နစ်ကိုးလပ်စ် ပီပီဟာ အသင်းဖော်တွေနဲ့ ပထမဆုံး အတူ ထရိန်နင် ဆင်းခဲ့ပြီ ဖြစ်ကာ အားလုံးက နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လေ့ကျင့်ရေးမှာ သူ့ရဲ့ စွမ်းရည်တွေကို တွေ့မြင်ခဲ့ကြရပါတယ်။

အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမား ဘီလစ်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းထံ ပေါင် ၁၀ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ လိုင်လီတိုက်စစ်သမား ပီပီကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးတဲ့နောက် ဆဲလ်တစ်ဘယ်အစွန်လူ တီရာနီကို ခေါ်ယူဖို့ စတင်ကြိုးစားလာနေပြီဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဘာစီလိုနာ တိုက်စစ်သမား ကော်တင်ညိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေ ပို စိတ် လာပါတယ်။ ဘာစီလိုနာဘက်က အပြီးသတ် ရောင်းချလိုသော်လည်း အငှားနဲ့ ခေါ်ယူရင် ယူရို ၂၅ သန်း နဲ့ သန်း ၃၀ ကြား ရရှိပါက စေလွှတ်မှာ ဖြစ်ပါတယ်။

ကိုစီရယ်နီ ကို အသင်းကထွက်ခွာဖို့ အာဆင်နယ်ဘက်က ခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ပြင်သစ်သားဟာ ဘော်ဒိုးအသင်းထံ ရောက်သွားဖို့ အလားအလာ ရှိနေကြောင်း သိရပါတယ်။ ကိုစီရယ်နီဟာ အစောပိုင်းက ရေးနက်စ်အသင်းနဲ့ သတင်းထွက်ခဲ့တာပါ။

ဂျူဗင်တပ်အသင်းမှ ရူဂါနီကို အာဆင်နယ်အသင်း ခေါ်ယူနိုင်ခြေက ဂျူဗီ ဝါရင့်ခံစစ်မှူး ချီလီနီရဲ့ အနေအထားနဲ့လည်း သက်ဆိုင်နေပြီး စောင့်ကြည့်နေရဆဲ ဖြစ်တယ်လို့သိရပါတယ်။