ယူနိုက်တက်ဟာ လက်စတာအသင်းခံစစ်မှူး မက်ဂွဲရားကို ပေါင် ၈၀ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်က ဆောက်တမ်သမ်ခံစစ်မှူး ဗန်ဒိုက်ကို လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးကို ကျော်ဖြတ်သွားပါတယ်။

မန်ယူအသင်းဟာ မက်ဂွဲရား ကို ငါးနှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ပါဝင်မှာပါ။ မက်ဂွဲရားဟာ မန်ယူအသင်း မှာတော့ တစ်ပတ်လုပ်ခ ပေါင် ၁၅၀,၀၀၀ ထိ ရရှိမယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့မှာ လူကာကူကို ရောင်းထုတ်ဖို့နဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့ကိစ္စကို စတင်နေခဲ့ပါပြီ။ ဒါပေမယ့်လို့ ဒိုင်ဘာလာက ယူနိုက်တက်ကို ပြောင်းဖို့ ငြင်းဆန်ရင် လူကာကူရဲ့ တူရင်ကို ပြောင်းခွင့် ပိတ်သွားမှာဖြစ်ပါတယ်။

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုက ကလပ်အသင်းဖော် ဒိုင်ဘာလာအား ယူနိုက်တက်ဟာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်လိမ့်မယ်လို့ အသင်းပြောင်း ကစားကစားမယ့်အပေါ် မှတ်ချက်ပေးခဲ့တယ်လို့ ဖော်ထုတ်ခံနေရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ကြီး ၆ ကြီးအသင်းတွေမှာ ကမ္ဘာအနှံ့ ခရီးအထွက်ရဆုံးက ယူနိုက်တက်ဖြစ်ပြီး အနည်းဆုံးက လီဗာပူးဖြစ်တယ်။ အသင်း ၆ သင်းဟာ စုစုပေါင်း ခရီးမိုင် ၈၇၉၄၆ မိုင် ထွက်ခွာထားပါတယ်။

ယူနိုက်တက်၊ လီဗာပူးအသင်းတို့နဲ့ သတင်းထွက်ထားဖူးတဲ့ ပီအက်ဗီ တောင်ပံသမား ဘာဝီဂျင်ကို ခေါ်ယူဖို့အတွက် လာလီဂါကလပ် ဆီးဗီးလာအသင်းက ပေါင် ၂၃ သန်းတန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီး ငြင်းဆန်ခံခဲ့ရပါတယ်။

ဒိုင်ဘာလာဘက်ကတော့ ယူနိုက်တက်ဟာ သမိုင်းဝင် ကလပ်အသင်းကြီးဖြစ်ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ပေမယ့် လာမယ့် ရာသီတွေမှာ ပြန်ဝင်နိုင်မယ်လို့ ယုံကြည်ခြင်းကြောင့် ဥရောပ ပွဲကစားခွင့် မရှိခြင်းဟာ သူ့အတွက် ပြသနာ မဟုတ်ဘူးလို့ ယူဆနေတယ်လို့ သတင်းထောက် Fabrizio Romano က ဖော်ပြခဲ့ပါတယ်။

ကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာကြောင့် အေစီမီလန်နဲ့ပွဲကို လွဲချော်ခြင်း မဟုတ်ဘူးလို့ သတင်းထွက်နေပါတယ်။ ပေါ့ဘာဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းလိုတယ်လို့ မန်နေဂျာဆိုးရှားကို ပြောဆိုထားပေမယ့် ဝုဒ်ဝတ်က ခွင့်မပြုခြင်းလို့ သိရပါတယ်။

သရဲနီပရိသတ်တွေကတော့ နောက်ထပ် ခေါ်ယူမှုအဖြစ် တိုက်စစ်သမား ဒိုင်ဘာလာကိုပဲ အရခေါ်ယူဖို့ တောင်းဆိုနေကြပါတယ်။ ယူနိုက်တက်ဟာ ကွင်းလယ်တစ်နေရာစာအတွက် အင်အားဖြည့်ရမယ်လို့လည်း သတင်းထွက်နေတာပါ။