လီဗာပူးကွင်းလယ်လူကြီး မီလ်နာကတော့ ဒီကနေ့ညဟာ ဆုဖလားတွေ အများအပြားအနက် ပထမဆုံးဖလားကို အပိုင်သိမ်းရမယ့် ညပါဆိုပြီး ကွန်မြူနတီပွဲကြို အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးဟာ ဒီကနေ့ည မြန်မာစံတော်ချိန် ၈း၃၀ မှာတော့ ဝင်ဘာလေကွင်းမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲ ယှဉ်ပြိုင်ကစားရပါမယ်။

လီဗာပူးအသင်းဟာ သူတို့ရဲ့ ခမ်းနားလှပတဲ့ သမိုင်းကြောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ Melwood လေ့ကျင့်ရေးကွင်းကြီးကို အပြီးသတ် ရောင်းချခဲ့ပြီလို့ သိရှိရပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်မယ်လို့ Simon Jordan က talk SPORT နဲ့ တွေ့ဆုံခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူး ဂန္တ၀င်ကစားသမား Graeme Souness ကတော့ အသင်းအနေနဲ့ အပြောင်းအရွေ့ မကုန်ဆုံးမီ ကစားသမားသစ်တွေ ထပ်မံခေါ်ယူသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

လီဗာပူးအသင်းက ပြန်လည်ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ကော်တင်ညိုကို တစ်နှစ်အငှားခေါ်ယူလိုပါက ပေါင် (၂၇) သန်း ပေးချေရမယ်လို့ ဘာစီလိုနာက တန်ဖိုးသတ်မှတ်လိုက်ပါပြီ။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားကို ရမှတ် (၁) မှတ်နဲ့ လက်လွှတ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ ယာဂင်ကလာခ့်ဟာ ယခုနှစ်မှာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်အောင် အသင်းကို ဦးဆောင်ပေးနိုင်မယ်လို့ လီဗာပူးကစားသမားဟောင်း Jamie Redknapp က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဘက်တစ်ကစားသမား Junior Firpo ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွေ့ဖို့ သဘောတူညီမှု ရသွားပြီလို့ ကောလဟာလတွေ ပေါ်ထွက်နေပါတယ်။

ဘယ်လ်ဂျီယံကလပ် Club Brugge ဟာ လီဗာပူးဂိုးသမား မင်နိုးလက်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်လာနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

လီဗာပူးအသင်းရဲ့ နောက်ခံကစားသမားဟောင်း Glen Johnson က အသင်းရဲ့ လူငယ်ခံစစ်ကစားသမား Alexander-Arnold ကို ချီးကျူးပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။

လီဗာပူးအသင်းကနေ အော့စဖိုဒ့်ယူနိုက်တက်ထံ အငှားထွက်ကစားနေတဲ့ လူငယ်ကစားသမား ဘန်ဝုဒ်ဘန်းဟာ သူ့ရဲ့ပွဲဦးထွက်မှာပဲ အသင်းအတွက် ဂိုးထောက်ပံ့မှု ပြုလုပ်ပေးနိုင်ခဲ့ပါပြီ။