အပြောင်းအရွှေ့မှာ ငွေသုံးခြင်း မသုံးခြင်းနဲ့ ပတ်သတ်ပြီး အပြန်လှန် ပြောဆိုနေရမှုများကို လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က အဆုံးသတ် လိုက်ပြီ ဖြစ်ပါတယ်။ ၄င်းက စီးတီးနည်းပြ ပက်ဂွာဒီယိုလာနဲ့ အပြန်အလှန် လေးစားမှုရှိတဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့ ပြောဆို ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဘိုဒေါ အသင်းရဲ့ ကြယ်ပွင့်ကစားသမား Francois Kamano ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေကြောင်း သိရပါတယ်။

အသင်းကြီးမှာ ပွဲထွက်ခွင့် ပုံမှန် ရနေပြီဖြစ်တဲ့ လီဗာပူး ခံစစ်မှူး ထရန့် အလက်ဇန္ဒါး အာနိုးက လီဗာပူးအသင်း လူငယ်ကစားသမားတွေကို အားပေးမှု ပြုလုပ်လိုက်ပြီး သူလည်း ထိုသို့ အနေအထားမျိုး ခက်ခဲမှုမျိုးတွေ ရင်ဆိုင်ခဲ့ရသူ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် လီဗာပူးအသင်းကို သြဂုတ်လ ၉ ရက် သောကြာနေ့မှာတင် စောစောစီးစီး ကစားစေခဲ့တာ အတွက် မကျေမနပ် ဖြစ်နေပါတယ်။ ကွန်မြူနတီဒိုင်း ပွဲစဉ် ရှိနေတာကြောင့် ကလော့ပ်က တနင်္ဂနွေနေ့မှာ ကစားဖို့ ပိုမို လိုလားနေတာပါ။

ပရီးမီးယားလိဂ်ကလပ် လီဗာပူးနဲ့ ယူနိုက်တက်တို့က စောင့်ကြည့်မှုတွေ လုပ်ထာခဲ့တဲ့ ဘက်တစ် ဘယ်အစွန်လူ ဖာပိုဟာ လာလီဂါကလပ် ဘာစီလိုနာ အသင်းထံ ယူရို ၂၅ သန်းနဲ့တင် ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ထားတဲ့ မန်စီးတီးက ပိုမို ရေပန်းစားနေဆဲ အသင်းဖြစ်ကြောင်း ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။

လီဗာပူးကစားသမားဟောင်း Andrea Dossena ကတော့ ဒိုင်ဘားလားကို ယူနိုက်တက်အသင်းထပ် လီဗာပူးကိုသာ ဦးစားပေး ရွေးချယ်စေလိုကြောင်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

လိုင်ယွန်နဲ့ မိုနာကို အသင်းတို့ဟာ အေစီမီလန်အသင်းမှာ တောင်ပံတိုက်စစ်သမား ဆူဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူး ကစားသမားဟောင်း ဆူဆိုကို အေစီမီလန်ကတော့ လက်ရှိစာချုပ်မှာ သုံးနှစ် ကျန်ရှိနေသေးတာဖြစ်လို့ အသင်းမှာ ဆက်နေဖို့ စည်းရုံးနေတာပါ။