လာမယ့်ဘောလုံးရာသီက စလို့ ဘရာဇီးသား တိုက်စစ်သမား ၀ီလီယံဟာ ရီးရဲလ်သို့ ထွက်ခွာသွားတဲ့ ဟာဇက် ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ဆက်လက် ၀တ်ဆင်တော့မှာ ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။ ချယ်ဆီး ပရိသတ် အချို့ကတော့ နံပါတ် ၁၀ ကို ၀ီလီယံ ၀တ်ဆင်တာ သဘောမကျမှုတွေ ရှိနေပါတယ်။

ချယ်ဆီးအသင်းဟာ ဂျာမန် ဘွန်ဒစ်လီဂါကလပ် မွန်ချင်ကလာဘတ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရာ ဦးဆောင်ဂိုး ၂ ဂိုး ပေးလိုက် ရသော်လည်း ဂိုးများ ပြန်လိုက်သွင်းနိုင်ခဲ့ပြီး ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။ ချယ်ဆီးအတွက် ဂိုးတွေကို အေဗရာဟမ် (ပင်နယ်တီ) နဲ့ ဘာကလေတို့က သွင်းယူပေးခဲ့တာပါ။

မွန်ချင်ကလာဘတ်နဲ့ ခြေစမ်းပွဲစဉ်အပြီးမှာ ချယ်ဆီးပရိတ်သတ်တွေဟာ အသင်းက ကစားသမား ၃ ဦးဖြစ်တဲ့ ပက်ဒရို၊ အက်ဇ်ပလီကွီတာနဲ့ ခရစ္စတီယန်ဆင်တို့ကို မန်ယူနဲ့ပွဲမှာ အသုံးမပြုဖို့ နည်းပြ လမ်းပတ်ကို တောင်းဆိုနေကြပါတယ်။

ခရစ်ပိုဝဲဟာ ချန်ပီယံရှစ်မှာ အသင်းများစွာကို နည်းပြခဲ့ပြီး အင်္ဂလန်ရဲ့ ဒုတိယအဆင့်မြင့်တန်းလိဂ်မှာ ကစားခဲ့ဖူးတဲ့ ကစားသမားတွေ နောက်ရာသီ ပရီးမီးယားလိဂ်မှာ ချယ်ဆီး အတွက် ကစားပေးတော့မှာကို မြင်ရဖို့ စိတ်လှုပ်ရှားနေပါတယ်။

မနှစ်က ချယ်ဆီးဟာ ကစားသမား ၄၂ ယောက် အငှါးချခဲ့ပြီး လူငယ် ကစားသမား တွေအတွက် သူတို့ရဲ့ စနစ်ကို စီးတီးအပါအဝင် တခြားအင်္ဂလန်ကလပ်တွေကလဲ လိုက်လုပ်လာကြပါတယ်။

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် လုံးဝ မပါဝင်ထားဖူးတဲ့ လူငယ်ကစားသမား ရိစ်ဂျိမ်းအတွက် ပဲလေစ့်ဘက်က ပေါင် ၂၅ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ ကလပ်အသင်း ကစားသမားဟောင်း မီခီလီလီကို လူငယ်အသင်းဆိုင်ရာ တာဝန်ခံအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ပြီ ဖြစ်ပါတယ်။ သူဟာ လူငယ်ကစားသမားတွေကို နည်းစနစ်ပိုင်းဆိုင်ရာ လမ်းညွှန်ရမှာပါ။