ဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရတဲ့ အာဆင်နယ်အသင်း ခံစစ်မှူး ရော့ဘ် ဟိုးဒင်းဟာ ယူ-၂၃ အသင်းနဲ့ အတူ ဝက်ဖို့ အသင်းကို ၆-၁ နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ မိနစ် ၆၀ ကြာ ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ တီရာနေးအတွက် တတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ဆဲလ်တစ် ခံစစ်မှူးကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်က ပေါင် ၁၅ သန်းနဲ့ ၂၅ သန်း နှစ်ကြိမ် ကမ်းလှမ်းမှု လုပ်ထားပြီးခဲ့ကာ ဆဲလ်တစ်ရဲ့ ပယ်ချခြင်း ခံခဲ့ရပါတယ်။

ဘာစီလိုနာမှ ဘရာဇီးသား တိုက်စစ်သမား ကော်တင်ညိုကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်က ဒုတိယ ရေပန်းအစားဆုံး အသင်း ဖြစ်လာပါတယ်။ ထိပ်ဆုံးက ရေပန်းစားထားတာကတော့ ပီအက်စ်ဂျီ အသင်းပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီဟာ အသင်းက လူငယ်ကြယ်ပွင့် ဘီလစ်ကို ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းထံ ပေါင် ၁၀ သန်းနဲ့ ရောင်းချခဲ့တာက အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ဘောလုံးသုံးသပ်သူ ခရစ် ပိုဝဲလ်က ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ရော်ဘင် ဗန်ပါစီက ဆန်းချက် တစ်ယောက် မန်ယူအသင်းမှာ ခြေစွမ်း မပြသနိုင်တာဟာ လက်ရှိ ကလပ်အသင်းမှာ မပျော်ရွှင်တာကြောင့် ဖြစ်မယ်လို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။

ပြင်သစ်ကလပ် ဘော်ဒိုးအသင်းရဲ့ ဘောလုံး ဒါရိုက်တာနဲ့ အကြံပေးတို့ဟာ သောကြာနေ့ကပဲ လန်ဒန်သို့ ရောက်ရှိလာခဲ့တယ်လို့ သိရကာ ကိုစီရယ်နီရဲ့ အပြောင်းအရွှေ့ အတွက် အာဆင်နယ် တာဝန်ရှိသူများနဲ့ ဆွေးနွေးမှုများ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ အဆင်မပြေမှုများ ရှိနေတဲ့ အသင်းခေါင်းဆောင် ကိုစီရယ်နီဟာ ၄င်းဆန္ဒအတိုင်း ပြင်သစ်လီဂူးဝမ်း ကလပ် ဘော်ဒိုး အသင်းထံ ပြောင်းရွှေ့ဖို့ ခွင့်ပြုခြင်း ခံရတော့မှာ ဖြစ်ပါတယ်။

ဂျူဗင်တပ် ကွင်းလယ်ကစားသမား ခါဒီရာဟာ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ဖို့ထက် ၀ုဗ်အသင်းကို ရွေးချယ်ဖို့ ပိုမို လိုလားနေတယ်လို့ သိရပါတယ်။