လီဗာပူးအသင်းဟာ ယခုနှစ်ရာသီအဖွင့်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ကံမကောင်း အကြောင်းမလှစွာ အရေးနိမ့်သွားခဲ့ပါပြီ။

လီဗာပူးဂိုးသမား မင်ညိုလက်ဟာ ဘယ်ဂျီယံကလပ် ကလပ်ဘရုစ်ထံ ယူရို ၇ သန်းနဲ့ ပြန်လည်ကာ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

ရာသီအစမှာပဲ ကွန်မြူနတီဒိုင်းကို လက်လွှတ်ခဲ့ရပေမယ့် လီဗာပူးကစားသမား ဂိုးမက်ဇ်က အသင်းဟာ ရာသီအကုန်မှာ ဆုဖလားတွေ သိမ်းပိုက်နိုင်မယ်လို့ ယုံကြည်ပေးကြဖို့ အသင်းပရိတ်သတ်တွေကို တိုက်တွန်းအားပေးခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ဟာ တကယ့်ကို အကြိတ်အနယ် ဖြစ်ခဲ့ပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ပြောင်းလဲထားတဲ့ ပရီးမီးယားလိဂ် နည်းစနစ်တွေအရ အ၀ါကဒ်ပြား ပြသ အပြစ်ပေးခံခဲ့ရပါတယ်။

လီဗာပူးကွင်းလယ်လူ ကီတာဟာ ကွန်မြူနတီဒိုင်းပွဲမှာ အရံကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

လီဗာပူးနည်းပြကြီး ယာဂင်ကလာခ့်ဟာ အပြောင်းအရွေ့ကာလ မပြီးဆုံးမီမှာ တူရကီဂိုးသမား Ugurcan Cakir ကို အသင်းက အရခေါ်ယူပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးအသင်းကနေ နည်းပြ စတီဗင်ဂျရတ်ရဲ့ ရိန်းဂျားအသင်းထံ အငှားထွက်ကစားနေတဲ့ တောင်ပံတိုက်စစ်ကစားသမား Sheyi Ojo ဟာ အသင်းရဲ့ ရာသီအဖွင့်ပွဲစဉ် လူစာရင်းမှာ ပါဝင်လာခဲ့ပါပြီ။

လီဗာပူး ခံစစ်ကစားသမား အလက်ဇန်းဒါးအာနိုးကတော့ အသင်းဟာ ယခုနှစ်မှာ အပြောင်းအရွေ့ ကြီးကြီးမားမား မပြုလုပ်ခဲ့ပေမယ့် ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိကြောင်း ယုံကြည်နေပါတယ်။

လီဗာပူးအသင်းကနေ ဘာစီလိုနာကို ထွက်ခွာသွားခဲ့တဲ့ ကစားသမားဟောင်း ကော်တင်ညိုဟာ ယခုရာသီမှာ ပရီးမီးယားလိဂ် အသင်းတစ်သင်းသင်းထံ ပြန်လည်ရောက်ရှိလာဖို့ သေချာနေပြီလို့ ကောလဟာလတွေ ကျယ်လှောင်လာနေပါပြီ။

အပြောင်းအရွေ့ အစောပိုင်းကာလတွေမှာ လီဗာပူးအသင်း ခေါ်ယူချင်ခဲ့တဲ့ ဘက်တစ်ကစားသမား Junior Firpo ဟာ ဘာစီလိုနာအသင်းကို အပြီးသတ် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။