ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ဒိုင်ဘားလားနဲ့ ယူနိုက်တက်ကြား ချိတ်ဆက်မှု အဆုံးသတ်သွားပါပြီ။ ဒိုင်ဘာလာဘက်က အေးဂျင့်ကြေးနဲ့ မြင့်မားတဲ့ လုပ်ခလစာ တောင်းခံခြင်းကြောင့် ယူနိုက်တက်ဘက်က ဆက်လက် ဆွေးနွေးသွားတော့မှာ မဟုတ်ပါဘူး။

အင်တာမီလန်အသင်းကလည်း ယူနိုက်တက်တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖို့ နောက်ထပ် ကမ်းလှမ်းမှု အသစ်တွေ ပြုလုပ်လာတော့မယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဒိုင်ဘာလာကို ခေါ်ယူဖို့ အဆင်မပြေခဲ့ပေမယ့် လူကာကူကိုတော့ ရောင်းထုတ်မှာပါ။

ဆိုးရှားဟာ ဂျူဗီတိုက်စစ်မှူး ဒိုင်ဘားလားဟာ ယူနိုက်တက်ကစားသမားတွေ အားလုံးထပ် သာလွန်ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေတာကြောင့် အသင်းထံ အရောက်ခေါ်ယူလိုနေတာဖြစ်ပြီး ဖာနန်ဒက်စ်ကိုတော့ လုံးဝ ခေါ်ယူလိုခြင်း မရှိဘူးလို့ သိရှိရပါတယ်။

တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတဲ့ ယူနိုက်တက်ဟာ အေဂျက်တိုက်စစ်မှူး David Neres ကို ပေါင် (၄၆) သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်လိုက်ပြီလို့ သတင်းတွေ ပေါ်ထွက်လာခဲ့ပါပြီ။

မက်ဂွိုင်းယားကို ခေါ်ယူနိုင်ခဲ့ခြင်းဟာ ယူနိုက်တက်အတွက် ချန်ပီယံပြေးလမ်းပေါ်ကို ပြန်လည်တက်လှမ်း လာနိုင်ခဲ့ခြင်းဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ ဂန္တ၀င်တိုက်စစ်မှူးကြီး ၀ိန်းရွန်းနီဟာ တစ်ချိန်ချိန်မှာ ယူနိုက်တက်အသင်းထံ နည်းပြရာထူး တစ်ခုခုနဲ့ ပြန်လာလိုနေတဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း Keith Gillespie ကတော့ အသင်းက အသစ်ခေါ်ယူနိုင်ခဲ့တဲ့ ခံစစ်မှူး မက်ဂွိုင်းယားဟာ အနာဂတ်မှာ ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူး ရယူနိုင်ယ့်သူလို့ ခန့်မှန်းလိုက်ပါပြီ။

ယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဘာက အသင်းကို စွန့်ခွာပြီး ဂျူဗင်တပ်အသင်းထံ ပြန်သွားလိုနေခြင်းဟာ ယူနိုက်တက်ပရိတ်သတ်တွေက ဂျူဗီပရိတ်သတ်တွေလို သူ့အပေါ် ချစ်ခင်ကြခြင်း မရှိတာကြောင့်လို့ နောက်ခံလူဟောင်း အီဗရာက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ကို စွန့်ခွာလိုနေတဲ့ လူကာကူနဲ့ ပေါ့ဘာတို့ကို လီဗာပူး ဂန္တ၀င်ကစားသမားဟောင်းကြီး ဂရေမီဆောင်းနက်က ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်မှာ အတူလက်တွဲခဲ့ဖူးတဲ့ ဖာဒီနန်နဲ့ ဗန်ပါစီတို့ဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် လီဗာပူးနဲ့ မန်စီးတီး တို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ BT Sport ရဲ့ အစီအစဉ်တင်ဆက်သူတွေအဖြစ် အတူတကွ ပြန်လည် ပူးပေါင်းကြတော့မယ်လို့ သိရှိရပါတယ်။