မန်ယူအသင်းဟာ စပို့တင်းလစ္စဘွန်း ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို အပြောင်းအရွှေ့ မပိတ်ခင် အမှီ ခေါ်ယူနိုင်ရန် ဆွေးနွေးမှုအသစ် ပြန်လည် စတင်ထားပါတယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်သမားကို ၆ နှစ်စာချုပ်၊ တစ်ပတ် လစာ ပေါင် ၁သိန်း ၆ထောင်နဲ့ ခေါ်ယူဖို့ မန်ယူက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားပြီး ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အန်သိုနီ မာရှယ်ကို မှန်မှန်ကန်ကန် အသုံးချမယ်ဆိုရင် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်က ဆိုပါတယ်။ ဘာဘာတော့ဗ်က လီဂူးဝမ်းမှာ သူနဲ့ ခဏတာ တွဲလုပ်ခဲ့ဖူးတဲ့ မာရှယ်ဟာ မန်ယူမှာ လိုအပ်တဲ့ ကစားချိန် မရရှိတာကြောင့် ဒါမှမဟုတ် သူနဲ့ အသင့်တော်ဆုံး နေရာမှာ မကစားရတာကြောင့် ခြေစွမ်းမပြနိုင်တာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ စပါးကွင်းလယ်လူ အဲရစ်ဆန်ကိုလည်း ကွင်းလယ်စာရင်းထဲ ထည့်ထားပါတယ်။ ဖာနန်ဒက်ကို စပါးကလည်း လိုက်နေတာဖြစ်လို့ ပေါ်တူဂီသားကို ခေါ်ယူဖို့ကို လန်ဒန်ကလပ်က လက်ဦးခဲ့ရင် အဲရစ်ဆန်ကို ပြန်ခေါ်ဖို့ဖြစ်ပါတယ်။

မန်ယူ ခံစစ်မှူးသစ် ဖြစ်လာတဲ့ အင်္ဂလန်သား မက်ဂွဲရားဟာ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ ခံစစ် သုံးယောက်တန်း၊ လေးယောက်တန်း ကစားကွက်နဲ့ ကစားဖူးတာကြောင့် ဆိုးရှားဟာ ခံစစ်မှာ ဗျူဟာမျိုးစုံ ခင်းကျင်းလာနိုင်တော့မှာပါ။

မန်ယူနိုက်တက်စစ်မှူးဟောင်း ရွန်းနီဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းထံ ကစားသမားအဖြစ် ပြန်လာဖို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အောင်မြင်ဖို့ ရာနှုန်းများတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ဟာရဲရားဟာ အသင်းသစ် ပီအက်စ်ဂျီနဲ့ အတူ ဘောလုံး ရာသီသစ် စတင်တော့မှာ ဖြစ်ပြီး ပီအက်စ်ဂျီဟာ ပြင်သစ်မှာ လူမုန်းများတဲ့ ကလပ်အသင်း ဖြစ်ပေမယ့် သူကတော့ ဒီလို ရှိနေတာကိုပဲ နှစ်ခြိုက်သဘောကျကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပေါ့ဘာ အပြောင်းအရွှေ့အတွက် ဆွေးနွေးဖို့ ဂျူဗင်တပ် အကြီးတန်းတာဝန်ရှိသူများ လန်ဒန်သို့ ရောက်ရှိကာ ပြောဆို ဆွေးနွေးနေကြောင်း သိရပါတယ်။ ၄င်းတို့ဟာ ရီးရဲလ်ထက် အသာရဖို့အတွက် ကစားသမား အလဲအထပ် အဖြစ် ဒိုင်ဘားလား၊ မန်ဇူကစ်၊ မာတိဒီတို့ အားလုံးကို ထည့်ပေးကာ ကမ်းလှမ်းနေကြောင်း သိရပါတယ်။

အခြားသော ယူနိုက်တက် ကစားသမားများ နားရက် ရနေချိန်မှာ တိုက်စစ်မှူး လူကာကူကတော့ အသင်း ခွင့်ပြုချုက်နဲ့ အန်ဒါလက်ခ်ျအသင်းနဲ့ အတူ ထရိန်နင် ဆင်းနေခဲ့ပါတယ်။ အန်ဒါလက်ခ်ျကို လူကာကူရဲ့နိုင်ငံအသင်းဖော် ကွန်ပနီက ကစားသမား – မန်နေဂျာအဖြစ် တာဝန်ယူနေတာပါ။

ပရီးမီးယားလိဂ် အဖွင့် သီတင်းပတ်မှာ ပွဲကြီးပွဲကောင်း ဖြစ်မယ့် အိုးထရက်ဖို့ဒ်က ယူနိုက်တက်နဲ့ ချယ်ဆီးပွဲ ကို အန်သိုနီ တေလာ ကိုင်တွယ်မှာ ဖြစ်ပါတယ်။ တေလာဟာ ပြီးခဲ့တဲ့ ရာသီက ပွဲတွေမှာ ကိုင်တွယ်တိုင်း ချယ်ဆီးအသင်းအတွက် ၃ ပွဲ ကိုင်တွယ်ခဲ့ရာ တစ်ပွဲမှ နိုင်ပွဲ မရခဲ့ဘဲ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရလဒ် ရထားပါတယ်။