အာဆင်နယ်ဟာ အသင်း ခေါင်းဆောင် ကိုစီရယ်နီဟာ လီဂူးဝမ်း ကလပ် ဘော်ဒိုးအသင်းထံ ယူရို ၅ သန်း နဲ့ ရောင်းချဖို့ သဘောတူလိုက်ပြီ ဖြစ်ပြီး အပြောင်းအရွှေ့ဟာ ဒီနေ့မှာပဲ အပြီးသတ်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ပြင်သစ်ကလပ် မိုနာကိုအသင်းဟာ အာဆင်နယ်ခံစစ်မှူး မူစတာဖီကို ယူရို သန်း ၃၀ နဲ့ ခေါ်ယူဖို့ ချိတ်ဆက်ဆွေးနွေးမှု ပြုလုပ်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

အာဆင်နယ်ဟာ ဆဲလ်တစ်အသင်း ဘယ်အစွန်လူ တီရာနေးကို ခေါ်ယူနိုင်ဖို့ နောက်ဆုံး ကြိုးစားမှုတစ်ခုကို ဒီရက်ထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး ဒါဟာ နောက်ဆုံး အခွင့်အရေးကို အသုံးချမှုလည်း ဖြစ်လာပါလိမ့်မယ်။

အာဆင်နယ်အသင်းဟာ အမေရိက ရာသီကြို ခြေစမ်းပွဲစဉ်တွေနဲ့ U23 အသင်း ပွဲစဉ်တွေမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ လူငယ် ကြယ်ပွင့် ဂျွန်ဂျူးလ်စ်ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

အမ်မရီက ဘာစီလိုနာ တိုက်စစ်သမား ကော်တင်ညိုကို အာဆင်နယ်က ခေါ်ယူဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းများကို ပယ်ချသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ကော်တင်ညို အတွက် ပြောဆို ဆွေးနွေးမှု ရှိ မထားကြောင်း အမ်မရီက ငြင်းဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အလိုရှိတဲ့ ကစားသမားတွေ ရှိပေမယ့် သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရမှသာ ခေါ်ယူဖြစ်မှာ ဖြစ်ကြောင်း အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ၀န်ခံ ပြောကြားလိုက်ပါတယ်။ တီရာနေးရဲ့ အပြောင်းအရွှေ့ဟာ အာဆင်နယ်ရဲ့ ဦးစားပေး အနေအထား မရှိတော့တဲ့နောက် အာဆင်နယ်ရဲ့ ဒီနွေ ကစားသမား ခေါ်ယူမှုက ပြီးဆုံးပြီ ယူဆရဖွယ် ရှိပါတယ်။