လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က လာမယ့်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တဲ့အသင်း ၆ သင်းလောက် ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဦးမယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ယာဂင်ကလော့ပ်က မန်စီးတီးကို ရင်ဆိုင်ဖို့ဆိုရင် အကောင်းဆုံး ပုံစံမှာ ရှိနေရမှာဖြစ်သလို အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အချိန်ကို ပိုင်ဆိုင်ဖို့လိုကြောင်း ပြောပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာ မန်စီးတီးကို အရေးနိမ့်ခဲ့ပေမယ့် ကလပ်အသင်းရဲ့ တိုးတက်မှုကို မြင်ရတာက သိပ်ကောင်းတယ်လို့ ဆိုခဲ့ပါတယ်။

လီဗာပူးတိုက်စစ်သမား ရှာကွီရီဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ပွဲကစားခွင့်များ ပိုရလာဖို့ ရှိပြီး ကစားသမားသစ် များများ စားစား မခေါ်ယူနိုင်ပေမယ့် ရှာကွီရီ ပို ကစားခွင့် ရလာပါက အသင်းကို အင်အားဖြည့်တင်းရာ ရောက်ကာ ကာမိမယ်လို့ ကလော့ပ်က မျှော်လင့်ထားပါတယ်။

လီဗာပူးဟာ ဈေးကွက်ပိတ်မယ့် နောက်ဆုံးရက်အတွက်လည်း ကြိုတင်ပြင်ဆင်ထားတဲ့ ကစားသမားမရှိပဲ ဒီရာသီကို လူသစ် ထပ်မံ ခေါ်ယူသွားတော့မှာ မဟုတ်ပါဘူး။

လီဗာပူးက နော်ဝစ်အသင်းကို အနိုင်ရဖို့ ချန်ပီယံလိဂ်အနိုင်ရ ခြေစွမ်းမျိုး မလိုကြောင်းနဲ့ လက်ရှိ အနေအထားမှာ နော်ဝစ်ကို အနိုင်ရနိုင်တဲ့ ခြေစွမ်းမျိုးကိုပဲ လိုအပ်ကြောင်း အသင်းသားတွေကို ယာဂင်ကလော့ပ်က သတိပေးလိုက်ပါတယ်။

စပါးကွင်းလယ်ကစားသမား အလီက ၄င်း ငယ်စဉ်ဘ၀ စံနမူနာထား အားကျရတဲ့ ကစားသမားတွေက စတီဗင်ဂျရတ်နဲ့ ရော်နယ်ဒင်ဟို ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ တောင်ပံသမား ဝဲလ်ဆန်ကို အငှားချမှုကနေ ပေါင် ၂.၅ သန်း ရမှာဖြစ်ပြီး စွမ်းဆောင်ရည်အလိုက် နောက်ထပ် ပေါင် ၅ သိန်း ထပ်ရဦးမယ့် သဘောတူညီမှု ပါဝင်ပါတယ်။

လီဗာပူးတိုက်စစ်သမား မာနေးဟာ ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားမှာ ရှိနေပြီး မနက်ဖြန်ပွဲမှာ သူ့ကို ထုတ်သုံးဖို့တော့ စောင့်ကြည့်ဦးမယ်လို့ ယာဂင်ကလော့ပ်က ပြောပါတယ်။

ရှာကွီရီကို ပြင်သစ်ကလပ် မိုနာကိုအသင်းက အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး လီဗာပူးအသင်းမှာ ထက် လစာပိုပေးဖို့ စီစဉ်ကာ စည်းရုံးနေဆဲ ဖြစ်ပါတယ်။