အာဆင်နယ်ဟာ လူငယ်ခံစစ်မှူး ဒိုမိနစ် သွန်ပဆင်ကို ဘရန့်ဖို့ဒ် အသင်းထံ ရောင်းချခဲ့ပြီ ဖြစ်ပြီး ကစားသမားက ဆေးစစ်မှုခံယူနေပြီ ဖြစ်ပါတယ်။ သွန်ပဆင်က ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်-၂ လူငယ်လိဂ်မှာ ၁၃ ပွဲ ပါဝင်ကစားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဆဲလ်တစ်အသင်း ဘယ်အစွန်လူ တီရာနေးကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးဖြစ်ပြီး ဆေးစစ်ဖို့အတွက် လန်ဒန်ကို လာရောက်နေပြီဖြစ်ကာ အပြောင်းအရွှေ့ deadline နေ့မပြီးခင် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ချယ်ဆီးအသင်းရဲ့ ဗဟိုခံစစ်မှူး ဒေးဗစ် လူးဝစ်ကို ပေါင် ၈ သန်းနဲ့အတူ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ ဒီကနေ့မှာပဲ အာဆင်နယ်နဲ့ ဆေးစစ်မှု ခံယူသွားမှာဖြစ်ပြီး နှစ်နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ဒီနွေမှာ စာချုပ်ကုန်ဆုံးလို့ အသင်းက ထွက်ခွာသွားတဲ့ တိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘတ်ဟာ ဝတ်ဖိုဒ့်အသင်းသို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ၄င်းကို ပရီးမီးယားလိဂ်မှာ ဆက်လက် မြင်တွေ့ရဦးမှာပါ။

ဘော်ဒိုးအသင်းသို့ ရောက်ရှိသွားပြီ ဖြစ်တဲ့ အာဆင်နယ်ခံစစ်မှူး ကိုစီရယ်နီက ၄င်းဟာ ကလပ်အသင်းကို မလေးမစား ပြုလုပ်လိုခြင်း အလျင်း မရှိခဲ့ကြောင်း ပြောဆိုကာ အသင်းက ထွက်ခါနီး ပြဿနာအချို့ ရှိခဲ့တာ အတွက် ဖြေရှင်းထားပါတယ်။

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ဟာ အသင်းကနေ ဇန်နဝါရီမှာ ထွက်ခွာသွားမယ့် ရွန်းနီနေရာ အစားထိုးဖို့ရာ အာဆင်နယ်မှ ကွင်းလယ်လူ အိုဇေးကို ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်လိုနေပါတယ်။

အာဆင်နယ်အသင်းဟာ ကလပ်အသင်း တောင်ပံတိုက်စစ်သမား အီဝိုဘီအတွက် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းရဲ့ ပေါင်း သန်း ၃၀ တန် ကမ်းလှမ်လာမှုကို ပယ်ချလိုက်ပြီဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ပေါင် ၄၀ သန်းအထက် အလိုရှိနေတယ်လို့ သိရပါတယ်။