အသက် ၂၃ နှစ်အရွယ် မန်ယူ ဂိုးသမား ဂျိုဝဲလ် ပါရီးရားက စကော့တလန်ကလပ် Heart အသင်းဆီ တစ်ရာသီ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ အနာဂတ်အကြောင်းကို ပေါ့ဘာက အာမခံချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် မန်ယူဘက်ကတော့ ကစားသမားသစ် ခေါ်ဖို့ အပြောင်းအရွှေ့ ပြီးသွားပြီ ဖြစ်တာကြောင့် ပြင်သစ်သားကို ဒီနွေမှာ ထွက်ခွာခွင့် မပြုရန် ကြံရွယ်ထားပါတယ်။

ရာသီကြိုမှာ ကြံ့ခိုင်မှု အသားပေး လေ့ကျင့်စေခဲ့တဲ့ ဆိုးရှားရဲ့ အစီအမံကို မန်ယူ ကွင်းလယ်ဟောင်း ပေါ့လ်စခိုးလ်က ချီးကျူးခဲ့ပြီး ချယ်ဆီးနဲ့ပွဲ ဒုတိယပိုင်းမှာ ကစားအား ကျမသွားတဲ့ အသင်း ပုံစံကို ထောက်ပြသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကွင်းလယ်ကစားသမားဟောင်းကြီး ပေါအင့်က ယူနိုက်တက် လူကာကူကို လက်လွှတ်လိုက်ခြင်းက စွန့်စားလွန်ရာ ကျပြီး လီဗာပူး လုပ်သလို လိုက်လုပ်နေတာတွေက အန္တရာယ်များကြောင်း ထောက်ပြ သတိပေးလိုက်ပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးအသင်းက ကာလရှည် စောင့်ကြည့်ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့တဲ့ နော်ဝေကလပ် Tromso အသင်းမှ နော်ဝေဆယ်ကျော်သက် ကြယ်ပွင့်လေး Isak Hansen-Aaroen ကို လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြု ကြေညာခဲ့ပြီဖြစ်ပါတယ်။

ပြင်သစ်သား တိုက်စစ်မှူး အန်သိုနီ မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ သီယာရီ အွန်နရီ ဖြစ်လာဖို့ အလားအလာကောင်းတွေ အများကြီး ရှိတယ်လို့ ပေါလ်စခိုးလ်က ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။

ပါရဲယားရဲ့ ဖခင်ကတော့ ယူနိုက်တက်နည်းပြ ဆိုးရှားဟာ သူ့သားနဲ့ ကာလရှည်ကြာ စာချုပ်သစ်တစ်ခု ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းမှုတွေ ရှိနေတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အသင်းနဲ့အတူ ပြန်လည်ကြံ့ခိုင်ရေး လေ့ကျင့်ရေး ဆင်းနိုင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

ယူနိုက်တက်ရဲ့ လူငယ်အသင်း ကွင်းလယ်ကစားသမား Aidan Barlow ဟာ Tormso အသင်းထံ လေးလ အငှားသွားရောက် ကစားဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အရန်ဂိုးသမား Joel Pereira ဟာ စကော်တလန်ကလပ် Hearts အသင်းထဲ အငှားနဲ့ တစ်ရာသီ ပြောင်းရွေးတော့မှာပါ။

ယူနိုက်တက် ဂန္တ၀င်ကစားသမား ပေါလ်စခိုးကတော့ တိုက်စစ်မှူး မာရှယ်ကို ပြင်သစ်ဂန္တ၀င်တိုက်စစ်မှူး ဟင်နရီနဲ့ ခိုင်းနှိုင်းပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။