စီးရီးအေကလပ် အတ္တလန်တာအသင်းဟာ လီဗာပူး တိုက်စစ်မှူးဟောင်း စတားရစ်ကို ခေါ်ယူလိုနေပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားတာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရ ကလပ်အသင်းက သူ့ရဲ့ ဥရောပ အတွေ့အကြုံ ရှိမှုတွေကို နှစ်သက်နေတာပါ။

လီဗာပူး ဒုတိယ အသင်းခေါင်းဆောင် ဂျိမ်းစ် မေနာက ကလပ်အသင်းကို ဆုဖလားများ သိမ်းပိုက်တဲ့ အစဉ်အလာ ဖြစ်လာစေချင်နေပြီး ချယ်ဆီးနဲ့ ရင်ဆိုင်မယ့် စူပါကပ်ဖလားကိုလည်း အရေးကြီး ဆုဖလား တစ်လုံ အဖြစ် ရယူလိုနေပါတယ်။

ဒီရာသီ လီဗာပူး ဆုဖလားများ ရယူပြီး အောင်မြင်အောင် လုပ်ပြမှသာ နွေ အပြောင်းအရွှေ့မှာ ကစားသမားများ ခေါ်ယူအားဖြည့်ခြင်း မရှိတာအတွက် မေးခွန်းထုတ်မှုတွေ ရပ်တန့်သွားနိုင်မယ်လို့ လီဗာပူး ကွင်းလယ်ကစားသမား ၀ိုက်နယ်ဒန်က မှတ်ချက်ပြုလိုက်ပါတယ်။

ရိုးမားက ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် လိုဗရန် ဒီနွေမှာ အသင်းက ထွက်ခွာသွားနိုင်လား အမေးကို ကလော့ပ်က မသိကြောင်းသာ ဖြေကြားခဲ့ပြီး လောလောဆယ် ဖျားနေတာကြောင့် ခရိုအေးရှားသားက အသင်းလူစာရင်းမှာ မပါဝင်တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ ကာလရှည် စာချုပ် ချုပ်ဆိုခဲ့တဲ့ တိုက်စစ်မှူး အိုရီဂီက မနှစ်က ရာသီကုန်မှာကတည်းက သူ့ဟာ မာဆေးဆိုဒ်မှာပဲ ဆက်နေပြီး သူ့ရဲ့ အနာဂတ်အတွက် ကြိုးစားသင့်တယ်ဆိုတဲ့ အသိကို ရခဲ့ပါကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးအသင်းက ကာလရှည် စောင့်ကြည့်ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့တဲ့ နော်ဝေကလပ် Tromso အသင်းမှ နော်ဝေဆယ်ကျော်သက် ကြယ်ပွင့်လေး Isak Hansen-Aaroen ကို လက်မှတ်ထိုး ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြု ကြေညာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလာခ့်ဟာ Vodafone Stadium မှာ ပြုလုပ်သွားခဲ့တဲ့ UEFA Super Cup ပွဲကြိုရှင်းလင်းပွဲကို အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ မာနေးနဲ့ ဗန်ဒိုက်တို့နဲ့အတူ တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

လီဗာပူးအသင်းနဲ့ UEFA Super Cup ဖလားလုပွဲ ရင်ဆိုင်ရမယ့် ချယ်ဆီးတိုက်စစ်မှူး ပက်ဒရိုကတော့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဟာ မာကျောပြီး တကယ့်ကို သန်မာကောင်းမွန်တဲ့ နောက်ခံကစားသမား တစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။

တူရကီမြေမှာ လေ့ကျင့်ရေးဆင်းနေရင်း လီဗာပူးကွင်းလယ်ကစားသမား ကီတာဟာ ဒဏ်ရာဆိုးဆိုးဝါးဝါး ရရှိသွားခဲ့ဟန်တူတယ်လို့ သတင်းတွေ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။

အကယ်၍သာ ချယ်ဆီးအသင်းကို အနိုင်ယူနိုင်ခဲ့ပါက လီဗာပူးအသင်းဟာ European Super Cup ကို လေးကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်း ဖြစ်လာမယ်လို့ သိရှိရပါတယ်။

လီဗာပူးတိုက်စစ်မှူး မာနေးကတော့ ဒဏ်ရာပြဿနာတွေကြောင့် ပွဲထွက်လာနိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ပေါ်ထွက်နေတဲ့ ချယ်ဆီးကစားသမား ကန်တေနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိကြောင်းနဲ့ လီဗာပူးအသင်းအတွက်သာ အာရုံစူးစိုက်မှု အပြည့်အ၀ထားနေကြောင်း ပြောကြားသွားခဲ့ပါတယ်။