မန်ယူအသင်းက ရောင်းချလိုနေသလို ဥရောပ ကလပ်တွေကလည်း ခေါ်ယူလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဆန်းချက်ဟာ မန်ယူ ကိုစွန့်ခွာဖို့ ငြင်းပယ်လိမ့်မယ်လို့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။

ပြီးခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် ပေါ့ဘာကို မန်ယူ အသင်းမှာ ဆက်ထိန်းထားလိုနေတဲ့ ဆိုးရှားရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ကြောင်း ဘာဘာတောဗ့်က ထောက်ခံပြောကြားသွားခဲ့ပါတယ်။

မန်ယူ ဂိုးသမား ဒီဂီယာ ပုံမှန်လက်စွမ်းတွေ ပြန်လည်ရရှိနေမှုကြောင့် လူငယ်ဂိုးသမားတွေ ဦးစားပေးပွဲထွက်ခွင့်အတွက် အငှါးထွက် ကစားနေခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

မန်ယူ တိုက်စစ်အတွဲ ရက်ဖိုဒ့်နဲ့ မာရှယ်တို့ဟာ အသင်းအတွက် ယခုရာသီမှာ အဖိုးတန်ရမှတ်တွေ အများကြီး ရယူပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းမှုတွေ ရှိနေကြပါတယ်။

မန်ယူအသင်းဟာ ဒီနွေမှာ စပို့တင်းကွင်းလယ် ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ဖို့ တောက်လျောက် ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် ကစားသမားရဲ့ ဘောလုံး ထိန်းတဲ့ စွမ်းရည်ကို နှစ်သက်မှု မရှိတာကြောင့် စိတ်ဝင်စားမှု အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။

မန်ယူ ဂန္တ၀င်ဂိုးသမား ပီတာရှမိုက်ကယ်က ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်နဲ့ စာချုပ်သစ် သဘောတူ လက်မှတ် ထိုးထားပြီး ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။ ဒါပေမယ့် အသင်းဘက်က တရားဝင်ကြေငြာမှုမျိုး မရှိသေးပါဘူး။

ဂယ်ရီ ပယ်လစ္စတာ ကတော့ မန်ယူ အနာဂတ် အသင်းခေါင်းဆောင်နေရာအတွက် နောက်ခံကစားသမား ဟယ်ရီ မက်ဂွိုင်းယားကို ကြိုတင် ခန့်မှန်းပေးခဲ့ပါတယ်။

ယူနိုက်တက် အမှုဆောင်ချုပ် အက်ဝုဒ်ဝပ်ကို ကာရင်တန် လေ့ကျင့်ခန်းသို့ ကားမောင်း ၀င်သွားတာ တွေ့ခဲ့ကြပြီး ဒေသခံ သတင်းသမားတွေ အဆိုအရ ၄င်းဟာ ကစားသမား အထွက် အပြောင်းအရွှေ့ သုံးခုကို ကိုင်တွယ်ရန် ရောက်လာခြင်းလို့ သိရပါတယ်။ ထို သုံးဦးကတော့ ဆန်းချက်၊ ရိုဂျိုနဲ့ ဒါမီးယန်းတို့ပါ။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ ဂျူဗင်တပ်မှ ယူရို သန်း ၄၀ တန် ခံ့စစ်မှူး Merih Demiral ကို ခေါ်ယူဖို့ ချဉ်းကပ်မှု ပြုလုပ်ခဲ့ကြောင်း ဂျူဗင်တပ် အားကစားဒါရိုကတာ Paratici က အတည်ပြုသွားပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်းအိုလာဟာ အသင်းကို လေးစားမှုမရှိသူလို့ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ဂယ်ရီ ပယ်လစ္စတာ က ဝေဖန်လိုက်ပါပြီ။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးပေမယ့် ဒီနွေမှာ ပြောင်းရွှေ့ဖို့တော့ အလွန်ခက်ခဲသွားပြီ ဖြစ်ကြောင်း ၀န်ခံခဲ့တယ်လို့ စပိန်သတင်းများမှာ ဖော်ပြနေပါတယ်။