ဂါလာတာစာရေးက ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် လီဗာပူးတိုက်စစ်သမား ရှာကွီရီက လက်ရှိကလပ်အသင်းမှာပဲ ပျော်ရွှင်နေပြီး အသင်းပြောင်းဖို့ အစီအစဉ် မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၉ အတွက် ယူအီးအက်ဖ်အေ အကောင်းဆုံး ကစားသမားဆုအတွက် နောက်ဆုံး ဆန်ကာတင် သုံးဦး မှာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ အတူ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်လည်း ပါဝင်နေပါတယ်။ ဆုရရှိသူကိုတော့ ချန်ပီယံလိဂ် မဲခွဲပွဲ ကျင်းပမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ ကြေငြာသွားမှာပါ။

ဆောက်သမ်တန်နည်းပြ ဟက်ဆန်ဟော့က ဒီတပတ် ၄င်းတို့နဲ့ ဆုံမယ့် လီဗာပူးအသင်းဟာ စူပါကပ်ပွဲ ကစားထားလို့ ပင်ပန်းနွမ်းနယ်နေမှာ မဟုတ်ဘဲ ဖလားဗိုလ်စွဲထားတာကြောင့် ပျော်ရွှင်ပြီး ပိုတောင် ကစားနိုင်ဦးမယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

လီဗာပူး တိုက်စစ်မှူးဟောင်း ဒန်နီရယ် စတားရစ်ဟာ Trabzonspor အသင်းထံ ပြောင်းရွှေ့ဖို့အတွက် တူရကီသို့ ထွက်ခွာသွားပြီ ဖြစ်ကာ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်မယ်လို့ သိရပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး လိုဗရန်ကို အေစီမီလန်နဲ့ ရိုးမားတို့က ခေါ်ယူလိုနေကြပြီး ရိုးမားဘက်က အပြီးသတ် ၀ယ်ယူခွင့် အပါနဲ့ တစ်ရာသီ အငှား ခေါ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်နဲ့ အားကစားဒါရိုက်တာ မိုက်ကယ်အဒ်ဝတ်တို့ဟာ လူသစ်ခေါ်ယူမှုမှာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို ပထမဦးစားပေးအဖြစ် သက်မှတ်ထားပြီး ဒီနွေမှာ ခေါ်ယူခဲ့တဲ့ အတ်ဒရီယန်ကလည်း အဆိုပါ သက်မှတ်ချက်ထဲ ပါဝင်ခဲ့သူလို့ သိရပါတယ်။

လီဗာပူးခံစစ်မှား ဂိုးမက်စ်က ” ဒီရာသီမှာ ကလပ်အသင်းဟာ အကောင်းဆုံးခြေစွမ်းတွေ မပြရသေးပါဘူး ” လို့ ဆိုပြီ မာတစ်ကတော့ ” စိန့်နဲ့ပွဲမှာ ပြိုင်ဘက်က အခွင့်အရေးပေးမှာ မဟုတ်လို့ အစွမ်းကုန် ကြိုးစား အာရုံစိုက်ဖို့လိုမယ် ” လို့ အသင်းဖော်တွေကို သတိပေးပါတယ်။