လက်ရှိမှာ ထွန်းတောက်လာဖို့ အလားအလာကောင်းေးတွ ရှိနေပြီ ဖြစ်ပေမယ့် ယူနိုက်တက် ကွင်းလယ်ကစားသမား ပါရဲယားကို ပုံမှန်ပွဲထွက်ခွင့်တွေ ပေးဖို့လိုအပ်ကြောင်း ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးရှားက ယခုရာသီမှာ သူ့ရဲ့တိုက်စစ်မှူး ရက်ဖိုဒ့်ဟာ ပြိုင်ပွဲစုံ ဂိုးပေါင်း (၂၀) ခန့် သွင်းယူပေးဖို့ မျှော်လင့်နေတာပါ။

ယူနိုက်တက်ရဲ့ ခံစစ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဗစ်တာလင်ဒီလောဖ့်ဟာ အသင်းနဲ့ သုံးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ သတင်းတွေ ပေါ်ထွက်လာပါတယ်။

ဆန်းချက်ဇ်ဟာ စက်တင်ဘာလထဲမှာ ကစားရမယ့် ချီလီလက်ရွေးစင်အသင်းရဲ့ ပွဲစဉ်ကိုလည်း ထပ်မံလွဲချော်ဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ ကစားသမားကတော့ စက်တင်ဘာလ ၂ ရက်နေ့ မတိုင်ခင် ယူနိုက်တက်ကနေ ထွက်ခွာခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ဆန်းချက်ဇ်လိုပဲ အာဆင်နယ်ကနေ ယူနိုက်တက်ကို ပြောင်းရွေ့ကစားခဲ့တဲ့ တိုက်စစ်မှူး ဗန်ပါစီကတော့ ဆန်းချက်ဇ်ဟာ ယခုချိန်ထိ ခြေစွမ်းကောင်းတွေနဲ့ ကစားသမားတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး အသင်းမှာ ပျော်ရွင်မှုတစ်ခု ရှာဖွေဖို့ လိုအပ်နေတာလို့ ဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူဟောင်း ဟာရဲရားရဲ့ မွေးနေ့အတွက် ကစားသမားဟောင်းတွေကော လက်ရှိကစားသမားတွေကပါ ဆုတောင်းပေးမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။

St Johnstone အသင်းဟာ ယူနိုက်တက်အကယ်ဒမီအသင်းနဲ့ သြဂုတ်လ (၂၀) ရက်နေ့ McDiarmid Park ကွင်းမှာ ခြေစမ်းပွဲကစားမယ်လို့ အတည်ပြု ကြော်ငြာသွားခဲ့ပါတယ်။

Steve McClaren ကတော့ မက်ဂွိုင်းယားကို မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့မှုဟာ တကယ့်ကို ကြီးကြီးမားမား အလုပ်ဖြစ်သွားခဲ့ပြီလို့ ချီးကျူးပြောကြားလိုက်ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးရှားနဲ့ တောင်ပံတိုက်စစ်မှူးသစ် ဒန်နီရယ်ဂျိမ်းတို့ဟာ သူတို့ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး (၇) မိနစ်မှာတင် အဖွင့်ဂိုးတွေ သွင်းယူခဲ့ကြသူတွေအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။