လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး UEFA Super Cup ဖလားကို သိမ်းပိုက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သုံးလအတွင်း ဥရောပရဲ့ ဆုဖလား (၂) ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လီဗာပူးပရိတ်သတ်တွေကတော့ တကယ့်ကို ဂုဏ်ယူဝံ့ကြွားနေကြပါပြီ။

ဂယ်ရီနဗီးလ်ကတော့ ယူနိုက်တက်ဟာ လီဗာပူးအသင်းထပ် ပရီးမီးယားလိဂ်ဖယား ရယူနိုင်မယ်လို့ အခိုင်အမာ ပြောကြားလိုက်ပြီး ဆာလက်ဟာလည်း တစ်နှစ်အတွင်း ထွက်ခွာသွားမယ်လို့ ဟောကိန်းထုတ်လိုက်ပါပြီ။

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုဟာ စူပါဖလားပွဲ ပွဲပြီးခါနီးမှာ ကြွက်သားပြဿနာ ပေါ်ခဲ့ပေမယ့် အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ ဒီအပတ် ရင်ဆိုင်ရမယ့် စိန့်နဲ့ပွဲမှာ ပါဝင်မလားကတော့ မသေချာသေးပါဘူး။

လီဗာပူးအသင်းဟာ နောက်ခံလူ လိုဗရန်အတွက် ရိုးမားအသင်းက ဘောနပ်တွေ အပါအဝင် ယူရိုသန်း (၂၀) နဲ့ ကမ်းလှမ်းမှုကို သဘောတူညီခဲ့တယ်လို့ သတင်းတွေ ပေါ်ထွက်လာပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ယူအီးအက်ဖ်အေ စူပါဖလားမှာ ချယ်ဆီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့တာကို ကလပ်အသင်းဘက်က ပျော်ရွှင်နေရပေမယ့် ဒီခက်ခဲတဲ့ပွဲရလဒ်ကို ကျိတ်ပျော်နေမယ့် ကလပ်အသင်းက ဆောက်သမ်တန်ဖြစ်တယ်လို့ သတိပေးစကား ပြောဆိုပါတယ်။

ချယ်ဆီးအသင်းကို အနိုင်ယူပြီး UEFA Super Cup ရယူသွားနိုင်ခဲ့တဲ့ လီဗာပူးအတွက် ဆုကြေးကတော့ ပေါင် (၄.၂) သန်း ပမာဏ ဖြစ်ပါတယ်။

ပဲလေစ့်အသင်းရဲ့ Chairman ဟောင်း Simon Jordan က သူဘယ် ပရီးမီးယားလိဂ်အသင်းကိုပဲ တာဝန်ယူယူ လီဗာပူးကစားသမားဟောင်း စတားရစ်ကိုတော့ ကမ်းလမ်းမှု ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

လီဗာပူး ခံစစ်မှူး ဗန်ဒိုက်နဲ့ ရီးရဲခံစစ်မှူး ရာမိုစ့်တို့ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး (၂) ဦးဖြစ်ကြောင်း ပက်ဒရိုက ချီးကျူးလိုက်ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ချယ်ဆီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ချိန်ဘာလိန်ကို ပါဝင်ခွင့်ပေးခဲ့တာက သူ့ရဲ့ အမှားဖြစ်ပြီး ပွဲကစားချိန် လိုအပ်နေလို့ ခြေစွမ်းပြနိုင်ခြင်းမရှိသေးတဲ့ ကစားသမား မဟုတ်ဘူးလို့ ဝန်ခံစကား ပြောဆိုပါတယ်။

လီဗာပူးဟာ နွေအပြောင်းအရွှေ့ အယ်လီဆန်ရဲ့ အရန်အဖြစ် စပိန်ဂိုးသမား အတ်ဒရီယန်ကို ခေါ်ယူခဲ့ပြီး သူဟာ ကလပ်အသင်းကို ရောက်လာခဲ့ပြီး ၉ ရက်အကြာမှာပဲ ဥရောပဆုဖလားတစ်လုံးကို အနိုင်ရစေဖို့ ဟီးရိုးတစ်ဦးဖြစ်လာခဲ့ကာ ဒီအပြောင်းအရွှေ့ကို ဂုဏ်ယူတယ်လို့ ဆိုပါတယ်။