လီဗာပူးနဲ့ ချယ်ဆီးတို့ဟာ တူရကီမြေမှာ ယူအီးအက်ဖ်အေ စူပါဖလားကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး မိနစ် ၉၀ အတွင်း ၁-၁၊ အချိန်ပိုတွင်း ၂-၂ ရလဒ်တွေ ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ယှဉ်ပြိုင်ရာမှာ ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ လီဗာပူးက ၅-၄ ရလဒ်နဲ့ အနိုင်ရပြီါ် ဗိုလ်စွဲသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူး ဂိုးသမား အက်ဒရီယန်ကတော့ အစ္စတန်ဘူလ်မှာ ဟီးရိုးဖြစ်သွားခဲ့ပြီး လီဗာပူးနဲ့ လက်တွဲပြီး ၉ ရက် အကြာမှာတင် ဖလား ကိုင်မြှောက်ခွင့် ရသွားခဲ့ပါတယ်။

လီဗာပူးဟာ UEFA Super Cup ၅ကြိမ် ဗိုလ်စွဲထားတဲ့ ဘာစီလိုနာနဲ့ အေစီမီလန်ကို အမှီလိုက်လာခဲ့ပြီ ဖြစ်ကာ ဒီတစ်ကြိမ်က ၄ ကြိမ်မြောက် UEFA Super Cup ဗိုလ်စွဲခြင်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် စူပါဖလားချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးဟာ ၂၁ ရာစုမှာ စူပါဖလားကို အနိုင်ရထားတဲ့ တစ်သင်းတည်သော အင်္ဂလန်အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် လီဗာပူး တိုက်စစ်မှူးဟောင်း ဒန်နီရယ် စတားရစ်ဟာ ၄င်းကို ၂ နှစ်စာချုပ်၊ ထပ်တိုး တစ်နှစ် သက်တမ်းတိုးခွင့်နဲ့ ကမ်းလှမ်းထားတဲ့ တူရကီကလပ် Trabzonspor ထံ ရောက်ရှိသွားဖို့ နီးစပ်နေပါတယ်။

လီဗာပူးကစားသမားဟောင်း ကာရေဂါက အစ္စတန်ဘူလ်မှာ ဟီးရိုး ဖြစ်သွားတဲ့ အက်ဒရီယန်က အိမ်ရှာစရာ မလိုဘဲ အကုန် ဖရီးသာယူတော့ တန်တယ်လို့ ဟာသလုပ် ပြောဆိုသွားပါတယ်။ လီဗာပူးနဲ့ လက်တွဲတာ သိပ်မကြာသေးတဲ့ အက်ဒရီယန်ဟာ လီဗာပူး မြို့မှာနေဖို့ အိမ်ရှာနေဆဲ ဖြစ်ပါတယ်။

စူပါကပ် ဖလားလုပွဲက လက်ဝှေ့ပွဲလိုပဲလို့ ယာဂင်ကလော့ပ်က တင်စား ပြောဆိုသွားပါတယ်။ ပွဲချိန်အတွင်းမှာ ရှောင်တယ် တိမ်းတယ် တယောက် အကွက် တယောက်ချောင်းပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ ၄င်းက ဆိုပါတယ်။

လီဗာပူးအသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးမှ ရှုံးနိမ့်သွားတဲ့ ချယ်ဆီးအသင်းနည်းပြ လမ်းပတ်က ၄င်းကစားသမားတွေ အတွက် ဂုဏ်ယူမှုသာ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။