မန်ချက်စတာ ယူနိုက်တက် ဂန္တ၀င် ဂယ်ရီနဗီးလ်က ၄င်းကလပ်အသင်းဟောင်းဟာ ပြိုင်ဘက် လီဗာပူးထက်တောင် အရင် ပရီးမီးယားလိဂ်ဖလား ထပ်မံ ရယူနိုင်တယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

မန်ယူ နည်းပြ ဆိုးရှားက အသင်း တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ဒီရာသီမှာ ပိုကောင်းလာနိုင်ပြီး အများမျှော်လင့်သလို ဂိုးများလည်း သွင်းယူပြနိုင် လိမ့်မယ် လို့ ထောက်ခံသွားပါတယ်။ လူကာကူ ထွက်ခွာသွားပြီးနောက် ရက်ဖို့ဒ်ကို ပရိသတ်များက ဒီရာသီ ဂိုး ၂၀ လောက်ထိ သွင်းနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

နယူးကာဆယ်ဟာ မန်ယူ ကကာလရှည် စိတ်ဝင်စားနေခဲ့တဲ့ ကွင်းလယ်လူ လောင်းစတပ်ကို သက်တမ်းတိုးစာချုပ် ပေးသွားတော့မှာ ဖြစ်ပါတယ်။ လောင်းစတပ်ရဲ့ ညီဖြစ်သူကိုပါ စာချုပ်သက်တမ်း ထပ်ပေးသွားမယ်လို့ သိရပါတယ်။

မန်ယူ တိုက်စစ်မှူး ရက်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီ အခြေအနေဆိုးတွေ ပိုင်ဆိုင်ခဲ့ရတာက အသင်းကို ပိုမို သန်မာလာစေပြီး အားပြည့်အင်ပြည့် အမြဲ အသင့် ရှိနေစေတယ်လို့ ဖွင့်ဟသွားပါတယ်။

မေဂျာလိဂ် ကလပ် ဒီစီယူနိုက်တက်ဟာ ဇန်နဝါရီမှာ မန်ယူ တိုက်စစ်မှူးဟောင်း ရွန်းနီကို လက်လွတ်ရမှာဖြစ်လို့ လီဗာပူး တိုက်စစ်မှူးဟောင်း စတားရစ်နဲ့ အစားထိုးဖို့ ရည်ရွယ်နေပါတယ်။

ဒီနွေမှာ မန်ယူက ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အစီအစဉ်ကို ဆိုးရှားက ဆန့်ကျင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ကစားသမားဟာ ဘောလုံး ပိုင်ဆိုင်မှု ယူတဲ့အချိန်မှာ အန္တရာယ်များလွန်းတယ်လို့ မန်ယူကင်းထောက်များကလည်း ယူဆခဲ့ကြတယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ခံစစ်မှူး လင်ဒီလော့ဖ်ကို လစာ နှစ်ဆ ရှိသွားမယ့် ပေါင် ၄၆.၈ သန်း တန် စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။ လင်ဒီလော့ဖ်ရဲ့ လက်ရှိလစာက တစ်ပတ် ပေါင် ၇သောင်းခွဲ ဖြစ်ပါတယ်။

မန်ယူဂန္တ၀င် ဂိုးသမား ပီတာ ရှမိုက်ကယ်က အသင်း ခံစစ်သမားသစ် မက်ဂွဲရားက မန်ယူအသင်းအတွက် ထွက်ပေါ်လာတဲ့ ကစားသမားလို့ ဆိုရလောက်အောင် အသင်းနဲ့ လိုက်ဖက်ညီတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ဥရောပ စူပါကပ်ဖလားမှာ အကြိတ်အနယ် ကစားသွားတဲ့ ချယ်ဆီး ခြေစွမ်းက မန်ယူနဲ့ ယှဉ်ပြိုင်သွားစဉ်ကထက် ပိုမို ကောင်းမွန်နေတယ်လို့ မှတ်ချက်ပေးနေကြပါတယ်။ ချယ်ဆီးက လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁ မန်ယူနဲ့ ဆုံစဉ်က ၄-၀ နဲ့ ရှုံးခဲ့တာပါ။