အာဆင်နယ်ရဲ့ ဂါဘွန်သား တိုက်စစ်သမား အူဘာမီးယန်းဟာ တဖြည်းဖြည်းနဲ့ တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ ဂိုးသွင်း မှတ်တမ်းများကို အမှီလိုက်ကာ စိန်ခေါ်နိုင်သူ ဖြစ်လာလိမ့်မယ်လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက်က သုံးသပ်ပြောဆိုသွားပါတယ်။

အာဆင်နယ်ကစားသမားဟောင်း အီဝိုဘီက လန်ဒန်အသင်းကနေ မာဆေးဆိုဒ်ကလပ် အဲဗာတန်အသင်းကို ပြောင်းလာခဲ့တာက လူငယ် ကစားသမားဆိုတဲ့ အမြင်ကနေ ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ကစားသမားကောင်း တစ်ဦးအဖြစ် ကိုယ်ဘာသာကို နာမည် တည်ဆောက် လိုခြင်းကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

အာဆင်နယ်ရဲ့ အသက် ၁၉ နှစ်သား တိုက်စစ်သမား ရေးစ် နယ်လ်ဆန်က ဒီနှစ်မှာ အသင်းကြီးနဲ့ အတူ ကစားခွင့် ရဖို့ ကြိုးစားရန် စိတ်ပိုင်းဖြတ် ထားပါတယ်။ ၄င်းဟာ နယူးကာဆယ်နဲ့ ပွဲမှာ ၀ီးလော့နဲ့ အတူ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။

ဒီစီယူနိုက်တက်က ချိတ်ဆက်ဆွေးနွေးမှုများ ရှိပေမယ့် အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးလ်က ပြောင်းရွှေ့သွားဖို့ စိတ်ပါ ၀င်စားခြင်း မရှိဘူးလို့ သိရပါတယ်။

စိန့်အန်တီယန်အသင်းထံ အငှားချထားတဲ့ ခံစစ်မှူး ဝီလီယံ ဆာလီဘားဟာ ဒီရာသီပြင်သစ်လိဂ်မှာ ပွဲကစားခွင့်အခွင့်အရေး ပိုမိုရရှိမှာဖြစ်ပြီး လာမယ့် ရာသီ အာဆင်နယ်အသင်းထံ လာချိန်မှာ အကျိုးသက်ရောက်မှု ကြီးကြီးမားမား ရှိမယ်လို့ အမ်မရီက ပြောကြားလိုက်ပါတယ်။

အာဆင်နယ် ညာစွန်ခံစစ်မှူး ဘယ်လာရင်ဟာ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာချိန်မှာ ပွဲထွက်ခွင့် အလွယ်တကူမရရှိနိုင်ပဲ လူငယ် ကြယ်ပွင့် နိုင်းစ်နဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

လိဒ်စ် ယူနိုက်တက်အသင်းမှာ အငှား သွားရောက်ကစားနေတဲ့ လူငယ်တိုက်စစ်မှူး အန်ကတ်တီယာဟာ စတင် ပွဲထွက်ခွင့် ရရှိတဲ့ ပွဲစဉ်မှာတင် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ လက်လွှတ်ထားရတဲ့ အိုဇေးလ်နဲ့ ကိုလာစီနက်တို့ အသင်းနဲ့ ပြန်ပူးပေါင်းနိုင်မယ့်အချိန်ကို အတိအကျ မသိရသေးပဲ ရှိနေပါတယ်။