ချယ်ဆီးအသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အားလုံးက ချီးကျူးပြောကြားမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် မိနစ် (၆၀) လောက်အထိ ခြေစွမ်း ပျောက်ဆုံးနေခဲ့တဲ့ ပေါ့ဘာကို ပေါလ်မာဆန်ကတော့ ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဆန်းချက် ကို စိတ်ဝင်စားနေတဲ့ ရိုးမားအသင်းနဲ့ သဘောတူညီမှုရဖို့ လုပ်ဆောင်နေပြီး အကယ်လို့ အဆင်မပြေခဲ့ရင် တိုက်စစ်သမားကို စီနီယာအသင်းမှာ ဆက်ထားမှာ မဟုတ်ပဲ အရန်အသင်းကို ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ စတင် ထားပါတယ်။

လီဗာပူး ကစားသမားဟောင်း ဂျင်မီကာရေဂါက မန်ချက်စတာ ယူနိုက်တက်ဟာ မကြာခင် အနာဂတ်မှာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်တယ် လို့ ယုံကြည်ကြောင်း ပြောလာပါတယ်။

ပေါ့စခိုးကတော့ သူ့အသင်းဟောင်း ယူနိုက်တက်ရဲ့ ကြံ့ခိုင်မှု ကောင်းမွန်မှုဟာ ချယ်ဆီးအသင်းကို အနိုင်ယူနိုင်ခဲ့တဲ့ အဓိက သော့ချက် ဖြစ်ကြောင်း ချီးမွမ်းပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက် နည်းပြဟောင်း ဒေးဗစ်မိုရက်စ်ကလည်း ပေါ့ဘာကို အသင်းမှာပဲ ဆက် ထိန်းထားသင့်တယ်လို့ တိုက်တွန်းပြောကြားမှု ပြုလုပ် သွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ်ကစားသမား ဒန်နီယံဂျိမ်းကို ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်က ” The Flash ” လို့ နာမည်ပြောင်ပေး ခေါ်ယူသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ထပ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် သြဂုတ် (၁၉) ရက်နေ့မှာ Wolves အသင်းနဲ့ အဝေးကွင်း၊ သြဂုတ် (၂၄) ရက် နေ့မှာ ပဲလေစ့်အသင်းနဲ့ အိမ်ကွင်း၊ သြဂုတ်လ (၃၁) ရက်နေ့မှာ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဆိုးရွားတဲ့ အဆုံးသတ်မှုတွေ ရှိခဲ့ပေမယ့် ယခုရာသီအတွက် အချိန်တိုလေးအတွင်းမှာ အသင်းကို ပြောင်းလဲမှုတွေ အောင်အောင်မြင်မြင် ပြုလုပ်လာနိုင်တဲ့ ဆိုးရှားအပေါ် ချီးမွမ်းပြောကြားမှုတွေ သောသောညံနေပြီ ဖြစ်ပါတယ်။