Sky Sports ရုပ်သံရဲ့ ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးက တိုက်စစ်မှူးဆာလက်ဟာ ၁၂ လအတွင်း လီဗာပူးအသင်းကနေ ထွက်ခွာသွားမယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရိုးမား အသင်းကနေ လီဗာပူးကို ပေါင် ၃၆ သန်းနဲ့ ပြောင်းရွေ့လာခဲ့တဲ့ ဆာလက်ဟာ လီဗာပူးအသင်းမှာ နှစ်ရာသီကြာကစားခဲ့ပြီး နှစ်ရာသီလုံးမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို အနိုင်ရခဲ့ပါတယ်။ လီဗာပူးက ဒီရာသီမှာ ကစားသမား ခေါ်ယူမှုကြီးတွေ မရှိခဲ့သလို အဓိက ကစားသမားတွေကိုလည်း ရောင်းထုတ်ခဲ့ခြင်း မရှိပါဘူး။

နဗီးက ‘ ဆာလက်ဟာ နောက် (၁၂) လအကြာမှာ လီဗာပူးကနေ ထွက်သွားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဒီကိစ္စကို ထုတ်မပြောပေမယ့် ဂျေမီကာရေဂါလည်း သိနေမယ်လို့ ကျနော်ထင်တယ်။ ဆာလက် အနေနဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ တစ်ခုခု ခံစားနေရတဲ့ အငွေ့အသက်ရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လဲတော့ ကစားသမားကိုယ်တိုင် ထုတ်ပြောမှပဲ သိရမှာပဲလေ ’ လို့ ဆိုသွားခဲ့တာပါ။

နဗီးရဲ့ ပြောဆိုမှုက အခြေအမြစ် မရှိပေမယ့်လို့ အင်္ဂလန်မီဒီယာတွေမှာ လွှမ်းမိုးမှုကြီးတဲ့ သူ့ရဲ့ ပြောဆိုမှုဟာ ဂယက်ရိုက်မှုတွေ ရှိခဲ့နိုင်ပါတယ်။ နဗီးဟာ ဆွေးနွေးငြင်းခုံခြင်း အစီအစဉ်တွေမှာ အခုတလာ လီဗာပူးကို နှိမ့်ချပြောမှုတွေ လုပ်နေခဲ့ပြီး ယူနိုက်တက်ကိုတော့ ဂုဏ်တင် ပြောဆိုမှုတွေ လုပ်နေခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စူပါဖလားပွဲစဉ်မှာ ချဲလ်ဆီး အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အင်္ဂလန် အအောင်မြင်ဆုံး ကလ်အသင်းအဖြစ် ယူနိုက်တက်ကို လောလောလတ်လတ် ကျော်ဖြတ်ထားပါတယ်။