ပရီးမီးယားလိဂ်ပွဲစဉ် (၂) ရဲ့ ၀ုဗ် Vs မန်ချက်စတာယူနိုက်တက် တို့ ပွဲစဉ်ကတော့ သြဂုတ်လ ၂၀ ရက်နေ့ အင်္ဂါနေ့ မနက် ၁း၃၀ နာရီ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

မန်ယူ တိုက်စစ်သမား ဆန်းချက်ဟာ အင်တာမီလန်အသင်းထံ အငှား ထွက် ကစားဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အီတလီဘက်က သတင်းများအရ အငှားအတွက် ယူရို ၁၅ သန်းနဲ့ သဘောတူခဲ့တာ ဖြစ်ပြီး အပြီး သတ် ၀ယ်ယူခွင့်လည်း ပါရှိကာ အင်္ဂါနေ့မှာ ဆေးစစ်မယ်လို့ ဆိုပါတယ်။

မန်ယူ ဆန်းချက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့စဉ်က မြို့ခံပြိုင်ဘက် စီးတီးဟာလဲ ဆန်းချက်ကို စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး အီသီဟဒ် ထံ မခေါ်နိုင်ခဲ့ ပေမယ့်လဲ သူသာ စီးတီးကို ရောက်ရင် ပိုကောင်းမှာပါ လို့ သတင်းထောက် ဂျွန်ခရော့စ်က ဆိုပါတယ်။

ဝုဗ်အသင်း တိုက်စစ်မှူး ဂျိုတာက တနင်္လာနေ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲကြို ပြောဆိုမှုမှာ မန်ယူအသင်းဟာ မန်စီးတီး၊ လီဗာပူးတို့ တောက်ပ လာခြင်းကြောင့် အားပေးသူတွေ ဆုံးရှူံးလာရတဲ့ အသင်းလို့ ပြိုင်ဘက်အသင်းကို ထိကပါး ရိကပါး စကားမျိုး ပြောဆိုလာပါတယ်။

ဝုဗ်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ဆိုးရှားကို သတင်းသမားတွေက ” ရပ်ဖိုဒ့်နဲ့ မာရှယ်အနက် ဘယ်သူက အဆုံးသတ်ပိုင်းမှာ ပိုကောင်းမွန်သလဲ? ” လို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဆိုးရှားက ” သူတို့ နှစ်ဦးလုံး ကြိုးစားဖို့ လိုနေဆဲပါ။ ဒါပေမယ့်လို့ အဆုံးသတ်ကောင်းမှုမှာ ပါရမီပါသူကတော့ မေဆန်ဂရင်းဝုဒ်ဖြစ်ပါတယ် ” လို့ အံ့အားသင့်ဖွယ် ဖြေဆိုပေးခဲ့ပါတယ်။

မန်ယူ အစွန် ခံစစ်မှူးသစ် ဝမ်ဘစ်ဆာကာက မန်ချက်စတာ ယူနိုက်တက်မှာ အသားကျဖို့ တူရန်ဇီဘီက ကူညီပေးခဲ့တဲ့ အကြောင်း သူ့ရဲ့ ကလပ်အသစ် ပထမဆုံး ရက်သတ္တပတ်တွေနဲ့ ပတ်သက်လို့ လတ်တလောအင်တာဗျူးမှာ ပြန်ပြောပြခဲ့ပါတယ်။

ဝမ်ဘစ်ဆာကာက မန်ယူအသင်းနဲ့ အတူ အောင်မြင်စွာ ပွဲထွက် ကစားနိုင်ခဲ့တာ အတွက် ပျော်ရွှင်ပေမယ့် စိတ်လှုပ်ရှား ပူပန်နေတာမျိုး မဖြစ်ခဲ့ကြောင်း၊ အဲဒါမျိုးက သူ့ပုံစံ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူနိုက်တက်နည်းပြ ဆိုးရှားကတော့ ၄င်းရဲ့ ကစားသမား ပေါ့ဘာဘက်မှ ထပ်မံ ရပ်တည်လိုက်ကာ ပြင်သစ်သားဟာ ဒီနွေမှာ အသင်းမှ ထွက်ခွာမှာ မဟုတ်ကြောင်း အတည်ပြုသွားပါတယ်။