လီဗာပူးအသင်းရဲ့ အသက်သွေးကြောလို ဖြစ်လာနေတဲ့ တိုက်စစ်မှူး ဖာမီနိုဟာ ဒီရာသီမှာ ပိုပြီး ကောင်းလာစရာတွေ ရှိလာနေကြောင်း လီဗာပူး အခြေစိုက် ပရိသတ်များက သုံးသပ်မှုတွေ ရှိနေပါတယ်။

လီဗာပူးတိုက်စစ်သမား ဆာလက်က ၄င်းဟာ ကလပ်အသင်းနဲ့ အတူ အင်္ဂလန်မှာ ပျော်ရွှင်နေပြီး အသင်းအတွက် အောင်မြင်မှု အသီးအပွင့်တွေ ပိုမိုယူဆောင်ပေးနိုင်ဖို့ စိတ်အားထက်သန်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လက်စတာမှ ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်သမား ဂျိမ်းစ် မက်ဒီဆန်လို ကစားသမားမျိုးကို ခေါ်ယူသင့်ကြောင်း ဂျင်မီကာရေဂါက တိုက်တွန်းသွားပါတယ်။

စတီဗင်ဂျရတ်ရဲ့ ညီဝမ်းကွဲ ဖြစ်သူ လီဗာပူး U23 အသင်းမှ တိုက်စစ်မှူး ဘော်ဘီဒန်ကန်ကို ဒိန်းမတ်ကလပ် Nordsjaelland က အငှားနဲ့ ခေါ်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် လီဗာပူးက ပယ်ချသွားပါတယ်။

ဆဲလ်တစ်အသင်းဟာ ဘုန်းမောက် တိုက်စစ်သမား၊ လီဗာပူးကစားသမားဟောင်း ဂျော်ဒန်အိုက်ဘ်ကို ဥရောပ အပြောင်းအရွှေ့ မပိတ်ခင် အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။

လီဗာပူး အတွက် ဆုဖလားတွေ ယူဆောင်ဖို့ဟာ စိန်ခေါ်မှုတွေ ပိုမို ပြင်းထန်လာပြီး ခက်ခဲသည်ထက် ခက်ခဲလာဖွယ် ရှိကြောင်း ချိန်ဘာလိန်က ၀န်ခံ ပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီး ပွဲထွက်ခွင့်တွေ ရနေပါပြီ။

လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ဖူးတဲ့ ဂန္တ၀င်နည်းပြကြီး ရာဖေလ်းဘင်နီတက်ကတော့ ခေတ်သစ် လီဗာပူးသမိုင်းကြောင်းမှာ အကောင်းဆုံး ကစားသမားအတွဲအဖြစ် ဇာဗီအလွန်ဆိုနဲ့ လူးဝစ်ဂါစီယာတို့ကို ညွှန်းဆိုလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလက်က သူဟာ VAR စနစ်ကို ထောက်ခံအားပေးသူတစ်ဦး မဟုတ်ဘူးလို့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကို ဒိုင်လူကြီး Anthony Taylor က ကိုင်တွယ်မယ်လို့ သိရှိရပါတယ်။ အကူဒိုင်တွေအဖြစ် Gary Beswick နဲ့ Adam Nunn တို့က ကိုင်တွယ်သွားမှာပါ။

လီဗာပူး ကစားသမား ၀င်နယ်ဒယ်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်က ရယူနိုင်ခဲ့တဲ့ အောင်မြင်မှုအတွက် ပျော်ရွင်နေပြီး လာမယ့်စနေနေ့မှာ ရင်ဆိုင်ရမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်ကိုလည်း အနိုင်ယူနိုင်ဖို့ ပစ်မှတ်ထားနေကြောင်း ကြွေးကြော်လိုက်ပါတယ်။

လီဗာပူးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒန်နီစတားရစ်ဟာ ယခုအချိန်မှာ Trabzonspor အသင်းနဲ့ အပြောင်းအရွေ့ အပြီးသတ်ဖို့ တူရကီကို ရောက်ရှိနေပြီ ဆွေးနွေးမှု အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။