မန်ယူ ခံစစ်မှူး မာကိုရိုဂျိုဟာ ဖီနာဘာချီအသင်းထံ အငှားနဲ့ သွားရောက်ကစားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ ကောလဟာလတွေ ပေါ်ထွက် လာနေပြီ ဖြစ်ပါတယ်။

အမေရိကန်ကြယ်ပွင့် ခရစ္စတီယန် ပူလီဆစ်ဟာ သူ့ဖခင်က ဟိုဆေးမော်ရင်ညိုကို မနှစ်သက်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ထံ အပြောင်း အရွှေ့ ကို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မော်ရင်ညိုရဲ့ လူငယ်တွေကိုနေရာပေးတဲ့ မှတ်တမ်းမှာ အားနည်းမှုကြောင့် ပူလီဆစ် ဖခင်ဖြစ်သူက အသက်၂၀အရွယ် သူ့သားကို မန်ယူ အသင်း ထံ မသွားဖို့ တားဆီးခဲ့ပြီး အဲ့ဒီ့အစား ဝေါ်ကာရဲ့ အားပေးမှုနဲ့ ဇန်နဝါရီမှာ ခြင်္သေ့ပြာတွေအတွက် စာချုပ်ချုပ်စေခဲ့တာပါ။

ဆန်းချက်ဇ်ကို ခေါ်ယူမယ်လို့ သတင်းတွေထွက်နေတဲ့ အင်တာမီလန်အသင်းရဲ့ ကစားသမား အိုင်ကာဒီဟာ စီးရီးအေကလပ်ကနေ ထွက်ခွာဖွယ် မရှိဘဲ အင်တာမီလန် အသင်းရဲ့ ကျောနံပါတ် (၇) ကို တောင်းဆိုမှုတွေ ပြုလာနေပြီလို့ သတင်းတွေ ပေါ်ထွက်လာနေပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းခွင့်အတွက် ကစားသမားတွေကြား အနည်းငယ် အငြင်းပွားမှုတွေ ရှိခဲ့တဲ့အတွက် နည်းပြဆိုးရှားရဲ့ ကိုင်တွယ်မှုတွေ အားနည်းကြောင်း BBC အားကစားကလောင်ရှင် Kevin Kilbane က ဝေဖန်သွားခဲ့ပါတယ်။

ခရစ်စတယ်ပဲလေစ့် အသင်းနဲ့ ပွဲစဉ်မှာ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ပွဲထွက်ပါဝင်ခွင့်ပေးဖို့ မန်ယူ ပရိတ်သတ်တွေက မျှော်လင့်နေကြတယ် လို့ သိရှိရပါတယ်။ ဒါ့အပြင် အိန်ဂျယ် ဂိုးမက်စ် ကို ထည့်သွင်း သုံးပေးဖို့ မန်ချက်စတာ အခြေစိုက် သတင်းဌာနတွေက ထောက်ပြမှုတွေလည်း ရှိထားပါတယ်။

(၂၀၁၅) ခုနှစ်မှာ တိုရီနိုအသင်းကနေ ခေါ်ယူခဲ့စဉ်က ဒါမီးယန်းဟာ တောက်ပလာမယ့် ကစားသမား တစ်ဦးအဖြစ် မျှော်လင့်ခြင်း ခံခဲ့ရပေမယ့် ယခုအခါမှာက အသင်းက ပြန်လည်ရောင်းချဖို့ စီစဉ်နေရတဲ့ ကစားသမားစာရင်းမှာ ပါဝင်လာနေပါပြီ။

မန်ယူအသင်းနဲ့ အင်တာမီလန်တို့အကြား ဆန်းချက်ဇ်ရဲ့ မြင့်မားလွန်းတဲ့ လစာကိစ္စဟာ ပြဿနာတစ်ခု ဖြစ်နေတယ်လို့ အီတလီ သတင်းတွေက ဖော်ပြနေကြပါတယ်။