မန်ချက်စတာယူနိုက်တက် နည်းပြဆိုးရှားဟာ ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ လူငယ် တိုက်စစ်ကြယ်ပွင့် ဒန်နီရယ် ဂျိမ်းစ်ရဲ့ဘက်ကနေ ကာကွယ်ပြောကြားခဲ့ပါတယ်။

ဝေးလ်လက်ရွေးစင် ကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ဟာ ဆွမ်ဆီးစီးတီးကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ မန်ယူအသင်းအတွက် ပွဲထွက် ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ ညာတောင်ပံကနေ ပွဲထွက်ကစားခဲ့ပြီး တိုက်စစ်ကို သက်ရောက်မှုရှိအောင် ကူညီဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပွဲပြီးဆုံးခါနီးမှာ မေဆင်ဂရင်းဝုဒ်နဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ပထမပိုင်း ၁၀ မိနစ်ခန့်မှာပဲ ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ကွင်းလယ်ဒိုင် ဂျွန်မော့စ်က အဝါကတ်ရော ပြစ်ဒဏ်ဘောပါ သတ်မှတ်ပေးခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန် ၂၄ မိနစ်မှာ ဂျာအိုမူတင်ဟိုကို ဘောလုံးနဲ့ ကျော်ဖြတ်ဖို့ ကြိုးပမ်းရာမှာ ထပ်မံ ဟန်ဆောင် လှဲချခဲ့တာကြောင့် အဝါကတ် ပြသ သတိပေးခံခဲ့ရပါတယ်။

မန်ယူနည်းပြဆိုးရှားက ဂျွန်မော့စ်ရဲ့ဆုံးဖြတ်ချက်ကို လက်မခံခဲ့ဘဲ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ပြေးနှုန်းကြောင့် တစ်ချက်ထိလိုက်ရုံနဲ့ လဲကျသွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

” ကျနော့် အတွက်ကတော့ ပထမဆုံးတစ်ခါမှာ ကျနော်တို့ ဘယ်တော့မှ ပြစ်ဒဏ်ဘော မရခဲ့ပါဘူး။ ၀ုဗ်က တန်ပြန်တိုက်စစ်ဆင်ခဲ့တယ်။ သူ ပြစ်ဒဏ် ကျူးလွန်ခဲ့တယ်။ သူတို့ အဲဒီကနေ အခွင့်အရေး ရလုနီးပါးဖြစ်ခဲ့ပါတယ်။ ”

” ဂျိမ်းစ်က လျင်မြန်ပြီး အကြိမ်ပေါင်းများစွာ အကန်ခံခဲ့ရတာကြောင်အဲ့ ဒါက သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် တစ်ခါတရံမှာ လုပ်လေ့ လုပ်ထရှိတာ သဘာဝပါပဲ။ တိုက်ရိုက် ကြည့်နေတဲ့ အခြားလူတွေထက်ပိုပြီး သူ ဟန်ဆောင်လှဲချခဲ့တာ ကျွန်တော် မမြင်ခဲ့ပါဘူး။ ”

” ပြီးတော့ သူ ဒီနေ့ ဘယ်လောက်တောင် ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရလဲ။ သူ့ကို ဘယ်နှကြိမ်လောက်တောင် သူတို့တွေ ဝင်တိုက်သွားခဲ့ကြလဲ။ တကယ်လို့ တခါတရံသူ အကန်ခံရမှာကို ရှောင်လွှဲဖို့ ကြိုးပမ်းတာဆိုရင် ကျွန်တော့်အတွက် လုံးဝကို ပြဿနာမရှိပါဘူး ” လို့ ဆိုးရှားက ဖြေကြားခဲ့ပါတယ်။

ဂျိမ်းစ်ဟာ ယော့ခ်ရှိုင်းရား ဒေသမှာ မွေးဖွားကြီးပျင်းခဲ့ပြီး ဖခင် ကီဗင်လိုပဲ ဝေးလ်နိုင်ငံအသင်းမှာ ကစားခွင့်ရခဲ့ပါတယ်။ ၂၀၁၃ မှာ ပထမဆုံး အကြိမ် လူငယ်အသင်းမှာ ပါဝင်ခွင့်ရခဲ့ပြီး ၁၆နှစ်အရွယ် ကစားသမား အနေနဲ့ ဟားလ်စီးတီးကနေ ဆွမ်ဆီးလူငယ်အသင်းကို ရောက်ခဲ့ကာ ဝေးလ်ရဲ့ စိတ် လှုပ်ရှားစရာ အကောင်းဆုံး အရည်အချင်းရှိ လူငယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ အိုးလ်ထရက်ဖို့ဒ် မှာ လူငယ် အင်အားနဲ့ အသင်းကို ပြန်လည်တည်ဆောက်လိုနေတဲ့ ဆိုးရှားက ပေါင် ၁၅သန်းနဲ့ ခေါ်ယူခဲ့တာပါ။