ၾသဂုတ္လ ပရီးမီးယားလိဂ္ အေကာင္းဆံုး မန္ေနဂ်ာဆု ဆန္ကာတင္ စာရင္းမွာ မန္စီးတီးမွ ဂြာဒီယိုလာ၊ လီဗာပူးမွ ကေလာ့ပ္၊ ပဲေလ့စ္နည္းျပ ရြိဳင္းေဟာ့ဆန္၊ လက္စတာမွ ဘရန္ဒန္ေရာ္ဂ်ာတို႔ ပါ၀င္ေနပါတယ္။

ၾသဂုတ္လ အတြက္ ပရီးမီးယားလိဂ္ အေကာင္းဆံုးကစားသမားဆု ဆန္ကာတင္ ၆ ဦးစာရင္း ထြက္ေပၚလာရာ လီဗာပူးအသင္းမွ တိုက္စစ္မွဴး ဖာမီနို ပါ၀င္ေနပါတယ္။

လီဗာပူးအကယ္ဒမီ မန္ေနဂ်ာ Alex Inglethorpe က ဘုန္းေမာက္မွာ အငွားထြက္ကစားေနတဲ့ လူငယ္ကစားသမား ဟယ္ရီ၀ီလ္ဆန္ဟာ ျပည္တြင္းလိဂ္မွာ ေျခစြမ္း ဆက္လက္ ေတာက္ပတာ ျမင္ရဦးမယ္လို႔ ေမွ်ာ္မွန္းေနျပီး ၀ီလ္ဆန္ဟာ အန္းဖီးမွာ ဆက္ရွိေနဖို႔ ထိုက္တန္ေၾကာင္း သက္ေသျပနိုင္မယ္လို႔ ၄င္းက ယံုၾကည္ေနပါတယ္။

လီဗာပူး ကစားသမားေဟာင္း ဘရာဇီးၾကယ္ပြင့္ ေကာ္တင္ညိဳကို ဒီေႏြမွာ အလြန္ ရွင္းထုတ္လိုခဲ့တဲ့ ဘာစီလိုနာက မန္စီးတီးအသင္းထံ ေကာ္တင္ညိဳကို ေခၚဖို႔ ကမ္းလွမ္းခဲ့ေသာ္လည္း ဂြာဒီယိုလာက ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

နယ္သာလန္အသင္းက ဂ်ာမနီအသင္းကို ၄-၂ နဲ႔ အႏိုင္ရတဲ့ပြဲမွာ ကြင္းလယ္လူ ဝိုက္နယ္ဒမ္က အထူး ေျခစြမ္းျပခဲ့ပါတယ္။ သူဟာ ကိုယ္တိုင္ ဂိုးသြင္းခဲ့သလို အသင္းေဖာ္ေတြ ဂိုးရဖို႔ ေထာက္ပံ့မႈလည္း လုပ္ႏုိင္ခဲ့ျပီး ကြင္းလယ္ထိန္းခ်ဳပ္သူအျဖစ္ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။

လီဗာပူး ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ကလပ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကို အသင္းပရိသတ္ေတြ ဖန္တီးေပးတဲ့ ဗီဒီယိုေတြ၊ ပံုေတြကို ျပန္ျပန္ၾကည့္မိတာက အေခါက္ေပါင္းမ်ားစြာျဖစ္ျပီး ဘယ္ေတာ့မွ မေမ့မယ့္ အမွတ္တရပါလို႔ ေျပာဆိုပါတယ္။

အာဆင္နယ္မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးက ဆာလက္၊ မာေနးတို႔ကို သေဘာေတြ႔ေပမယ့္ သူတို႔ အေကာင္းဆံုး ကစားႏုိင္ဖုိ႔ ျပီးျပည့္စံုတဲ့ ဆက္ေၾကာင္းျဖစ္သူ ဖာမီႏိုကေတာ့ သူအၾကိဳက္ဆံုး ထူးခၽြန္တုိက္စစ္သမားပါလို႔ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ပါတယ္။

လီဗာပူး ဘယ္ေနာက္ခံကစားသမား အန္ဒီ ေရာ္ဘတ္ဆင္က မိခင္နုိင္ငံအသင္း စေကာ့တလန္လက္ေ႐ြးစင္အသင္းအတြက္ အေကာင္းဆုံး ေျခစြမ္းျပ ကစားၿပီး ႏိုင္ငံဂုဏ္ကိုေဆာင္လိုေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

UNICODE

သြဂုတ်လ ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆု ဆန်ကာတင် စာရင်းမှာ မန်စီးတီးမှ ဂွာဒီယိုလာ၊ လီဗာပူးမှ ကလော့ပ်၊ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဆန်၊ လက်စတာမှ ဘရန်ဒန်ရော်ဂျာတို့ ပါဝင်နေပါတယ်။

သြဂုတ်လ အတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု ဆန်ကာတင် ၆ ဦးစာရင်း ထွက်ပေါ်လာရာ လီဗာပူးအသင်းမှ တိုက်စစ်မှူး ဖာမီနို ပါဝင်နေပါတယ်။

လီဗာပူးအကယ်ဒမီ မန်နေဂျာ Alex Inglethorpe က ဘုန်းမောက်မှာ အငှားထွက်ကစားနေတဲ့ လူငယ်ကစားသမား ဟယ်ရီဝီလ်ဆန်ဟာ ပြည်တွင်းလိဂ်မှာ ခြေစွမ်း ဆက်လက် တောက်ပတာ မြင်ရဦးမယ်လို့ မျှော်မှန်းနေပြီး ဝီလ်ဆန်ဟာ အန်းဖီးမှာ ဆက်ရှိနေဖို့ ထိုက်တန်ကြောင်း သက်သေပြနိုင်မယ်လို့ ၎င်းက ယုံကြည်နေပါတယ်။

လီဗာပူး ကစားသမားဟောင်း ဘရာဇီးကြယ်ပွင့် ကော်တင်ညိုကို ဒီနွေမှာ အလွန် ရှင်းထုတ်လိုခဲ့တဲ့ ဘာစီလိုနာက မန်စီးတီးအသင်းထံ ကော်တင်ညိုကို ခေါ်ဖို့ ကမ်းလှမ်းခဲ့သော်လည်း ဂွာဒီယိုလာက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

နယ်သာလန်အသင်းက ဂျာမနီအသင်းကို ၄-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ ကွင်းလယ်လူ ဝိုက်နယ်ဒမ်က အထူး ခြေစွမ်းပြခဲ့ပါတယ်။ သူဟာ ကိုယ်တိုင် ဂိုးသွင်းခဲ့သလို အသင်းဖော်တွေ ဂိုးရဖို့ ထောက်ပံ့မှုလည်း လုပ်နိုင်ခဲ့ပြီး ကွင်းလယ်ထိန်းချုပ်သူအဖြစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လီဗာပူး ဘယ်အစွန်လူ ရော်ဘတ်ဆန်က ကလပ်အသင်းနဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကို အသင်းပရိသတ်တွေ ဖန်တီးပေးတဲ့ ဗီဒီယိုတွေ၊ ပုံတွေကို ပြန်ပြန်ကြည့်မိတာက အခေါက်ပေါင်းများစွာဖြစ်ပြီး ဘယ်တော့မှ မမေ့မယ့် အမှတ်တရပါလို့ ပြောဆိုပါတယ်။

အာဆင်နယ်မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက ဆာလက်၊ မာနေးတို့ကို သဘောတွေ့ပေမယ့် သူတို့ အကောင်းဆုံး ကစားနိုင်ဖို့ ပြီးပြည့်စုံတဲ့ ဆက်ကြောင်းဖြစ်သူ ဖာမီနိုကတော့ သူအကြိုက်ဆုံး ထူးချွန်တိုက်စစ်သမားပါလို့ ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။

လီဗာပူး ဘယ်နောက်ခံကစားသမား အန်ဒီ ရော်ဘတ်ဆင်က မိခင်နိုင်ငံအသင်း စကော့တလန်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားပြီး နိုင်ငံဂုဏ်ကိုဆောင်လိုကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။