အာဆင္နယ္ တိုက္စစ္သမား နစ္ကိုးလပ္စ္ ပီပီဟာ ၾကံ႕ခိုင္မႈ မျပည့္၀တဲ့ အေနအထားေၾကာင့္ လန္ဒန္မွာ ဆက္ေနျပီး ေလ့က်င့္မႈမ်ား လုပ္ေဆာင္ေနကာ ဒီတပတ္နုိင္ငံတကာပြဲမ်ား မတိုင္ခင္ အိုင္ဗရီကို႔စ္ လက္ေရြးစင္အသင္းမွ ျပန္လည္ နႈတ္ထြက္လိုက္ပါတယ္။

ရိုးမားအသင္းထံ အငွား ကစားဖို႔ ထြက္ခြာသြားျပီ ျဖစ္တဲ့ အာဆင္နယ္ ကစားသမား မီခီတာရန္က ဒီရာသီ ျပီးရင္ သူ႔အနာဂတ္က ဘယ္မွာ ရွိမယ္ မေသခ်ာေ်သးေၾကာင္း ၀န္ခံေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ ကြင္းလယ္ လူငယ္ ဂြမ္ဒူဇီက ဒီရာသီမွာ တိုးတက္မႈၾကီးေတြ ျပသထားျပီး လက္ရွိ အခ်ိန္က သူ႔အတြက္ အခြင့္အေရးယူကာ အစြမ္းျပရမယ့္ အခ်ိန္ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

အာဆင္နယ္ဟာ အငွားေခၚယူထားတဲ့ ကြင္းလယ္ကစားသမား ဆီးဘယ္ေလာ့ကို အျပီး ၀ယ္ယူေရးမွာ ရီးရဲလ္မက္ဒရစ္က ျငင္းဆန္ ေနေသာ္ လည္း ဇီဒန္းသာ ရီးရဲလ္က ထြက္ခြာသြားရင္ အခြင့္အလမ္းသာလာဖြယ္ ရွိေနပါတယ္။

အဂၤလန္ ယူ-၂၁ က တူရကီ ယူ-၂၁ အသင္းကို ၃-၂ နဲ႔ အႏုိင္ရတဲ့ပြဲမွာ နယ္ဆန္နဲ႔ အန္ကတ္တီရာတို႔က သြင္းဂိုး တစ္ဂိုးစီ သြင္းယူႏုိင္ခဲ့ၾကပါတယ္။

ဂ်ာမနီအသင္းမွာ ေနရာမရပဲ အရန္ခံုမွာ ထိုင္ေနရျခင္းက လက္ခံရ ခက္ခဲတယ္လို႔ အာဆင္နယ္ဂိုးသမား လီႏိုက ဝန္ခံလိုက္ပါတယ္။ လီႏိုတို႔ရဲ႕ အသင္းဟာ နယ္သာလန္ကို ၄-၂ နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

စပိန္အသင္းက ရိုေမးနီးယားအသင္းကို ၂-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ဆီဘယ္ေလာ့က ေျခစြမ္းေကာင္းခဲ့ျပီး ပင္နယ္တီ အႏုိင္ရေအာင္ ၾကိဳးစားေပးႏုိင္ခဲ့သလို အခြင့္အေရး ဖန္တီးမႈလည္း လုပ္ေပးႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။

အရင္ႏွစ္ေတြက ျပင္သစ္ ဒုတိယတန္းလိဂ္မွာ ကစားခဲ့ရေပမယ့္ ႏွစ္ရာသီအတြင္း အာဆင္နယ္ရဲ႕ ပံုမွန္ပြဲထြက္ခြင့္ကို ပိုင္ဆုိင္လာျပီး ျပင္သစ္လက္ေရြးစင္ရဲ႔ အေခၚကိုပါ ရရွိခဲ့တဲ့ ဂြမ္ေဒါင္ဇီကို ျပင္သစ္မီဒီယာေတြမွာ ထုတ္ေဖာ္ခ်ီးက်ဴးမႈေတြ အမ်ားအျပား ျပဳလုပ္ေနၾကပါတယ္။

UNICODE

အာဆင်နယ် တိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီဟာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ အနေအထားကြောင့် လန်ဒန်မှာ ဆက်နေပြီး လေ့ကျင့်မှုများ လုပ်ဆောင်နေကာ ဒီတပတ်နိုင်ငံတကာပွဲများ မတိုင်ခင် အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းမှ ပြန်လည် နှုတ်ထွက်လိုက်ပါတယ်။

ရိုးမားအသင်းထံ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်တဲ့ အာဆင်နယ် ကစားသမား မီခီတာရန်က ဒီရာသီ ပြီးရင် သူ့အနာဂတ်က ဘယ်မှာ ရှိမယ် မသေချာေျသးကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ် လူငယ် ဂွမ်ဒူဇီက ဒီရာသီမှာ တိုးတက်မှုကြီးတွေ ပြသထားပြီး လက်ရှိ အချိန်က သူ့အတွက် အခွင့်အရေးယူကာ အစွမ်းပြရမယ့် အချိန်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အာဆင်နယ်ဟာ အငှားခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ဆီးဘယ်လော့ကို အပြီး ဝယ်ယူရေးမှာ ရီးရဲလ်မက်ဒရစ်က ငြင်းဆန် နေသော် လည်း ဇီဒန်းသာ ရီးရဲလ်က ထွက်ခွာသွားရင် အခွင့်အလမ်းသာလာဖွယ် ရှိနေပါတယ်။

အင်္ဂလန် ယူ-၂၁ က တူရကီ ယူ-၂၁ အသင်းကို ၃-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ နယ်ဆန်နဲ့ အန်ကတ်တီရာတို့က သွင်းဂိုး တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြပါတယ်။

ဂျာမနီအသင်းမှာ နေရာမရပဲ အရန်ခုံမှာ ထိုင်နေရခြင်းက လက်ခံရ ခက်ခဲတယ်လို့ အာဆင်နယ်ဂိုးသမား လီနိုက ဝန်ခံလိုက်ပါတယ်။ လီနိုတို့ရဲ့ အသင်းဟာ နယ်သာလန်ကို ၄-၂ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းက ရိုမေးနီးယားအသင်းကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ဆီဘယ်လော့က ခြေစွမ်းကောင်းခဲ့ပြီး ပင်နယ်တီ အနိုင်ရအောင် ကြိုးစားပေးနိုင်ခဲ့သလို အခွင့်အရေး ဖန်တီးမှုလည်း လုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အရင်နှစ်တွေက ပြင်သစ် ဒုတိယတန်းလိဂ်မှာ ကစားခဲ့ရပေမယ့် နှစ်ရာသီအတွင်း အာဆင်နယ်ရဲ့ ပုံမှန်ပွဲထွက်ခွင့်ကို ပိုင်ဆိုင်လာပြီး ပြင်သစ်လက်ရွေးစင်ရဲ့ အခေါ်ကိုပါ ရရှိခဲ့တဲ့ ဂွမ်ဒေါင်ဇီကို ပြင်သစ်မီဒီယာတွေမှာ ထုတ်ဖော်ချီးကျူးမှုတွေ အများအပြား ပြုလုပ်နေကြပါတယ်။