ZAWGYI – မန္ခ်က္စတာယူႏိုက္တက္ ခံစစ္မွဴး မားကို႔စ္ ႐ိုဂ်ိဳက သူ႔အေနနဲ႔ အသင္းမွာ ပုံမွန္ ပြဲကစားခါင့္ မရရွိဘူးဆိုပါက လာမယ့္ ဇန္နဝါရီ အေျပာင္း အေရႊ႕မွာ အသင္းကေန ထြက္ခြာဖို႔ ႀကိဳးစားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

႐ိုဂ်ိဳဟာ ဒီေႏြမွာ အဲဗာတန္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ ခဲ့ေပမယ့္လည္း မေျပာင္းေ႐ႊ႕ႏိုင္ခဲ့ဘဲ အသင္းဘက္က တားဆီးတာေၾကာင့္ မန္ယူမွာသာ ဆက္ရွိေနခဲ့သူပါ။

ဒီေႏြမွာ မန္ယူက ခံစစ္မွဴး မက္ဂြဲရားကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ၿပီး ဗဟိုခံစစ္မွာ လင္ဒီေလာ့ဖ္နဲ႔ တြဲဖက္ကာ အဓိက ခံစစ္ အတြဲအျဖစ္ အသုံးျပဳေနခဲ့ပါတယ္။ ဒါေၾကာင့္ ပြဲထြက္ခြင့္ေနရာအတြက္ မက္ဂြဲရား လင္ဒီေလာ့ဖ္တို႔ နဲ႔အတူ တူရမ္ဇီဘီ၊ ဖီးလ္ဂ်ဳံးစ္၊ ဘိုင္လီ နဲ႔ ႐ိုဂ်ိဳတို႔ ၿပိဳင္ဆိုင္ေနရပါတယ္။

႐ိုဂ်ိဳ က ဒီေဘာလံုးရာသီမွာ မန္ယူအသင္းအတြက္ ပြဲထြက္ခြင့္ လုံးဝ မရေသးသူလည္း ျဖစ္ပါတယ္။ လက္ရွိ နုိင္ငံတကာ သီတင္းပတ္မွာေတာ့ ႐ိုဂ်ိဳက အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းအတြက္ ကစားေပးဖို႔ ရွိေနၿပီး လတ္တေလာအင္တာဗ်ဴးမွာ အသင္းေျပာင္းမယ့္အေၾကာင္း ထုတ္ေျပာလာခဲ့တာပါ။

” (အာဂ်င္တီးနားနည္းျပ) စကာလိုနီနဲ႔ ကြၽန္ေတာ္ စကားေျပာခဲ့ၿပီးပါၿပီ၊ ရာသီႀကိဳကာလမွာ ကြၽန္ေတာ္ ပြဲေတြကစားခြင့္ရခဲ့လို႔ သူ ေပ်ာ္႐ႊင္တယ္ လို႔ ဆိုပါတယ္၊ ကြၽန္ေတာ့္ေျခစြမ္းကိုလည္း သူ ႏွစ္သက္ျပီး ဒီအတြက္ေၾကာင့္ပဲ လက္ေ႐ြးစင္အသင္းအတြက္ ေ႐ြးခ်ယ္ ခဲ့တာလို႔ ေျပာပါတယ္”

” မန္ယူအသင္း ကေန ထြက္ခြာဖို႔ဆိုတာက ခက္ခဲပါတယ္၊ အဲဗာတန္ကို ကြၽန္ေတာ္ေရာက္ရွိဖို႔ နီးစပ္ခဲ့ပါတယ္၊ ဒါေပမယ့္လည္း အသင္းနဲ႕ နည္းျပက မျဖစ္ႏိုင္ဘူးလို႔ ဆိုခဲ့ပါတယ္၊ အခုေတာ့ ကြၽန္ေတာ္ ဒီဇင္ဘာလအထိ တိုက္ပြဲဝင္သြားရမွာပါ၊ တကယ္လို႔ ကြၽန္ေတာ္ ကစားခြင့္ မရခဲ့ဘူးဆိုရင္ေတာ့ မန္ယူကေန ထြက္ခြာဖို႔ ႀကိဳးစားသြားမွာပါ” လို႔ ၄င္းက ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

Myan News

UNICODE – မန်ချက်စတာယူနိုက်တက် ခံစစ်မှူး မားကို့စ် ရိုဂျိုက သူ့အနေနဲ့ အသင်းမှာ ပုံမှန် ပွဲကစားခါင့် မရရှိဘူးဆိုပါက လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရိုဂျိုဟာ ဒီနွေမှာ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ နီးစပ် ခဲ့ပေမယ့်လည်း မပြောင်းရွှေ့နိုင်ခဲ့ဘဲ အသင်းဘက်က တားဆီးတာကြောင့် မန်ယူမှာသာ ဆက်ရှိနေခဲ့သူပါ။

ဒီနွေမှာ မန်ယူက ခံစစ်မှူး မက်ဂွဲရားကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး ဗဟိုခံစစ်မှာ လင်ဒီလော့ဖ်နဲ့ တွဲဖက်ကာ အဓိက ခံစစ်အတွဲအဖြစ် အသုံးပြုနေခဲ့ပါတယ်။ ဒါကြောင့် ပွဲထွက်ခွင့်နေရာအတွက် မက်ဂွဲရား လင်ဒီလော့ဖ်တို့ နဲ့အတူ တူရမ်ဇီဘီ၊ ဖီးလ်ဂျုံးစ်၊ ဘိုင်လီ နဲ့ ရိုဂျိုတို့ ပြိုင်ဆိုင်နေရပါတယ်။

ရိုဂျို က ဒီဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပွဲထွက်ခွင့် လုံးဝ မရသေးသူလည်း ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတကာ သီတင်းပတ်မှာတော့ ရိုဂျိုက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ရှိနေပြီး လတ်တလောအင်တာဗျူးမှာ အသင်းပြောင်းမယ့်အကြောင်း ထုတ်ပြောလာခဲ့တာပါ။

” (အာဂျင်တီးနားနည်းပြ) စကာလိုနီနဲ့ ကျွန်တော် စကားပြောခဲ့ပြီးပါပြီ၊ ရာသီကြိုကာလမှာ ကျွန်တော် ပွဲတွေကစားခွင့်ရခဲ့လို့ သူ ပျော်ရွှင်တယ် လို့ ဆိုပါတယ်၊ ကျွန်တော့်ခြေစွမ်းကိုလည်း သူ နှစ်သက်ပြီး ဒီအတွက်ကြောင့်ပဲ လက်ရွေးစင်အသင်းအတွက် ရွေးချယ် ခဲ့တာလို့ ပြောပါတယ်”

” မန်ယူအသင်း ကနေ ထွက်ခွာဖို့ဆိုတာက ခက်ခဲပါတယ်၊ အဲဗာတန်ကို ကျွန်တော်ရောက်ရှိဖို့ နီးစပ်ခဲ့ပါတယ်၊ ဒါပေမယ့်လည်း အသင်းနဲ့ နည်းပြက မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပါတယ်၊ အခုတော့ ကျွန်တော် ဒီဇင်ဘာလအထိ တိုက်ပွဲဝင်သွားရမှာပါ၊ တကယ်လို့ ကျွန်တော် ကစားခွင့် မရခဲ့ဘူးဆိုရင်တော့ မန်ယူကနေ ထွက်ခွာဖို့ ကြိုးစားသွားမှာပါ” လို့ ၎င်းက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။