ဒီေႏြမွာ ဆီဘယ္ေလာ့ကို အျပီးသတ္ စာခ်ဳပ္ျဖင့္ ေခၚယူႏုိင္ခဲ့မယ္ဆိုရင္ ဂန္းနားေတြ ဝမ္းေျမာက္ၾကပါလိမ့္မယ္။ စပိန္လက္ေရြးစင္ဟာ ရီးရဲလ္မက္ဒရစ္ကေန အငွားလာကစားေနျပီး အထင္ၾကီးေလာက္စရာ အေနအထားေတြကို စြမ္းေဆာင္ျပေနသူပါ။

ဘန္ေလကို ရင္ဆိုင္ရတဲ့ပြဲမွာ စြမ္းေဆာင္ရည္ေကာင္းခဲ့ျပီး စပါးကို ရင္ဆိုင္တဲ့ ပြဲမွာလည္း အရန္ခံုကေန ထလာခဲ့ကာ ေျခစြမ္းျပခဲ့တဲ့ ဆီဘယ္ေလာ့ကို ၂၀၂၀ ေဘာလံုးအကုန္မွာ အာဆင္နယ္တို႔ လက္မွတ္ထိုးႏုိင္ဖုိ႔ ခက္ခဲေနဦးမွာပါ။ ဒါေပမယ့္လို႔ အသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူႏုိင္ဖုိ႔က ထင္သေလာက္ မလြယ္ကူတာျဖစ္တယ္။

အာဆင္နယ္သတင္းေထာက္ James Benge က ေဖာ္ျပရာမွာ ဆီဘယ္ေလာ့ကို ေခၚယူႏုိင္ဖုိ႔ဆိုရင္ ရီးရဲလ္မက္ဒရစ္ မန္ေနဂ်ာရာထူးမွာ ဇီဒန္း ဆက္ရွိေနမလားနဲ႔ သက္ဆုိင္တယ္လို႔ ဆိုပါတယ္။ ဇီဒန္းနဲ႔ ဆီဘယ္ေလာ့တို႔ဟာ အရမ္းေကာင္းတဲ့ ဆက္ဆံေရးေတြ ပိုင္ဆုိင္ထားတာေတာ့ မဟုတ္တာေၾကာင့္ မန္ေနဂ်ာသေဘာမေတြ႔ရင္ ဘာေနဗ်ဴးကလပ္က ေရာင္းထုတ္ေပးဖို႔ စဥ္းစားႏုိင္တယ္။

ဒါေပမယ့္လို႔ ရီးရဲလ္မက္ဒရစ္ဟာ ေပါ့ဘာနဲ႔ အဲရစ္ဆန္တို႔ကို ေခၚယူႏိုင္မွပဲ ကြင္းလယ္လူ ဆီးဘယ္ေလာ့ကို လက္လြတ္မွာျဖစ္တယ္။ ဒီေႏြမွာ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကး အသံုးျပဳထားတဲ့ ရီးရဲလ္ဟာ အသံုးစရိတ္ ဟန္ခ်က္ညီဖို႔ ကစားသမား ေရာင္းထုတ္မႈေတြကို ျပန္စဥ္းစားမွာျဖစ္တယ္။

ကြင္းလယ္လူသစ္ မေခၚယူႏုိင္ခဲ့ရင္ ဂ်ိမ္းလိုပဲ ရီးရဲလ္မက္ဒရစ္ဟာ ဆီဘယ္ေလာ့ကို ၄င္းတို႔ရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ ျပန္လည္ ထည့္သြင္းမွာျဖစ္ျပီး ေရာင္းထုတ္မွာလည္း မဟုတ္ပါဘူး။ ဒီရာသီအတြက္ အာဆင္နယ္ဟာ စပိန္သား ကြင္းလယ္လူကို ေခၚယူထားရာမွာ အျပီးသတ္ ေခၚယူခြင့္ မပါဝင္ထားခဲ့ဘူးလို႔ လန္ဒန္သတင္းဌာနကေန ေရးသားသြားပါတယ္။

UNICODE

ဒီနွေမှာ ဆီဘယ်လော့ကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဂန်းနားတွေ ဝမ်းမြောက်ကြပါလိမ့်မယ်။ စပိန်လက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ်ကနေ အငှားလာကစားနေပြီး အထင်ကြီးလောက်စရာ အနေအထားတွေကို စွမ်းဆောင်ပြနေသူပါ။

ဘန်လေကို ရင်ဆိုင်ရတဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့ပြီး စပါးကို ရင်ဆိုင်တဲ့ ပွဲမှာလည်း အရန်ခုံကနေ ထလာခဲ့ကာ ခြေစွမ်းပြခဲ့တဲ့ ဆီဘယ်လော့ကို ၂၀၂၀ ဘောလုံးအကုန်မှာ အာဆင်နယ်တို့ လက်မှတ်ထိုးနိုင်ဖို့ ခက်ခဲနေဦးမှာပါ။ ဒါပေမယ့်လို့ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့က ထင်သလောက် မလွယ်ကူတာဖြစ်တယ်။

အာဆင်နယ်သတင်းထောက် James Benge က ဖော်ပြရာမှာ ဆီဘယ်လော့ကို ခေါ်ယူနိုင်ဖို့ဆိုရင် ရီးရဲလ်မက်ဒရစ် မန်နေဂျာရာထူးမှာ ဇီဒန်း ဆက်ရှိနေမလားနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ ဇီဒန်းနဲ့ ဆီဘယ်လော့တို့ဟာ အရမ်းကောင်းတဲ့ ဆက်ဆံရေးတွေ ပိုင်ဆိုင်ထားတာတော့ မဟုတ်တာကြောင့် မန်နေဂျာသဘောမတွေ့ရင် ဘာနေဗျူးကလပ်က ရောင်းထုတ်ပေးဖို့ စဉ်းစားနိုင်တယ်။

ဒါပေမယ့်လို့ ရီးရဲလ်မက်ဒရစ်ဟာ ပေါ့ဘာနဲ့ အဲရစ်ဆန်တို့ကို ခေါ်ယူနိုင်မှပဲ ကွင်းလယ်လူ ဆီးဘယ်လော့ကို လက်လွတ်မှာဖြစ်တယ်။ ဒီနွေမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး အသုံးပြုထားတဲ့ ရီးရဲလ်ဟာ အသုံးစရိတ် ဟန်ချက်ညီဖို့ ကစားသမား ရောင်းထုတ်မှုတွေကို ပြန်စဉ်းစားမှာဖြစ်တယ်။

ကွင်းလယ်လူသစ် မခေါ်ယူနိုင်ခဲ့ရင် ဂျိမ်းလိုပဲ ရီးရဲလ်မက်ဒရစ်ဟာ ဆီဘယ်လော့ကို ၎င်းတို့ရဲ့ အနာဂတ် အစီအစဉ်တွေမှာ ပြန်လည် ထည့်သွင်းမှာဖြစ်ပြီး ရောင်းထုတ်မှာလည်း မဟုတ်ပါဘူး။ ဒီရာသီအတွက် အာဆင်နယ်ဟာ စပိန်သား ကွင်းလယ်လူကို ခေါ်ယူထားရာမှာ အပြီးသတ် ခေါ်ယူခွင့် မပါဝင်ထားခဲ့ဘူးလို့ လန်ဒန်သတင်းဌာနကနေ ရေးသားသွားပါတယ်။