ဖီဖာ ကလပ္မ်ာ းကမၻာဖလား ျပိဳင္ပြဲအတြက္ ဒီဇင္ဘာမွာ ပါဝင္လာႏုိင္တဲ့ ကလပ္အသင္းေတြထဲက တစ္သင္းျဖစ္တဲ့ ဘရာဇီးကလပ္ ဂရီမီယိုအသင္းလည္း ပါဝင္လာႏုိင္ေခ် ရွိေနတာျဖစ္ပါတယ္။

ဒီဇင္ဘာလအတြင္း ကာတာမွာ က်င္းပမယ့္ အဆိုပါ ျပိဳင္ပြဲမွာ လီဗာပူးက ဆီမီးဖိုင္နယ္အဆင့္ကေန ပါဝင္ရမွာျဖစ္တယ္။ ၂၀၀၅ ခုႏွစ္မွာ လီဗာပူးအသင္း ပါဝင္ယွဥ္ျပိဳင္ခဲ့ေသးေပမယ့္ ဘရာဇီးကလပ္ ေဆာ္ေပၚလိုအသင္းကို အေရးနိမ့္ခဲ့ရတာျဖစ္တယ္။ ဖီဖာ ကလပ္မ်ား ကမၻာဖလားဟာ လီဗာပူးသမိုင္းမွာ မေအာင္ျမင္ေသးတဲ့ ဆုဖလားအျဖစ္ မွတ္တမ္းဝင္ပါတယ္။

ဒီတစ္ၾကိမ္ ယွဥ္ျပိဳင္မႈမွာ လီဗာပူးဟာ ဗိုလ္ဆြဲဖို႔ ေရပန္းစားေနေပမယ့္ ဂရီမီယိုအသင္း ဥကၠဌကေတာ့ လီဗာပူးဟာ အဆိုပါဖလားကို ေနာက္ဆံုး သံုးၾကိမ္ဆက္ အႏုိုင္ရထားတဲ့ ရီးရဲလ္မက္ဒရစ္လို ယွဥ္ျပိဳင္ရ ခက္ခဲမယ့္ အသင္း မဟုတ္ပါဘူးလို႔ ေျပာဆိုလာတာျဖစ္ပါတယ္။

သူက ေျပာရာမွာ ” ဥေရာပအသင္းေတြက ခ်န္ပီယံျဖစ္ဖုိ႔ အျမဲတမ္း ေရပန္းစားတာပါပဲ။ လီဗာပူးဟာ ရီးရဲလ္မက္ဒရစ္ေလာက္ေတာ့ ေၾကာက္စရာ မေကာင္းပါဘူး။ လီဗာပူးက အႏုိင္ယူလို႔ရတဲ့ ကလပ္အသင္းပါ။ က်ေနာ္တို႔အတြက္၊ ဖလာမင္ဂို၊ ဘိုကာ၊ ေရးဗား အသင္းေတြအတြက္ ရီးရဲလ္မက္ဒရစ္ကမွ နာမည္ေက်ာ္ေတြ အျပည့္နဲ႔ ဂလက္စီကို အသင္းပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဂရီမီယိုဟာ ကလပ္မ်ားဖလားမွာ ပါဝင္ခြင့္ရဖို႔ မေသခ်ာေသးပဲ ေဒသတြင္း ျပိဳင္ဘက္ေတြနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ဘရာဇီးကလပ္ ဖလာမင္ဂို၊ အာဂ်င္တီးနားကလပ္ ဘိုကာဂ်ဴနီယာ၊ ေရးဗားပလိတ္တို႔နဲ႔ ေဒသတြင္းဖလား အႏုိင္ရဖို႔ အၾကိတ္အနယ္ ၾကိဳးစားရမွာျဖစ္ပါတယ္။

UNICODE

ဖီဖာ ကလပ်များကမ္ဘာဖလား ပြိုင်ပွဲအတွက် ဒီဇင်ဘာမှာ ပါဝင်လာနိုင်တဲ့ ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘရာဇီးကလပ် ဂရီမီယိုအသင်းလည်း ပါဝင်လာနိုင်ချေ ရှိနေတာဖြစ်ပါတယ်။

ဒီဇင်ဘာလအတွင်း ကာတာမှာ ကျင်းပမယ့် အဆိုပါ ပြိုင်ပွဲမှာ လီဗာပူးက ဆီမီးဖိုင်နယ်အဆင့်ကနေ ပါဝင်ရမှာဖြစ်တယ်။ ၂၀၀၅ ခုနှစ်မှာ လီဗာပူးအသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သေးပေမယ့် ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းကို အရေးနိမ့်ခဲ့ရတာဖြစ်တယ်။ ဖီဖာ ကလပ်များ ကမ္ဘာဖလားဟာ လီဗာပူးသမိုင်းမှာ မအောင်မြင်သေးတဲ့ ဆုဖလားအဖြစ် မှတ်တမ်းဝင်ပါတယ်။

ဒီတစ်ကြိမ် ယှဉ်ပြိုင်မှုမှာ လီဗာပူးဟာ ဗိုလ်ဆွဲဖို့ ရေပန်းစားနေပေမယ့် ဂရီမီယိုအသင်း ဥက္ကဌကတော့ လီဗာပူးဟာ အဆိုပါဖလားကို နောက်ဆုံး သုံးကြိမ်ဆက် အနိုင်ရထားတဲ့ ရီးရဲလ်မက်ဒရစ်လို ယှဉ်ပြိုင်ရ ခက်ခဲမယ့် အသင်း မဟုတ်ပါဘူးလို့ ပြောဆိုလာတာဖြစ်ပါတယ်။

သူက ပြောရာမှာ ” ဥရောပအသင်းတွေက ချန်ပီယံဖြစ်ဖို့ အမြဲတမ်း ရေပန်းစားတာပါပဲ။ လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်လောက်တော့ ကြောက်စရာ မကောင်းပါဘူး။ လီဗာပူးက အနိုင်ယူလို့ရတဲ့ ကလပ်အသင်းပါ။ ကျနော်တို့အတွက်၊ ဖလာမင်ဂို၊ ဘိုကာ၊ ရေးဗား အသင်းတွေအတွက် ရီးရဲလ်မက်ဒရစ်ကမှ နာမည်ကျော်တွေ အပြည့်နဲ့ ဂလက်စီကို အသင်းပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဂရီမီယိုဟာ ကလပ်များဖလားမှာ ပါဝင်ခွင့်ရဖို့ မသေချာသေးပဲ ဒေသတွင်း ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဘရာဇီးကလပ် ဖလာမင်ဂို၊ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာ၊ ရေးဗားပလိတ်တို့နဲ့ ဒေသတွင်းဖလား အနိုင်ရဖို့ အကြိတ်အနယ် ကြိုးစားရမှာဖြစ်ပါတယ်။