ZAWGYI – မန္ယူတိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ဟာ အသင္းနဲ႕အတူ ပါ၀င္ထားတဲ့ ပရီးမီးယားလိဂ္ ေနာက္ဆံုး ၃ ပြဲဆက္ ဂိုးေပါက္ ေပ်ာက္ေနျပီး ေ၀ဖန္ခံရမႈေတြ ရွိေနပါတယ္။ ရက္ဖို႔ဒ္ဟာ ခရစၥတယ္ပဲေလ့စ္နဲ႕ပြဲမွာလည္း ပင္နယ္တီ ကန္ခြင့္ရတာေတာင္ ဂိုး အျဖစ္ မေျပာင္းလဲနိုင္ခဲ့ဘဲ အခြင့္ေကာင္း လြဲေခ်ာ္ခဲ့ပါတယ္။

ရက္ဖို႔ဒ္က ယခင္တည္းက ဂိုးသြင္းၾကမ္းသူ တစ္ေယာက္ မဟုတ္ေပမယ့္ ထိုစဥ္ကေတာ့ ပံုမွန္ ပြဲ ကစားခြင့္ မရတာ၊ သူကိုယ္တိုင္ထက္ အသင္းေဖာ္ေတြ ဂိုးသြင္းဖို႔ ပိုမို ဦးစားေပး တာ၀န္ယူထားခဲ့တာေတြေၾကာင္း သြင္းဂိုးေတြ မမ်ားတဲ့အေပၚ ဖိအားေပးျခင္း သိပ္မခံရပါဘူး။

ဒါေပမယ့္ ဒီရာသီ လူကာကူ၊ ဆန္းခ်က္တို႔ ထြက္ခြာသြားျပီးေနာက္ ရက္ဖို႔ဒ္က မန္ယူတိုက္စစ္မွာ အဓိက ကစားသမားျဖစ္လာခဲ့ကာ ပြဲတိုင္း ကစားခြင့္ရေနတာေတာင္ ဂိုးေပါက္ေပ်ာက္လြန္းေနတာ အတြက္ ေ၀ဖန္ခံရမႈေတြ ရွိလာပါတယ္။ ရက္ဖို႔ဒ္ဟာ အသင္းေဖာ္ မာရွယ္နဲ႕ အတူ မန္ယူအသင္းအတြက္ ဂိုးေတြ ရွာေဖြေပးဖို႔ အဓိက တာ၀န္ရွိသူ ျဖစ္လာျပီး ဂိုးနည္းပါးမႈေတြက အသင္းရလဒ္ကိုပါ တိုက္ရိုက္ ထိခိုက္လာခဲ့တာပါ။

ရက္ဖို႔ဒ္ကို လ်င္ျမန္မႈကို အားျပဳကစားျပီး ကြ်ံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္ရာမွာထူးခြ်န္တဲ့ ရက္ဖို႔ဒ္ကို အဂၤလန္ နာမည္ေက်ာ္တုိက္စစ္မွဴး မိုက္ကယ္အုိဝင္နဲ႔ ႏႈိင္းယွဥ္ေျပာဆိုမႈေတြလည္း ရွိထားပါတယ္။

မိုက္ကယ္ အို၀င္ကေတာ့ ရက္ဖို႔ဒ္ဟာ ကစားသမားေကာင္း ျဖစ္ေပမယ့္ ဂိုးသြင္းဖို႔ အဆံုးသတ္မႈပိုင္း လိုအပ္ခ်က္ေတြ ရွိေနျပီး သူ႔ေလာက္ေတာ့ ဂိုးသြင္းေကာင္းမယ္ မထင္ေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

” ရက္ဖို႔ဒ္ က က်ေနာ္နဲ႕ တူတယ္လို႔ ေတာ္ေတာ္မ်ားမ်ားက ေျပာၾကတယ္။ က်ေန္ာေတာ့ သိပ္ မထင္ဘူး။ အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ကစားတာ၊ ဂိုးဖန္တီးေပးႏုိင္တာ၊ တည္ကန္ေဘာေတြ အသံုးခ်တတ္တာ စတဲ့ ကိစၥ အေတာ္မ်ားမ်ားမွာ သူက က်ေနာ့္ ထက္ ပိုေကာင္းပါတယ္။”

” ဒါေပမဲ့ သူ႔ရဲ႕ အဆံုးသတ္ ဂိုးသြင္းစြမ္းရည္ကို က်ေနာ္ အျပည့္အ၀ သေဘာက်တာ မရွိဘူး။ တိုက္စစ္မွဴးေကာင္း တစ္ေယာက္ဟာ ဘယ္လုိမ်ိဳး သက္ေတာင့္သက္သာ ဂိုးသြင္းရမယ္ဆိုတာ သိေနဖို႔လိုပါတယ္။ အဂြယ္႐ို၊ ဟာရီကိန္းတို႔လို တိုက္စစ္မွဴးေကာင္းေတြကိုၾကည့္ရင္ သက္ေတာင့္ သက္သာနဲ႔ ရခဲ့တဲ့ဂုိးေတြ မ်ားစြာရွိတာ ေတြ႕ရမွာပါ။ ရက္ဖို႔ဒ္ ကေတာ့ တစ္ဂိုး တစ္ဂိုးရဖုိ႔ အေတာ္ ႐ုန္းကန္ေနရတာ ေတြ႕ရပါတယ္။ ဒါ သူ ဂိုး မသြင္းတတ္ေသးလို႔ပါပဲ ” လို႔ အုိဝင္က ေထာက္ျပသြားခဲ့ပါတယ္။

အဂၤလန္ လက္ေရြးစင္ ကစားသမားလည္း ျဖစ္တဲ့ ရက္ဖို႔ဒ္က အသက္ ၂၁ နွစ္ အရြယ္သာ ရွိေသးေသာ္လည္း ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ တိုုက္စစ္မွာ ၾကီးေလးတဲ့ တာ၀န္ယူထားရပါျပီ။

Myan News

UNICODE – မန်ယူတိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ အသင်းနဲ့အတူ ပါဝင်ထားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးပေါက်ပျောက်နေပြီး ဝေဖန်ခံရမှုတွေ ရှိနေပါတယ်။ ရက်ဖို့ဒ်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ပင်နယ်တီ ကန်ခွင့်ရတာတောင် ဂိုး အဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ အခွင့်ကောင်း လွဲချော်ခဲ့ပါတယ်။

ရက်ဖို့ဒ်က ယခင်တည်းက ဂိုးသွင်းကြမ်းသူ တစ်ယောက် မဟုတ်ပေမယ့် ထိုစဉ်ကတော့ ပုံမှန် ပွဲ ကစားခွင့် မရတာ၊ သူကိုယ်တိုင်ထက် အသင်းဖော်တွေ ဂိုးသွင်းဖို့ ပိုမို ဦးစားပေး တာဝန်ယူထားခဲ့တာတွေကြောင်း သွင်းဂိုးတွေ မများတဲ့အပေါ် ဖိအားပေးခြင်း သိပ်မခံရပါဘူး။

ဒါပေမယ့် ဒီရာသီ လူကာကူ၊ ဆန်းချက်တို့ ထွက်ခွာသွားပြီးနောက် ရက်ဖို့ဒ်က မန်ယူတိုက်စစ်မှာ အဓိက ကစားသမားဖြစ်လာခဲ့ကာ ပွဲတိုင်း ကစားခွင့်ရနေတာတောင် ဂိုးပေါက်ပျောက်လွန်းနေတာ အတွက် ဝေဖန်ခံရမှုတွေ ရှိလာပါတယ်။ ရက်ဖို့ဒ်ဟာ အသင်းဖော် မာရှယ်နဲ့ အတူ မန်ယူအသင်းအတွက် ဂိုးတွေ ရှာဖွေပေးဖို့ အဓိက တာဝန်ရှိသူ ဖြစ်လာပြီး ဂိုးနည်းပါးမှုတွေက အသင်းရလဒ်ကိုပါ တိုက်ရိုက် ထိခိုက်လာခဲ့တာပါ။

ရက်ဖို့ဒ်ကို လျင်မြန်မှုကို အားပြုကစားပြီး ကျွံထောင်ချောက်ကို ကျော်ဖြတ်ရာမှာထူးချွန်တဲ့ ရက်ဖို့ဒ်ကို အင်္ဂလန် နာမည်ကျော်တိုက်စစ်မှူး မိုက်ကယ်အိုဝင်နဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေလည်း ရှိထားပါတယ်။

မိုက်ကယ် အိုဝင်ကတော့ ရက်ဖို့ဒ်ဟာ ကစားသမားကောင်း ဖြစ်ပေမယ့် ဂိုးသွင်းဖို့ အဆုံးသတ်မှုပိုင်း လိုအပ်ချက်တွေ ရှိနေပြီး သူ့လောက်တော့ ဂိုးသွင်းကောင်းမယ် မထင်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

” ရက်ဖို့ဒ် က ကျနော်နဲ့ တူတယ်လို့ တော်တော်များများက ပြောကြတယ်။ ကျနေ်ာတော့ သိပ် မထင်ဘူး။ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားတာ၊ ဂိုးဖန်တီးပေးနိုင်တာ၊ တည်ကန်ဘောတွေ အသုံးချတတ်တာ စတဲ့ ကိစ္စ အတော်များများမှာ သူက ကျနော့် ထက် ပိုကောင်းပါတယ်။”

” ဒါပေမဲ့ သူ့ရဲ့ အဆုံးသတ် ဂိုးသွင်းစွမ်းရည်ကို ကျနော် အပြည့်အ၀ သဘောကျတာ မရှိဘူး။ တိုက်စစ်မှူးကောင်း တစ်ယောက်ဟာ ဘယ်လိုမျိုး သက်တောင့်သက်သာ ဂိုးသွင်းရမယ်ဆိုတာ သိနေဖို့လိုပါတယ်။ အဂွယ်ရို၊ ဟာရီကိန်းတို့လို တိုက်စစ်မှူးကောင်းတွေကိုကြည့်ရင် သက်တောင့် သက်သာနဲ့ ရခဲ့တဲ့ဂိုးတွေ များစွာရှိတာ တွေ့ရမှာပါ။ ရက်ဖို့ဒ် ကတော့ တစ်ဂိုး တစ်ဂိုးရဖို့ အတော် ရုန်းကန်နေရတာ တွေ့ရပါတယ်။ ဒါ သူ ဂိုး မသွင်းတတ်သေးလို့ပါပဲ ” လို့ အိုဝင်က ထောက်ပြသွားခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင် ကစားသမားလည်း ဖြစ်တဲ့ ရက်ဖို့ဒ်က အသက် ၂၁ နှစ် အရွယ်သာ ရှိသေးသော်လည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှာ ကြီးလေးတဲ့ တာဝန်ယူထားရပါပြီ။

Myan News