လူငယ် ကြယ်ပွင့် ဂွမ်ဒူဇီရဲ့ ခြေစွမ်းဟာ အာဆင်နယ် ကွင်းလယ်ကို ဆယ်စုနှစ်တစ်ခုလောက် လွှမ်းမိုးထားနိုင်လိမ့်မယ်လို့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းရဲ့ သြဂုတ်လ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံးသွင်းဂိုးဆုကို တိုက်စစ်မှူး အူဘာမီယန်းက ရရှိ သွားခဲ့ပါတယ်။ အူဘာမီးယန်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၄ ပွဲမှာ ၃ ဂိုးသွင်းကာ ၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

အူဘာမီယန်းဟာ ပရိသတ်တွေ မဲပေးမှုကနေ စုစုပေါင်းရဲ့ ၃၄% ကို ရရှိကာ အကောင်းဆုံး ကစားသမား ဆုကို ရယူနိုင်ခဲ့တာပါ။ ဒုတိယနေရာမှာ ဂျိုး ဝေးလော့ခ်က ရပ်တည်ခဲ့ပြီး မက်တီယို ဂွမ်ဒူဇီကတော့ တတိယ ရခဲ့ပါတယ်။

လိဒ်ယူနိုက်တက်မှာ တစ်ရာသီအငှား သွားရောက် ကစားနေတဲ့ အန်ကတ်တီးယား က နည်းပြအမ်မရီဟာ ၄င်းကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်ပေမယ့် အကောင်းဆုံး ဖြစ်မယ့်အရာကို ရွေးချယ်ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ကြောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်လူငယ်ကြယ်ပွင့် ဖလိုရင် ဘိုလာဂန်နဲ့ အီမိုင်း စမစ် ရိုးတို့ဟာ ပရီးမီးယားလိဂ်-၂ ပြိုင်ပွဲရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။

တူရကီ ယူ-၂၁ အသင်းနဲ့ အင်္ဂလန် ယူ-၂၁ အသင်းတို့ရဲ့ ယူရို ယူ-၂၁ ခြေစစ်ပွဲစဉ်မှာ အာဆင်နယ် ကစားသမားတွေဖြစ်တဲ့ အန်ကတ် တီးယား က နှစ်ဂိုး ၊ နယ်လ်ဆင် က တစ်ဂိုး အသီးသီး သွင်းယူခဲ့ကြပါတယ်။

လီဗာပူးကစားသမားဟောင်း ကော်လီမိုးက ဂွမ်ဒူဇီ ဟာ ဇာခါထက် စည်းကမ်းပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်ပြီး တော်ရဲရား ထက် ခန္ဓာကိုယ် ကြံ့ခိုင် တောင့်တင်းတဲ့ ကစားသမားတွေနဲ့သာ ကွင်းလယ်မှာ တွဲကစားရရင် စူပါစတား ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ချီးကျူး လိုက်ပါတယ်။

အင်္ဂလန် ယူ-၁၉ အသင်းနဲ့ ခြေစွမ်းပြနေတဲ့ အာဆင်နယ် လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာရဲ့ ခြေစွမ်းကို အာဆင်နယ် ပရိတ်သတ်တွေက နှစ်ခြိုက် သဘောကျနေကြပါတယ်။