မန္ခ်က္စတာယူႏုိက္တက္ တုိက္စစ္မွဴး ရပ္ဖို႔ဒ္က တုိက္စစ္မွဴးတစ္ေယာက္အေနနဲ႔ တုိးတက္မႈရွိလာေအာင္ အျမဲမျပတ္ ႀကိဳးစားေနျပီး အဂၤလန္ရဲ႕ အေကာင္းဆံုးတိုက္စစ္သမား ဟာရီကိန္းကို အတုယူေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ကမ႓ာ့လုပ္ခလစာ အမ်ားဆံုး နည္းျပ ၁၀ ဦးစာရင္းမွာ မန္ယူနည္းျပ ဆိုးရွားလည္း ပါဝင္ေနကာ အဆင့္ ၆ မွာ ရိွေနပါတယ္။ မန္ယူမွာ ဆိုးရွားဟာ တစ္ႏွစ္ ေပါင္ ၇ ဒသမ ၅ သန္းကို လုပ္အားခအျဖစ္ ရေနပါတယ္။

မန္ယူ ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ဟာ ၾသဂုတ္လအတြက္ တစ္လတာ အေကာင္းဆံုး ကစားသမားဆုနဲ႔ အေကာင္းဆံုး သြင္းဂိုးဆုေတြကို သိမ္းပိုက္သြားခဲ့ပါတယ္။

ေႏြတုန္းက မန္ယူအသင္း စိတ္ဝင္စားျခင္းကို ခံရဖူးတဲ့ လက္စတာကြင္းလယ္လူ မတ္ဒီဆန္က သူ႔ရဲ႕အသင္းမွာပဲ ေပ်ာ္ေနျပီး အစစအရာရာ အဆင္ေျပေနတယ္လို႔ ကစားသမားနဲ႔ နီးစပ္သူတစ္ဦးက ထုတ္ေျပာသြားပါတယ္။

မိုက္ကယ္ အို၀င္ကေတာ့ ရက္ဖို႔ဒ္ဟာ ကစားသမားေကာင္း ျဖစ္ေပမယ့္ ဂိုးသြင္းဖို႔ အဆံုးသတ္မႈပိုင္း လိုအပ္ခ်က္ေတြ ရွိေနျပီး သူ႔ေလာက္ေတာ့ ဂိုးသြင္းေကာင္းမယ္ မထင္ေၾကာင္း ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

အိုင္ယာလန္ ကြင္းလယ္လူေဟာင္း ႐ြိိဳင္ကိန္းက သူဟာ ဂႏၱဝင္မန္ေနဂ်ာၾကီး ဖာဂီကို ခြင့္လႊတ္မွာမဟုတ္ဘူးလို႔ ဆိုလာခဲ့ပါတယ္။ ဖာဂူဆန္လက္ေအာက္မွာ ပရီးမီးယားလိဂ္ ၁၃ ရာသီ ကစားခဲ့ေပမယ့္ ၂၀၀၅ မွာ အိုးလ္ထရက္ဖို႔ဒ္ကို ကိန္း စြန္႔ခြာသြားၿပီးေနာက္ သူတို႔ႏွစ္ဦးက မ်က္လုံးခ်င္းေတာင္ မဆုံခဲ့ၾကပါဘူး။

မန္ခ်က္စတာအေျခစိုက္ သတင္းဌာန MEN က ေကာက္ယူတဲ့ စစ္တမ္းအရ ယူႏိုက္တက္ ပရိသတ္ေတြဟာ ရာသီသစ္ရဲ႕ ပထမဆုံး ေလးပြဲမွာ အေကာင္းဆုံး စြမ္းေဆာင္ႏိုင္ခဲ့တဲ့ သူေတြအျဖစ္ မဲေပးမႈမွာ ဒီေႏြမွာ ေခၚယူထားတဲ့ ကစားသမားသစ္ သုံးေယာက္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

မန္ယူလူငယ္ကစားသမား တာဟစ္ေခ်ာင္က ကလပ္အသင္းနဲ႔ သက္တမ္းတိုးကိစၥ စကားေျပာေနေပမယ့္ အလံုးစံု ျပီးေျမာက္ဖုိ႔ကေတာ့ အေစာၾကီး ရွိပါေသးတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

မန္ယူအသင္း လူငယ္ကစားသမားျဖစ္သူ အသက္ ၁၈ ႏွစ္အရြယ္ Ethan Galbraith ဟာ အိုင္ယာလန္အသင္းအတြက္ အရန္ခံုကေန ပါဝင္ကစားခြင့္ ရခဲ့ပါတယ္။ မန္ေနဂ်ာမာတင္အိုေနးကေတာ့ လူငယ္ေလးက ထူးခၽြန္တဲ့ အရည္အခ်င္းရွိသူလို႔ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ပါတယ္။

UNICODE

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရပ်ဖို့ဒ်က တိုက်စစ်မှူးတစ်ယောက်အနေနဲ့ တိုးတက်မှုရှိလာအောင် အမြဲမပြတ် ကြိုးစားနေပြီး အင်္ဂလန်ရဲ့ အကောင်းဆုံးတိုက်စစ်သမား ဟာရီကိန်းကို အတုယူနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့လုပ်ခလစာ အများဆုံး နည်းပြ ၁၀ ဦးစာရင်းမှာ မန်ယူနည်းပြ ဆိုးရှားလည်း ပါဝင်နေကာ အဆင့် ၆ မှာ ရှိနေပါတယ်။ မန်ယူမှာ ဆိုးရှားဟာ တစ်နှစ် ပေါင် ၇ ဒသမ ၅ သန်းကို လုပ်အားခအဖြစ် ရနေပါတယ်။

မန်ယူ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ သြဂုတ်လအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုတွေကို သိမ်းပိုက်သွားခဲ့ပါတယ်။

နွေတုန်းက မန်ယူအသင်း စိတ်ဝင်စားခြင်းကို ခံရဖူးတဲ့ လက်စတာကွင်းလယ်လူ မတ်ဒီဆန်က သူ့ရဲ့အသင်းမှာပဲ ပျော်နေပြီး အစစအရာရာ အဆင်ပြေနေတယ်လို့ ကစားသမားနဲ့ နီးစပ်သူတစ်ဦးက ထုတ်ပြောသွားပါတယ်။

မိုက်ကယ် အိုဝင်ကတော့ ရက်ဖို့ဒ်ဟာ ကစားသမားကောင်း ဖြစ်ပေမယ့် ဂိုးသွင်းဖို့ အဆုံးသတ်မှုပိုင်း လိုအပ်ချက်တွေ ရှိနေပြီး သူ့လောက်တော့ ဂိုးသွင်းကောင်းမယ် မထင်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

အိုင်ယာလန် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက သူဟာ ဂန္တဝင်မန်နေဂျာကြီး ဖာဂီကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ဆိုလာခဲ့ပါတယ်။ ဖာဂူဆန်လက်အောက်မှာ ပရီးမီးယားလိဂ် ၁၃ ရာသီ ကစားခဲ့ပေမယ့် ၂၀၀၅ မှာ အိုးလ်ထရက်ဖို့ဒ်ကို ကိန်း စွန့်ခွာသွားပြီးနောက် သူတို့နှစ်ဦးက မျက်လုံးချင်းတောင် မဆုံခဲ့ကြပါဘူး။

မန်ချက်စတာအခြေစိုက် သတင်းဌာန MEN က ကောက်ယူတဲ့ စစ်တမ်းအရ ယူနိုက်တက် ပရိသတ်တွေဟာ ရာသီသစ်ရဲ့ ပထမဆုံး လေးပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ သူတွေအဖြစ် မဲပေးမှုမှာ ဒီနွေမှာ ခေါ်ယူထားတဲ့ ကစားသမားသစ် သုံးယောက် ရွေးချယ်ခံခဲ့ရပါတယ်။

မန်ယူလူငယ်ကစားသမား တာဟစ်ချောင်က ကလပ်အသင်းနဲ့ သက်တမ်းတိုးကိစ္စ စကားပြောနေပေမယ့် အလုံးစုံ ပြီးမြောက်ဖို့ကတော့ အစောကြီး ရှိပါသေးတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

မန်ယူအသင်း လူငယ်ကစားသမားဖြစ်သူ အသက် ၁၈ နှစ်အရွယ် Ethan Galbraith ဟာ အိုင်ယာလန်အသင်းအတွက် အရန်ခုံကနေ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ မန်နေဂျာမာတင်အိုနေးကတော့ လူငယ်လေးက ထူးချွန်တဲ့ အရည်အချင်းရှိသူလို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။