မန္ယူ ၀ါရင့္ကြင္းလယ္ကစားသမား မာတစ္က ဒီရာသီ မန္ယူအသင္း ပရီးမီးယားလိဂ္ကို စိန္မေခၚရတဲ့ အေၾကာင္းဟာ ဆိုးရွားမွာ အဓိက တာ၀န္ရွိတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ မာတစ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၂၂ မိနစ္ သာ ကစားထားေပမယ့္ ဆိုးရွားနဲ႕ အဆင္မေျပမႈ မရွိေၾကာင္း ဆိုပါတယ္။

မန္ခ်က္စတာယူနုိက္တက္ရဲ႕ ၾသဂုတ္လ အေကာင္းဆံုး ကစားသမားဆုကို ေတာင္ပံတိုက္စစ္သမားေလး ဒန္နီရယ္ဂ်ိမ္းစ္က ရရွိသြားပါတယ္။ ဂ်ိမ္းစ္ဟာ မန္ယူ ကစားသမားဘ၀ ပြဲဦးထြက္ လမွာတင္ ထိုသို႔ ပရိသတ္မ်ား ေရြးခ်ယ္တဲ့ ဆုကို ရရွိခဲ့ျခင္း ျဖစ္ျပီး မဲ ၆၁% နဲ႕ အျပတ္အသတ္ အနိုင္ရခဲ့တာပါ။

လူမ်ိဳးေရး ခဲြဲျခားမႈေတြ ရွိေနျခင္းက ေလ်ာ့ပါးျပီး ေရွ႕ဆက္တိုးရမယ့္ အေနအထားကေန ေခတ္ေနာက္ျပန္ဆြဲက ေနာက္သို႔ ေျခလွမ္းေတြ ျပန္ဆုတ္ေနသလို ျဖစ္ကာ စိတ္ပ်က္ရေၾကာင္း မန္ယူ နဲ႕ အဂၤလန္ တိုက္စစ္မွဴး ရက္ဖို႔ဒ္က ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။

မန္ယူဂိုးသမား ဒီဂီယာဟာ လက္ေရြးစင္အသင္း အဓိက ပြဲထြက္ခြင့္အား ခ်ယ္ဆီးဂိုးသမား ကီပါထံ ဆံုးရံွဴးခဲ့ရျပီျဖစ္ပါတယ္။ ဒီဂီယာဟာ ၂၀၁၈ ခုႏွစ္တည္းက လက္ေရြးစင္မွာ ပံုမွန္ေနရာရဖို႔ ရုန္းကန္ေနရသူ ျဖစ္ပါတယ္။

မန္ယူကစားသမား ရိုဂ်ိဳက ေႏြမွာ အဲဗာတန္ကို ေျပာင္းဖို႔ ျဖစ္ခဲ့ေပမယ့္ ကလပ္အသင္းနဲ႔ မန္ေနဂ်ာဘယ္က ပယ္ခ်ခဲ့ေၾကာင္း ဒီဇင္ဘာထိ ပြဲထြက္ခြင့္အတြက္ တိုက္ပြဲဝင္မွာျဖစ္ေပမယ့္ ျဖစ္မလာခဲ့ရင္ အသင္းကေန ထြက္ခြာမယ္လို႔ ေျပာဆိုပါတယ္။

မန္ယူလူငယ္ကစားသမား ဂရင္းဝုဒ္ဟာ အဂၤလန္ ယူ-၂၁ အသင္းပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့ပါတယ္။ သူမဝင္ခင္က ၂-၁ နဲ႔ အေရးနိမ့္ေနေပမယ့္ သူပါဝင္ျပီးေနာက္ အဂၤလန္က ၃-၂ နဲ႔ အႏုိင္ရခဲ့ကာ စြမ္းေဆာင္ရည္ေကာင္းခဲ့တယ္လုိ႔ သိရပါတယ္။

မန္ယူ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ယူနိုက္တက္အတြက္ နာမည္ေက်ာ္ ကြင္းလယ္ကစားသမား ဘရိုင္ယန္ေရာ့ဘ္ဆန္ ကဲ့သို႔ သက္ေရာက္မႈၾကီး ရွိလာေစဖို႔ နဗီးလ္က ေမွ်ာ္လင့္ေနျပီး ေပါ့ဘာ ေရာ့္ဘ္ဆန္ လက္သစ္ ျဖစ္လာေအာင္ ၾကိဳးပမ္းဖို႔ တိုက္တြန္းသြားပါတယ္။

အြန္လိုင္းလူမႈကြန္ယက္မွာ လူမ်ိဳးေရးခြဲျခားခံရမႈမ်ားအတြက္ တြစ္တာဘက္က ပူးေပါင္းေဆာင္ရြက္မႈမ်ားဟာ ခ်ယ္ဆီး၊ မန္ခ်က္စတာ ယူနိုက္တက္ကဲ့သို႔ အသင္းၾကီးက ကစားသမားမ်ားအတြက္သာ လႈပ္ရွားခဲ့တဲ့အေပၚ ၀က္ဖို႔ဒ္ကစားသမား ထရိြဳင္ဒီေနးက ေထာက္ျပ ေ၀ဖန္လိုက္ပါတယ္။

UNICODE

မန်ယူ ဝါရင့်ကွင်းလယ်ကစားသမား မာတစ်က ဒီရာသီ မန်ယူအသင်း ပရီးမီးယားလိဂ်ကို စိန်မခေါ်ရတဲ့ အကြောင်းဟာ ဆိုးရှားမှာ အဓိက တာဝန်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မာတစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၂ မိနစ် သာ ကစားထားပေမယ့် ဆိုးရှားနဲ့ အဆင်မပြေမှု မရှိကြောင်း ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ သြဂုတ်လ အကောင်းဆုံး ကစားသမားဆုကို တောင်ပံတိုက်စစ်သမားလေး ဒန်နီရယ်ဂျိမ်းစ်က ရရှိသွားပါတယ်။ ဂျိမ်းစ်ဟာ မန်ယူ ကစားသမားဘ၀ ပွဲဦးထွက် လမှာတင် ထိုသို့ ပရိသတ်များ ရွေးချယ်တဲ့ ဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး မဲ ၆၁% နဲ့ အပြတ်အသတ် အနိုင်ရခဲ့တာပါ။

လူမျိုးရေး ခွဲခြားမှုတွေ ရှိနေခြင်းက လျော့ပါးပြီး ရှေ့ဆက်တိုးရမယ့် အနေအထားကနေ ခေတ်နောက်ပြန်ဆွဲက နောက်သို့ ခြေလှမ်းတွေ ပြန်ဆုတ်နေသလို ဖြစ်ကာ စိတ်ပျက်ရကြောင်း မန်ယူ နဲ့ အင်္ဂလန် တိုက်စစ်မှူး ရက်ဖို့ဒ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်ယူဂိုးသမား ဒီဂီယာဟာ လက်ရွေးစင်အသင်း အဓိက ပွဲထွက်ခွင့်အား ချယ်ဆီးဂိုးသမား ကီပါထံ ဆုံးရံှူးခဲ့ရပြီဖြစ်ပါတယ်။ ဒီဂီယာဟာ ၂၀၁၈ ခုနှစ်တည်းက လက်ရွေးစင်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

မန်ယူကစားသမား ရိုဂျိုက နွေမှာ အဲဗာတန်ကို ပြောင်းဖို့ ဖြစ်ခဲ့ပေမယ့် ကလပ်အသင်းနဲ့ မန်နေဂျာဘယ်က ပယ်ချခဲ့ကြောင်း ဒီဇင်ဘာထိ ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်မှာဖြစ်ပေမယ့် ဖြစ်မလာခဲ့ရင် အသင်းကနေ ထွက်ခွာမယ်လို့ ပြောဆိုပါတယ်။

မန်ယူလူငယ်ကစားသမား ဂရင်းဝုဒ်ဟာ အင်္ဂလန် ယူ-၂၁ အသင်းပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ သူမဝင်ခင်က ၂-၁ နဲ့ အရေးနိမ့်နေပေမယ့် သူပါဝင်ပြီးနောက် အင်္ဂလန်က ၃-၂ နဲ့ အနိုင်ရခဲ့ကာ စွမ်းဆောင်ရည်ကောင်းခဲ့တယ်လို့ သိရပါတယ်။

မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယူနိုက်တက်အတွက် နာမည်ကျော် ကွင်းလယ်ကစားသမား ဘရိုင်ယန်ရော့ဘ်ဆန် ကဲ့သို့ သက်ရောက်မှုကြီး ရှိလာစေဖို့ နဗီးလ်က မျှော်လင့်နေပြီး ပေါ့ဘာ ရော့်ဘ်ဆန် လက်သစ် ဖြစ်လာအောင် ကြိုးပမ်းဖို့ တိုက်တွန်းသွားပါတယ်။

အွန်လိုင်းလူမှုကွန်ယက်မှာ လူမျိုးရေးခွဲခြားခံရမှုများအတွက် တွစ်တာဘက်က ပူးပေါင်းဆောင်ရွက်မှုများဟာ ချယ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်ကဲ့သို့ အသင်းကြီးက ကစားသမားများအတွက်သာ လှုပ်ရှားခဲ့တဲ့အပေါ် ဝက်ဖို့ဒ်ကစားသမား ထရွိုင်ဒီနေးက ထောက်ပြ ဝေဖန်လိုက်ပါတယ်။