ZAWGYI – မန္စီးတီးဟာ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလအတြက္ အခုတည္းက ၾကိဳတင္ျပီး လူငယ္တိုက္စစ္မွဴး တစ္ဦးကို ေခၚဖို႔ သေဘာတူညီမႈ ရယူထားနုိင္ခဲ့ျပီ ျဖစ္ပါတယ္။ စီးတီးဟာ ဆားဘီးယားကလပ္ Cukaricki မွ ၁၉ နွစ္ အရြယ္ တိုက္စစ္မွဴး ဆလိုဘိုဒန္ တီဒစ္ကို ေခၚယူနိုင္ခဲ့တာ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ တိုက္စစ္မွဴးေလးဟာ ဒီရာသီ ၉ပြဲ ကစားထားခ်ိန္မွာ ကလပ္အသင္းအတြက္ ၄ ဂိုး သြင္းယူထားျပီး ျဖစ္ကာ ဆားဘီးယား စူပါလီဂါမွာ ေျခစြမ္းျပေနပါတယ္။ တီဒစ္ရဲ႕ အရည္အခ်င္းကို သတိျပဳမိခဲ့တဲ့ မန္စီးတီးက ေျပာင္းေရႊ႕ေၾကး ေပါင္ ၂.၇ သန္းနဲ႕ ေခၚယူဖို႔ Cukaricki ကလပ္အသင္းနဲ႕ သေဘာတူညီမႈ ရယူခဲ့တာပါ။

အသက္ ၁၉ နွစ္သားေလးကို မန္စီးတီး ကင္းေထာက္မ်ားက အၾကိမ္ၾကိမ္ လာေရာက္ေလ့လာခဲ့တယ္လို႔ Cukaricki ကလပ္ ေဘာလံုးဒါရိုက္တာက ဖြင့္ဟ၀န္ခံခဲ့ျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းက တရား၀င္ ဆက္သြယ္လာခ်ိန္မွာ ခပ္သြက္သြက္ပဲ သေဘာတူညီမႈ ရခဲ့တယ္္လို႔ ေျပာဆိုခဲ့ပါတယ္။

Vojvodina အကယ္ဒမီထြက္ တိုက္စစ္မွဴး ဆလိုဘိုဒန္ တီဒစ္ဟာ လာမယ့္ နိုင္ငံတကာ သီတင္းပတ္ အတြက္ ဆားဘီးယား U21 အသင္းမွာ ေရြးခ်ယ္ခံထားရျပီး ရုရွားနဲ႕ ပြဲ ဒါမွမဟုတ္ လပ္ဗီးယားနဲ႕ ပြဲမွာ ပထမဆံုး ပြဲထြက္ ကစားခြင့္ ရဖြယ္ ရွိေနပါတယ္။

Myan News

UNICODE – မန်စီးတီးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွက် အခုတည်းက ကြိုတင်ပြီး လူငယ်တိုက်စစ်မှူး တစ်ဦးကို ခေါ်ဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ စီးတီးဟာ ဆားဘီးယားကလပ် Cukaricki မှ ၁၉ နှစ် အရွယ် တိုက်စစ်မှူး ဆလိုဘိုဒန် တီဒစ်ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆယ်ကျော်သက် တိုက်စစ်မှူးလေးဟာ ဒီရာသီ ၉ပွဲ ကစားထားချိန်မှာ ကလပ်အသင်းအတွက် ၄ ဂိုး သွင်းယူထားပြီး ဖြစ်ကာ ဆားဘီးယား စူပါလီဂါမှာ ခြေစွမ်းပြနေပါတယ်။ တီဒစ်ရဲ့ အရည်အချင်းကို သတိပြုမိခဲ့တဲ့ မန်စီးတီးက ပြောင်းရွှေ့ကြေး ပေါင် ၂.၇ သန်းနဲ့ ခေါ်ယူဖို့ Cukaricki ကလပ်အသင်းနဲ့ သဘောတူညီမှု ရယူခဲ့တာပါ။

အသက် ၁၉ နှစ်သားလေးကို မန်စီးတီး ကင်းထောက်များက အကြိမ်ကြိမ် လာရောက်လေ့လာခဲ့တယ်လို့ Cukaricki ကလပ် ဘောလုံးဒါရိုက်တာက ဖွင့်ဟဝန်ခံခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံအသင်းက တရားဝင် ဆက်သွယ်လာချိန်မှာ ခပ်သွက်သွက်ပဲ သဘောတူညီမှု ရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

Vojvodina အကယ်ဒမီထွက် တိုက်စစ်မှူး ဆလိုဘိုဒန် တီဒစ်ဟာ လာမယ့် နိုင်ငံတကာ သီတင်းပတ် အတွက် ဆားဘီးယား U21 အသင်းမှာ ရွေးချယ်ခံထားရပြီး ရုရှားနဲ့ ပွဲ ဒါမှမဟုတ် လပ်ဗီးယားနဲ့ ပွဲမှာ ပထမဆုံး ပွဲထွက် ကစားခွင့် ရဖွယ် ရှိနေပါတယ်။

Myan News