ႏုိင္ငံတကာသီတင္းပတ္ေတြမွာ ကံေကာင္းေလ့မရွိတဲ့ အာဆင္နယ္အတြက္ ျပသနာတစ္ရပ္က စတင္လာခဲ့ျပီျဖစ္ပါတယ္။ ဒါေပမယ့္လို႔ သတင္းဆိုးလို႔ ေျပာဖုိ႔ကလည္း အတည္ျပဳကိစၥေတြ မသိရေသးပဲ လက္ေရြးစင္ဘက္ကပဲ သတင္းထုတ္ျပန္မႈျဖစ္ပါတယ္။

အိုင္ဗရီကိုစ့္ လက္ေရြးစင္အသင္းဘက္က အာဆင္နယ္ေတာင္ပံသမား ပီပီဟာ လက္ေရြးစင္တာဝန္ ထမ္းေဆာင္ဖုိ႔ လာေရာက္ ပူးေပါင္းစဥ္မွာ ဒဏ္ရာရပါေၾကာင္း သတင္းထုတ္ျပန္လာခဲ့ျပီျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ ကစားသမားဟာ မီနင္နဲ႔ ယွဥ္ျပိဳင္ရမယ့္ ခ်စ္ၾကည္ေရးပြဲအတြက္ အိုဗရီကိုစ့္အသင္းနဲ႔ သြားေရာက္ ပူးေပါင္းခဲ့သူျဖစ္တယ္။

ေႏြအေျပာင္းအေရႊ႔မွာ လိုင္လီအသင္းကေန အာဆင္နယ္ကို ေျပာင္းလာခဲ့တဲ့ စံခ်ိန္တင္ ကစားသမားနဲ႔ ပက္သက္ျပီး အိုင္ဗရီကိုစ့္အသင္း ဝဘ္ဆိုဒ္ကေနပဲ ‘ နီကိုးလက္စ္ပီပီဟာ ကလပ္အသင္းနဲ႔ ဒဏ္ရာရလာခဲ့ျပီး ဗုဒၶဟူးေန႔ညေနမွ အဆိုပါသတင္းကို အေၾကာင္းၾကားခဲ့ပါတယ္ ‘ လို႔ ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္တို႔ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ စပါးနဲ႔ လီဗာပူးပြဲေတြမွာ မိနစ္ ၉၀ အျပည့္ ကစားခဲ့တဲ့ ပီပီဟာ နယူးကာဆယ္နဲ႔ ဘန္ေလတို႔နဲ႔ ယွဥ္ျပိဳင္တဲ့ ပြဲေတြမွာေတာ့ လူစားဝင္ ကစားသမားအျဖစ္ ကစားခဲ့သူျဖစ္တယ္။

ႏုိင္ငံအသင္းနဲ႔ ကလပ္အသင္းကေတာ့ ကစားသမားကို လက္ေရြးစင္တာဝန္ေတြ ထမ္းေဆာင္ေစျခင္း မျပဳပဲ အာဆင္နယ္ရဲ႕ လန္ဒန္ကိုေနး အေျခစိုက္မွာပဲ ၾကံ႕ခိုင္မႈေတြ ျပဳလုပ္ေစဖို႔ သေဘာတူညီခဲ့တယ္လုိ႔ သိရပါတယ္။ ပီပီအေနနဲ႔ ႏုိင္ငံတကာ သီတင္းပတ္အျပီး အာဆင္နယ္ရဲ႕ ပြဲေတြမွာ ပါဝင္ဖို႔ အဆင္သင့္ျဖစ္ေနမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

UNICODE

နိုင်ငံတကာသီတင်းပတ်တွေမှာ ကံကောင်းလေ့မရှိတဲ့ အာဆင်နယ်အတွက် ပြသနာတစ်ရပ်က စတင်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ သတင်းဆိုးလို့ ပြောဖို့ကလည်း အတည်ပြုကိစ္စတွေ မသိရသေးပဲ လက်ရွေးစင်ဘက်ကပဲ သတင်းထုတ်ပြန်မှုဖြစ်ပါတယ်။

အိုင်ဗရီကိုစ့် လက်ရွေးစင်အသင်းဘက်က အာဆင်နယ်တောင်ပံသမား ပီပီဟာ လက်ရွေးစင်တာဝန် ထမ်းဆောင်ဖို့ လာရောက် ပူးပေါင်းစဉ်မှာ ဒဏ်ရာရပါကြောင်း သတင်းထုတ်ပြန်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ မီနင်နဲ့ ယှဉ်ပြိုင်ရမယ့် ချစ်ကြည်ရေးပွဲအတွက် အိုဗရီကိုစ့်အသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့သူဖြစ်တယ်။

နွေအပြောင်းအရွှေ့မှာ လိုင်လီအသင်းကနေ အာဆင်နယ်ကို ပြောင်းလာခဲ့တဲ့ စံချိန်တင် ကစားသမားနဲ့ ပက်သက်ပြီး အိုင်ဗရီကိုစ့်အသင်း ဝဘ်ဆိုဒ်ကနေပဲ ‘ နီကိုးလက်စ်ပီပီဟာ ကလပ်အသင်းနဲ့ ဒဏ်ရာရလာခဲ့ပြီး ဗုဒ္ဓဟူးနေ့ညနေမှ အဆိုပါသတင်းကို အကြောင်းကြားခဲ့ပါတယ် ‘ လို့ ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်တို့ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ စပါးနဲ့ လီဗာပူးပွဲတွေမှာ မိနစ် ၉၀ အပြည့် ကစားခဲ့တဲ့ ပီပီဟာ နယူးကာဆယ်နဲ့ ဘန်လေတို့နဲ့ ယှဉ်ပြိုင်တဲ့ ပွဲတွေမှာတော့ လူစားဝင် ကစားသမားအဖြစ် ကစားခဲ့သူဖြစ်တယ်။

နိုင်ငံအသင်းနဲ့ ကလပ်အသင်းကတော့ ကစားသမားကို လက်ရွေးစင်တာဝန်တွေ ထမ်းဆောင်စေခြင်း မပြုပဲ အာဆင်နယ်ရဲ့ လန်ဒန်ကိုနေး အခြေစိုက်မှာပဲ ကြံ့ခိုင်မှုတွေ ပြုလုပ်စေဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ပီပီအနေနဲ့ နိုင်ငံတကာ သီတင်းပတ်အပြီး အာဆင်နယ်ရဲ့ ပွဲတွေမှာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။