လီဗာပူးအသင္းရဲ႕ အဓိကကစားသမား သံုးဦးျဖစ္သူ ဆာလက္၊ မာေနး၊ ကီတာတို႔ဟာ ကလပ္အသင္းအတြက္ သတင္းေကာင္းတစ္ခုကို သယ္ေဆာင္လာခဲ့ျပီလုိ႔ သိရပါတယ္။

ဇြန္လမွာ လီဗာပူးနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ကစားျပီးတဲ့ေနာက္ လက္ေရြးစင္တာဝန္ကို ဆက္တိုက္ ထမ္းေဆာင္ခဲ့တဲ့ အာဖရိက ကစားသမား သံုးဦးဟာ ရာသီၾကိဳခရီးစဥ္ေတြကို လြဲေခ်ာ္ခဲ့ၾကရသူေတြ ျဖစ္ပါတယ္။ ဒါဟာ ဒီရာသီမွာ ျပိဳင္ပြဲ ၇ ခုထိ ယွဥ္ျပိဳင္ရမယ့္ လီဗာပူးအတါက္ စိတ္ပ်က္စရာ ျဖစ္ခဲ့တာပါ။

အထူးသျဖင့္ ဆာလက္နဲ႔ မာေနးဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ႏွစ္ၾကိမ္ဆက္တုိက္ တက္ေရာက္ႏုိင္ခဲ့တဲ့ လီဗာပူးအတြက္ ၁၀၄ ပြဲနဲ႔ ၉၄ ပြဲ ထိ ပါဝင္ကစားခဲ့ၾကသူေတြျဖစ္တယ္။ ဆာလက္က ဒီရာသီ ပြဲစဥ္ ၆ ပြဲလံုးမွာ ပါဝင္ခဲ့ျပီး မာေနးက ေနာ္ဝစ္နဲ႔ပြဲမွာ လူစားဝင္ခဲ့ကာ ကြန္ျမဴနတီဒိုင္းပြဲ မပါခဲ့ေပမယ့္ က်န္ပြဲတိုင္းမွာ ပါဝင္ကစားခဲ့သူျဖစ္တယ္။

ကိတ္တာဟာ ၾကံ႕ခိုင္မႈ ျပသနာေတြေၾကာင့္ လူစာရင္းမွာ ပါဝင္ေနျခင္း မရွိပဲ ေလ့က်င့္မႈေတြနဲ႔ပဲ ျပန္သက္သာလာဖို႔ အာရံုစိုက္ေနရသူပါ။ သူတို႔ သံုးဦးလံုးဟာ ဒီလ ႏုိင္ငံတကာ သီတင္းပတ္မွာေတာ့ သက္ဆုိင္ရာ ႏုိင္ငံေတြနဲ႔ ပါဝင္ဖို႔ ပြဲစဥ္ေတြ မရွိခဲ့သလို ႏိုဝင္ဘာထိလည္း လက္ေရြးစင္တာဝန္ ထမ္းေဆာင္ရဖို႔ ရွိမေနတာျဖစ္တယ္။

ဆီနီေဂါနဲ႔ ဂူနီယာတို႔ဟာ အာဖရိကခ်န္ပီယံရွစ္အတြက္ ပထမအဆင့္နဲ႔ ဒုတိယအဆင့္ ေျခစစ္ပြဲေတြကို လီဗာပူးၾကယ္ပြင့္ေတြ ပါဝင္ျခင္းမရွိပဲ ယွဥ္ျပိဳင္သြားမွာျဖစ္တယ္။ ဒါ့အျပင္ အီဂ်စ္အသင္းကလည္း အဆိုပါ ျပိဳင္ပြဲကို ပါဝင္ဖို႔ မရွိသလို ခ်စ္ၾကည္ေရးပြဲေတြအတြက္ စီစဥ္ထားျခင္းလည္း မရွိတာေၾကာင့္ ဆာလက္ဟာ လက္ေရြးစင္တာဝန္ေတြ ထမ္းေဆာင္ရဖို႔ မရွိဘူးလို႔ သိရပါတယ္။

ႏိုဝင္ဘာလအထိေတာ့ လီဗာပူးအသင္းရဲ႕ အာဖရိက ကစားသမားေတြဟာ လက္ေရြးစင္တာဝန္ေတြ ပါဝင္ရဖို႔ မရွိတာက ယာဂင္ကေလာ့ပ္အတြက္ေတာ့ သေဘာေတြ႔စရာ ျဖစ္လာခဲ့ျပီျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်းရဲ့ အဓိကကစားသမား သုံးဦးဖြစ်သူ ဆာလက်၊ မာနေး၊ ကီတာတို့ဟာ ကလပ်အသင်းအတွက် သတင်းကောင်းတစ်ခုကို သယ်ဆောင်လာခဲ့ပြီလို့ သိရပါတယ်။

ဇွန်လမှာ လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားပြီးတဲ့နောက် လက်ရွေးစင်တာဝန်ကို ဆက်တိုက် ထမ်းဆောင်ခဲ့တဲ့ အာဖရိက ကစားသမား သုံးဦးဟာ ရာသီကြိုခရီးစဉ်တွေကို လွဲချော်ခဲ့ကြရသူတွေ ဖြစ်ပါတယ်။ ဒါဟာ ဒီရာသီမှာ ပြိုင်ပွဲ ၇ ခုထိ ယှဉ်ပြိုင်ရမယ့် လီဗာပူးအတါက် စိတ်ပျက်စရာ ဖြစ်ခဲ့တာပါ။

အထူးသဖြင့် ဆာလက်နဲ့ မာနေးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးအတွက် ၁၀၄ ပွဲနဲ့ ၉၄ ပွဲ ထိ ပါဝင်ကစားခဲ့ကြသူတွေဖြစ်တယ်။ ဆာလက်က ဒီရာသီ ပွဲစဉ် ၆ ပွဲလုံးမှာ ပါဝင်ခဲ့ပြီး မာနေးက နော်ဝစ်နဲ့ပွဲမှာ လူစားဝင်ခဲ့ကာ ကွန်မြူနတီဒိုင်းပွဲ မပါခဲ့ပေမယ့် ကျန်ပွဲတိုင်းမှာ ပါဝင်ကစားခဲ့သူဖြစ်တယ်။

ကိတ်တာဟာ ကြံ့ခိုင်မှု ပြသနာတွေကြောင့် လူစာရင်းမှာ ပါဝင်နေခြင်း မရှိပဲ လေ့ကျင့်မှုတွေနဲ့ပဲ ပြန်သက်သာလာဖို့ အာရုံစိုက်နေရသူပါ။ သူတို့ သုံးဦးလုံးဟာ ဒီလ နိုင်ငံတကာ သီတင်းပတ်မှာတော့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ပါဝင်ဖို့ ပွဲစဉ်တွေ မရှိခဲ့သလို နိုဝင်ဘာထိလည်း လက်ရွေးစင်တာဝန် ထမ်းဆောင်ရဖို့ ရှိမနေတာဖြစ်တယ်။

ဆီနီဂေါနဲ့ ဂူနီယာတို့ဟာ အာဖရိကချန်ပီယံရှစ်အတွက် ပထမအဆင့်နဲ့ ဒုတိယအဆင့် ခြေစစ်ပွဲတွေကို လီဗာပူးကြယ်ပွင့်တွေ ပါဝင်ခြင်းမရှိပဲ ယှဉ်ပြိုင်သွားမှာဖြစ်တယ်။ ဒါ့အပြင် အီဂျစ်အသင်းကလည်း အဆိုပါ ပြိုင်ပွဲကို ပါဝင်ဖို့ မရှိသလို ချစ်ကြည်ရေးပွဲတွေအတွက် စီစဉ်ထားခြင်းလည်း မရှိတာကြောင့် ဆာလက်ဟာ လက်ရွေးစင်တာဝန်တွေ ထမ်းဆောင်ရဖို့ မရှိဘူးလို့ သိရပါတယ်။

နိုဝင်ဘာလအထိတော့ လီဗာပူးအသင်းရဲ့ အာဖရိက ကစားသမားတွေဟာ လက်ရွေးစင်တာဝန်တွေ ပါဝင်ရဖို့ မရှိတာက ယာဂင်ကလော့ပ်အတွက်တော့ သဘောတွေ့စရာ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။