



UNICODE

မန်ယူအသင်းရဲ့ အမြန်ဆုံး ကစားသမားများ စာရင်းမှာတော့ စီနီယာအသင်းမှ ဒါလော့၊ ရပ်ဖိုဒ့်၊ ဂျိမ်းတို့အပြင် အကယ်ဒမီထွက် ကစားသမားနှစ်ဦးထိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဘယ်သူမှ ထင်မှတ်ထားကြမှာ မဟုတ်တာကတော့ မန်ယူရဲ့ အမြန်ဆုံး ကစားသမားဟာ အကယ်ဒမီအသင်းက အသက် ၁၆ နှစ်အရွယ် အိုင်ယာလန်ကစားသမား Deji Sotona ဖြစ်တယ်။ သူဟာ ကာရင်တန်လေ့ကျင့်ရေးမှာ အမြင့်ဆုံးဖြစ်တဲ့ 22.9mph နှုန်းထိ ပြေးနှုန်းရှိတယ်လို့ သိရပါတယ်။

Sotona ဟာ ဒုတိယနေရာက အမြန်ဆုံးကစားသမားဖြစ်သူ ပေါ်တူဂီ အစွန်သမား ဒါလော့ထက် 1.2mph ပိုမြန်တာဖြစ်တယ်။ ကစားသမားလေးဟာ မန်ယူအသင်း ယူ-၁၈ အသင်းမှာ ကစားနေသူဖြစ်ပြီး ကလပ်အသင်း နည်းပြအဖွဲ့ဝင်တွေရဲ့ မျက်စိကျခြင်းကို ပိုင်ဆိုင်နေတယ်လို့လည်း သိရပါတယ်။

စီနီယာအသင်းသားတွေထဲမှာတော့ Dalot (22.6mph), Tahith Chong (22.36mph), Marcus Rashford (22.18mph), Daniel James (22.07mph) တို့ အစဉ်လိုက် ရပ်တည်နေတာဖြစ်ပါတယ်။