မန္ယူအသင္းေခါင္းေဆာင္ေဟာင္း နဗီးက လက္ရွိမွာ ကလပ္အသင္းရဲ႕ ဖိအားေတြကို ေပါ့ဘာဟာ ခါးစည္းခံရမယ့္ အခ်ိန္ကို ေရာက္လာျပီျဖစ္ျပီး ကမၻာဖလားခ်န္ပီယံက ကမၻာအေကာင္းဆံုးဆိုတာ သက္ေသျပဖို႔ မန္ယူကို ဒုကၡေတာကေန ကယ္ထုတ္ေပးရပါမယ္လို႔ စိန္ေခၚလိုက္ပါတယ္။

နဗီးက ေပါ့ဘာကို စိန္ေခၚခဲ့ရာမွာ ‘ ေပါ့ဘာအေနနဲ႔ စြဲျမဲေနေအာင္ မွတ္ထားရမွာရွိျပီး သူက အေကာင္းဆံုးကလပ္ေတြထဲက တစ္သင္းရဲ႕ အေကာင္းဆံုး ကစားသမားပါ။ သူက ကမၻာဖလား အႏုိင္ရသူျဖစ္ျပီး လူေတြရဲ႕ မွတ္ခ်က္စကားေတြကို တုန္႔ျပန္မႈေတြ လုပ္သင့္ပါတယ္။

သူ ပင္နယ္တီလြဲတာအတြက္ ေဝဖန္ခံခဲ့ရတယ္။ ဒါက ရိုင္ကိန္း၊ ဘက္ခမ္း၊ ရြန္းနီတို႔တုန္းကနဲ႔ အတူတူပါပဲ။ အသင္းရဲ႕ေခါင္းေဆာင္တစ္ေယာက္၊ အေကာင္းဆံုးကစားသမားတစ္ေယာက္က ေဝဖန္မႈေတြကို ၾကံ႕ၾကံ႕ခံ ရင္ဆိုင္ရမွာပါပဲ။

အသင္းတစ္သင္းကို မန္ေနဂ်ာကပဲ တာဝန္ယူရျပီး လက္ေထာက္နည္းျပေတြက တာဝန္ခံရေလ့ မရွိပါဘူး။ ဘယ္ေတာင္ပံေတြ၊ ဘယ္အစြန္၊ ညာအစြန္ေတြက အေရးမပါပါဘူး။ ကြင္းထဲက ကလပ္အသင္းရဲ႕ နံပါတ္တစ္ ကစားသမားကပဲ တာဝန္ယူမႈေတြကို လုပ္ရမွာပါ။ ဒါက ဘယ္ေတာ့မွ မေျပာင္းလဲပါဘူး။

လူေတြက သူ႔ကို ေဝဖန္ၾကတယ္၊ ဖိအားေတြေပးၾကတယ္ ဘာလို႔လည္းဆိုေတာ့ သူက အေကာင္းဆံုး ကစားသမားျဖစ္ေနလို႔ ဒီလို ေဝဖန္ခံေနရတာပါ။ သူက တကယ္ကိုေကာင္းတဲ့ ကစားသမားပါ။ အခု ယူႏုိက္တက္က ျပသနာေတြ႔ေနပါတယ္။ လူတိုင္းက ေပါ့ဘာကိုပဲ ေစာင့္ၾကည့္လာၾကတယ္။ ဒီဖိအားကို သူလိုခ်င္ပါတယ္။ သူက ကမၻာအေကာင္းဆံုး ကစားသမားျဖစ္လိုသူပါ။ ဒီေတာ့ အခု သူဟာ ကမၻာအေကာင္းဆံုး ကစားသမားဆိုတာ သက္ေသျပရပါမယ္ ‘ လို႔ျဖစ္ပါတယ္။

UNICODE

မန်ယူအသင်းခေါင်းဆောင်ဟောင်း နဗီးက လက်ရှိမှာ ကလပ်အသင်းရဲ့ ဖိအားတွေကို ပေါ့ဘာဟာ ခါးစည်းခံရမယ့် အချိန်ကို ရောက်လာပြီဖြစ်ပြီး ကမ္ဘာဖလားချန်ပီယံက ကမ္ဘာအကောင်းဆုံးဆိုတာ သက်သေပြဖို့ မန်ယူကို ဒုက္ခတောကနေ ကယ်ထုတ်ပေးရပါမယ်လို့ စိန်ခေါ်လိုက်ပါတယ်။

နဗီးက ပေါ့ဘာကို စိန်ခေါ်ခဲ့ရာမှာ ‘ ပေါ့ဘာအနေနဲ့ စွဲမြဲနေအောင် မှတ်ထားရမှာရှိပြီး သူက အကောင်းဆုံးကလပ်တွေထဲက တစ်သင်းရဲ့ အကောင်းဆုံး ကစားသမားပါ။ သူက ကမ္ဘာဖလား အနိုင်ရသူဖြစ်ပြီး လူတွေရဲ့ မှတ်ချက်စကားတွေကို တုန့်ပြန်မှုတွေ လုပ်သင့်ပါတယ်။

သူ ပင်နယ်တီလွဲတာအတွက် ဝေဖန်ခံခဲ့ရတယ်။ ဒါက ရိုင်ကိန်း၊ ဘက်ခမ်း၊ ရွန်းနီတို့တုန်းကနဲ့ အတူတူပါပဲ။ အသင်းရဲ့ခေါင်းဆောင်တစ်ယောက်၊ အကောင်းဆုံးကစားသမားတစ်ယောက်က ဝေဖန်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရမှာပါပဲ။

အသင်းတစ်သင်းကို မန်နေဂျာကပဲ တာဝန်ယူရပြီး လက်ထောက်နည်းပြတွေက တာဝန်ခံရလေ့ မရှိပါဘူး။ ဘယ်တောင်ပံတွေ၊ ဘယ်အစွန်၊ ညာအစွန်တွေက အရေးမပါပါဘူး။ ကွင်းထဲက ကလပ်အသင်းရဲ့ နံပါတ်တစ် ကစားသမားကပဲ တာဝန်ယူမှုတွေကို လုပ်ရမှာပါ။ ဒါက ဘယ်တော့မှ မပြောင်းလဲပါဘူး။

လူတွေက သူ့ကို ဝေဖန်ကြတယ်၊ ဖိအားတွေပေးကြတယ် ဘာလို့လည်းဆိုတော့ သူက အကောင်းဆုံး ကစားသမားဖြစ်နေလို့ ဒီလို ဝေဖန်ခံနေရတာပါ။ သူက တကယ်ကိုကောင်းတဲ့ ကစားသမားပါ။ အခု ယူနိုက်တက်က ပြသနာတွေ့နေပါတယ်။ လူတိုင်းက ပေါ့ဘာကိုပဲ စောင့်ကြည့်လာကြတယ်။ ဒီဖိအားကို သူလိုချင်ပါတယ်။ သူက ကမ္ဘာအကောင်းဆုံး ကစားသမားဖြစ်လိုသူပါ။ ဒီတော့ အခု သူဟာ ကမ္ဘာအကောင်းဆုံး ကစားသမားဆိုတာ သက်သေပြရပါမယ် ‘ လို့ဖြစ်ပါတယ်။