မန္ယူအသင္းရဲ့ ေတာင္ပံသမား ဂ်ိမ္းစ္ဟာလို ကလပ္အသင္းမွာ ျပသေနသလို ေျခစြမ္းကို လက္ေရြးစင္အသင္းမွာလည္း ျပသႏိုင္လိမ့္မယ္လို့ ေမ်ွာ္လင့္ေၾကာင္း ေဝလ္းမန္ေနဂ်ာဂစ္က ထုတ္ေဖာ္ ေျပာဆိုပါတယ္။

မန္ယူလူငယ္ၾကယ္ပြင့္ တာဟစ္ေခ်ာင္က ကလပ္အသင္းနဲ႔ သက္တမ္းတိုးစာခ်ဳပ္ ခ်ဳပ္ဆိုလိုေနပါတယ္။ ကစားသမားကေတာ့ အိုထရတ္ဖိုဒ့္မွာ ေအာင္ျမင္တဲ့ ကစားသမားျဖစ္လာဖို႔ သက္ေသျပလိုတဲ့ ဆႏၵ ျပင္းျပေနတယ္လုိ႔ သိရပါတယ္။

မန္ယူ ကစားသမားေဟာင္း ဂယ္ရီ နဗီးလ္က အသင္းေဖာ္ေဟာင္းျဖစ္တဲ့ လက္ရွိ မန္ယူနည္းျပ ဆိုးရွားဟာ ယာဂင္ကေလာ့ပ္ တစ္ေယာက္ လီဗာပူးကို ေျပာင္းလဲႏိုင္ခဲ့သလိုပဲ မန္ယူကို ျပန္လည္ တည္ေဆာက္ႏိုင္လိမ့္မယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီမွာ ခံစစ္မွဴးဗန္ဒိုက္ကို ေခၚယူဖို႔မွာ လီဗာပူးက အသာရခဲ့ေပမယ့္ ျပိဳင္ဘက္ မန္စီးတီး၊ မန္ယူတို႔ကလည္း ကစားသမားကို ေခၚယူဖို႔ ၾကိဳးစားမႈေတြ ရွိခဲ့ေသးတာျဖစ္တယ္။ မန္ယူဘက္ကေတာ့ မန္ေနဂ်ာေမာ္ရင္ညိဳက ေခၚယူလိုျခင္း မရွိတာေၾကာင့္ ကမ္းလွမ္းမႈေတြ ရုတ္သိမ္းခဲ့တာလို႔ သိရပါတယ္။

မန္ယူရဲ႕ အျမန္ဆံုးကစားသမားဟာ အသက္ ၁၆ ႏွစ္အရြယ္ ဆိုတိုနာျဖစ္တယ္လို႔ သိရပါတယ္။ သူဟာ တစ္နာရီကို ၂၂.၉ မိုင္ ႏႈန္း ေျပးႏုိင္သူျဖစ္ျပီး ဒုတိယေနရာမွာ ဒါေလာ့၊ တတိယေနရာမွာ ေခ်ာင္နဲ႔ အဆင့္ေလးမွာ ရပ္ဖို႔၊ အဆင့္ငါးမွာ ဂ်ိမ္းတို႔ ရပ္တည္ေနပါတယ္။

မန္ယူဟာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ဆန္းခ်က္ကို ေခၚယူခဲ့တာအတြက္ ေပါင္ သန္းေပါင္းမ်ားစြာ အရံွဴးေပၚခဲ့တယ္လို႔ သိရပါတယ္။ တိုက္စစ္သမားအတြက္ အေျခခံလုပ္ခ ေပါင္ ၃ သိန္းနဲ႔တင္ပဲ မန္ယူဟာ လုပ္ခ ေပါင္ ၂၄.၉ သန္း ကုန္က်ခဲ့တယ္လို႔ သိရတယ္။

မန္ယူကြင္းလယ္လူလင္ဂတ္ဟာ ဒီကေန႔ အဂၤလန္အသင္းေလ့က်င့္ေရးကို အဖ်ားေၾကာင့္ ပါဝင္ျခင္း မရွိပါဘူး။ ညာအစြန္လူ ဘစ္ဆာကာကေတာ့ ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ထားျပီး ျဖစ္ပါတယ္။

ပီအက္ဂ်ီကစားသမား ေသာမက္စ္မူနီယာက မန္ယူနဲ႔ ေျပာင္းေရႊ႔ဖို႔ ညိႏိႈင္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့အေပၚ တကယ္ကို ခက္ခဲတဲ့ ကာလျဖစ္ျပီး အေျပာင္းအေရႊ႔အတြက္ ကမ္းလွမ္းမႈေတြဟာ မျဖစ္ေျမာက္ခဲ့ပါဘူးလို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ဂယ္ရီနဗီးက မန္ယူကြင္းလယ္လူ ေပါ့ဘာအား အေကာင္းဆံုးကစားသမားဆိုတာကို သက္ေသျပဖို႔အတြက္ မန္ယူအသင္းကို အေျခအေနဆိုးကေန ဆြဲတင္ဖို႔ စိန္ေခၚစကား ေျပာဆိုလိုက္ပါတယ္။

UNICODE

မန်ယူအသင်းရဲ့ တောင်ပံသမား ဂျိမ်းစ်ဟာလို ကလပ်အသင်းမှာ ပြသနေသလို ခြေစွမ်းကို လက်ရွေးစင်အသင်းမှာလည်း ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဝေလ်းမန်နေဂျာဂစ်က ထုတ်ဖော် ပြောဆိုပါတယ်။

မန်ယူလူငယ်ကြယ်ပွင့် တာဟစ်ချောင်က ကလပ်အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုနေပါတယ်။ ကစားသမားကတော့ အိုထရတ်ဖိုဒ့်မှာ အောင်မြင်တဲ့ ကစားသမားဖြစ်လာဖို့ သက်သေပြလိုတဲ့ ဆန္ဒ ပြင်းပြနေတယ်လို့ သိရပါတယ်။

မန်ယူ ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က အသင်းဖော်ဟောင်းဖြစ်တဲ့ လက်ရှိ မန်ယူနည်းပြ ဆိုးရှားဟာ ယာဂင်ကလော့ပ် တစ်ယောက် လီဗာပူးကို ပြောင်းလဲနိုင်ခဲ့သလိုပဲ မန်ယူကို ပြန်လည် တည်ဆောက်နိုင်လိမ့်မယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ခံစစ်မှူးဗန်ဒိုက်ကို ခေါ်ယူဖို့မှာ လီဗာပူးက အသာရခဲ့ပေမယ့် ပြိုင်ဘက် မန်စီးတီး၊ မန်ယူတို့ကလည်း ကစားသမားကို ခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိခဲ့သေးတာဖြစ်တယ်။ မန်ယူဘက်ကတော့ မန်နေဂျာမော်ရင်ညိုက ခေါ်ယူလိုခြင်း မရှိတာကြောင့် ကမ်းလှမ်းမှုတွေ ရုတ်သိမ်းခဲ့တာလို့ သိရပါတယ်။

မန်ယူရဲ့ အမြန်ဆုံးကစားသမားဟာ အသက် ၁၆ နှစ်အရွယ် ဆိုတိုနာဖြစ်တယ်လို့ သိရပါတယ်။ သူဟာ တစ်နာရီကို ၂၂.၉ မိုင် နှုန်း ပြေးနိုင်သူဖြစ်ပြီး ဒုတိယနေရာမှာ ဒါလော့၊ တတိယနေရာမှာ ချောင်နဲ့ အဆင့်လေးမှာ ရပ်ဖို့၊ အဆင့်ငါးမှာ ဂျိမ်းတို့ ရပ်တည်နေပါတယ်။

မန်ယူဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆန်းချက်ကို ခေါ်ယူခဲ့တာအတွက် ပေါင် သန်းပေါင်းများစွာ အရံှူးပေါ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်စစ်သမားအတွက် အခြေခံလုပ်ခ ပေါင် ၃ သိန်းနဲ့တင်ပဲ မန်ယူဟာ လုပ်ခ ပေါင် ၂၄.၉ သန်း ကုန်ကျခဲ့တယ်လို့ သိရတယ်။

မန်ယူကွင်းလယ်လူလင်ဂတ်ဟာ ဒီကနေ့ အင်္ဂလန်အသင်းလေ့ကျင့်ရေးကို အဖျားကြောင့် ပါဝင်ခြင်း မရှိပါဘူး။ ညာအစွန်လူ ဘစ်ဆာကာကတော့ ဒဏ်ရာကြောင့် နုတ်ထွက်ထားပြီး ဖြစ်ပါတယ်။

ပီအက်ဂျီကစားသမား သောမက်စ်မူနီယာက မန်ယူနဲ့ ပြောင်းရွှေ့ဖို့ ညိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့အပေါ် တကယ်ကို ခက်ခဲတဲ့ ကာလဖြစ်ပြီး အပြောင်းအရွှေ့အတွက် ကမ်းလှမ်းမှုတွေဟာ မဖြစ်မြောက်ခဲ့ပါဘူးလို့ ထုတ်ဖော်ပြောဆိုပါတယ်။

ဂယ်ရီနဗီးက မန်ယူကွင်းလယ်လူ ပေါ့ဘာအား အကောင်းဆုံးကစားသမားဆိုတာကို သက်သေပြဖို့အတွက် မန်ယူအသင်းကို အခြေအနေဆိုးကနေ ဆွဲတင်ဖို့ စိန်ခေါ်စကား ပြောဆိုလိုက်ပါတယ်။