မိုက်ကယ်အိုဝင်က လီဗာပူးအသင်းဟာ ဂန္တ၀င် ကစားသမားကြီး စတီဗင်ဂျာရတ် ကို ၄င်း အန်ဖီးလ်မှ တကယ် မထွက်ခွာခင် နှစ်နှစ်ခန့် အလိုတည်းက အသင်းကနေ ထွက်စေလိုခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

လီဗာပူး ဘယ်ခံစစ်မှူး အန်ဒီ ရော်ဘတ်ဆန်ဟာ FIFPro ရဲ့ ကမ္ဘာအကောင်းဆုံး ၁၁ ဦးအတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ရော်ဘတ်ဆန်ဟာ ထို ဆုပေးမှု စတင်လာတဲ့ ၁၅ နှစ်အတွင်း စာရင်းထဲ ပါဝင်လာတဲ့ ပထမဆုံးသော စကော်တလန် ကစားသမားဖြစ်လာခဲ့ပါတယ်။

FIFPro ရဲ့ ဆန်ကာတင် လူစာရင်းမှာ ရော်ဘတ်ဆန်နဲ့ အတူ လီဗာပူး အသင်းဖော်တွေဖြစ်တဲ့ အယ်လီဆန်၊ အာနိုး၊ ဗန်ဒိုက်၊ ဆာလက်၊ မာနေး၊ ဖာမင်နို တို့လည်း ပါဝင်ခဲ့ပါတယ်။

ဘောလုံးအေးဂျင့် ဗင်ဆန်ဇိုမိုရာဘီတို က ဘော်ဘီ ဒန်ကန်ဟာ ဖီအိုရင်တီးနား အသင်းကို မပြောင်းမီ မန်ယူ အသင်းနဲ့ စာချုပ်ချုပ် နိုင်ဖို့ အခွင့်အရေး ရှိနေပေမယ့်လည်း လီဗာပူးအသင်းအပေါ် သစ္စာ မဖောက်ချင်တာကြောင့် ဒီအခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

လီဗာပူးနဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမား ချိန်ဘာလိန် က အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ပြီးနောက် လာမည့် ယူရို ၂၀၂၀ မှာတော့ ဗိုလ်စွဲဖို့ အထိ ရည်မှန်းချက်ထားနေတယ်လို့ ဆိုလိုက်ပါတယ်။

ခြေသလုံး ဒဏ်ရာ ရထားခဲ့တဲ့ ဂိုးသမား အယ်လီဆန်ဟာ မဲဝုဒ်လေ့ကျင့်ရေးကွင်းမှာ အပေါ့စား လေ့ကျင့်မှုတွေ ပြန်လုပ်နေပြီလို့ သိရပါတယ်။

လီဗာပူးကနေ ဘုန်းမောက်မှာ အငှား သွားကစား နေတဲ့ ဟယ်ရီဝီလ်ဆန်ဟာ ဘုန်းမောက်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား ဆု ကို ဆွတ်ခူး သွားနိုင်ခဲ့ပါတယ်။

မန်စီးတီးဂိုးသမား အီဒါဆင်က ဘရာဇီး လက်ရွေးစင် အသင်းဖော် လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ ကမ္ဘာ့အကောင်းဆုံး နံပတ် (၁) ဂိုးသမား ဖြစ်တယ်လို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။