ZAWGYI – ဖီဖာ တစ္ႏွစ္တာ အေကာင္းဆံုးအသင္း အတြက္ ဆန္ကာတင္စာရင္းကို ထုတ္ျပန္ခဲ့ရာမွာ တုိက္စစ္မွဴးစာရင္းမွာ မႏွစ္က ပရီးမီးယားလိဂ္ ဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့ အာဆင္နယ္ တုိက္စစ္မွဴး အူဘာမီယန္း မပါ၀င္ခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြ ရွိေနပါတယ္။

အာဆင္နယ္မွ ဘရာဇီးလ္ လူငယ္ၾကယ္ပြင့္ ဂါဘရီယယ္ မာတီနယ္လီက ကလပ္အသင္းနဲ႕ အတူ ဆုဖလားေတြ ေအာင္ျမင္မႈေတြ ရယူျပီး ၾကီးက်ယ္ခမ္းနားတာေတြ လုပ္ျပသြားဖို႔နဲ႕ ၄င္းအမည္ အသင္းသမိုင္းမွာ က်န္ရစ္ေအာင္ထိပါ ၾကိဳးစားသြားမယ္လို႔ လတ္တေလာ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ကေန ခ်န္ပီယံရွစ္ကလပ္ လိဒ္ယူနိုက္တက္ အသင္းမွာ တစ္ရာသီ အငွားသြားေရာက္ကစားေနတဲ့ အန္ကတ္တီးယားက သူ႔ ဂိုးသြင္း စြမ္းရည္ တိုးတက္ ေကာင္းမြန္လာဖို႔ အသင္းတိုက္စစ္မွဴးေဟာင္း အီယန္ရိုက္က အႀကံဉာဏ္ေတြ အမ်ားႀကီး ေပးခဲ့ေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္။

အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ အန္ကတ္တီးယားဟာ အာဆင္နယ္ အသင္းရဲ့ ရာသီႀကိဳ ေျခစမ္းပြဲေတြမွာ သုံးဂိုး အထိ သြင္းယူ နိုင္ခဲ့ၿပီး အေကာင္းဆုံး ကစားသမားဆုကိုလည္း ႏွစ္ႀကိမ္တိုင္တိုင္ ဆြတ္ခူး ရရွိခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၂၀၂၁ ခုႏွစ္မွာ စာခ်ဳပ္ကုန္ဆံုးေတာ့မယ့္ တုိက္စစ္မွဴး အူဘာမီယန္းရဲ႕ စာခ်ဳပ္သစ္ကိစၥကို လာကာဇက္တီ ထက္ ပိုမို ဦးစားေပးျပီး ေဆာင္ရြက္ေနပါတယ္။ လာကာဇက္တီ ရဲ႕ စာခ်ဳပ္က ၂၀၂၂ ခုႏွစ္အထိ စာခ်ဳပ္က်န္ရွိေနတာပါ။

ပရီးမီးယားလိဂ္ တုိက္စစ္မွဴးေဟာင္း ဒါရင္း ဘန္႔ခ္က အာဆင္နယ္ ဂိုးသမား လီႏိုက ေကာင္းစြာ တိုးတက္လာေနျပီး ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး ဂိုးသမား ျဖစ္လာေနျပီလို႔ ေျပာၾကားလိုက္ပါတယ္။

အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွာပဲ ရိုးမားအသင္းထံ အငွားနဲ႔ ေျပာင္းေရႊ႕သြားခ့ဲတဲ့ မီခီတာရန္က ရိုးမားမွာ တေက်ာ့ျပန္ ေျခစြမ္းျပန္ျပဖို႔ ေမွ်ာ္လင့္ေနျပီး ပြဲထြက္ခြင့္အတြက္ ရုန္းကန္ခဲ့ရတဲ့ အာဆင္နယ္အသင္းထံ ျပန္လာျဖစ္မလား မေသခ်ာေတာ့ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။

ဒဏ္ရာ ကိုယ္စီရွိေနတဲ့ ဂ်ိဳး ၀ယ္ေလာ့နဲ႔ လာကာဇက္တီတို႔ အေျခအေနဟာ စိုးရိမ္စရာမရွိဘဲ နုိင္ငံတကာပြဲမ်ား အျပီး ဝက္ဖို႔ဒ္နဲ႔ပြဲအတြက္ ႏွစ္ဦးစလံုး အဆင္သင့္ျဖစ္ေနမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

Myan News

UNICODE – ဖီဖာ တစ်နှစ်တာ အကောင်းဆုံးအသင်း အတွက် ဆန်ကာတင်စာရင်းကို ထုတ်ပြန်ခဲ့ရာမှာ တိုက်စစ်မှူးစာရင်းမှာ မနှစ်က ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း မပါဝင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။

အာဆင်နယ်မှ ဘရာဇီးလ် လူငယ်ကြယ်ပွင့် ဂါဘရီယယ် မာတီနယ်လီက ကလပ်အသင်းနဲ့ အတူ ဆုဖလားတွေ အောင်မြင်မှုတွေ ရယူပြီး ကြီးကျယ်ခမ်းနားတာတွေ လုပ်ပြသွားဖို့နဲ့ ၎င်းအမည် အသင်းသမိုင်းမှာ ကျန်ရစ်အောင်ထိပါ ကြိုးစားသွားမယ်လို့ လတ်တလော အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ကနေ ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်းမှာ တစ်ရာသီ အငှားသွားရောက်ကစားနေတဲ့ အန်ကတ်တီးယားက သူ့ ဂိုးသွင်း စွမ်းရည် တိုးတက် ကောင်းမွန်လာဖို့ အသင်းတိုက်စစ်မှူးဟောင်း အီယန်ရိုက်က အကြံဉာဏ်တွေ အများကြီး ပေးခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အန်ကတ်တီးယားဟာ အာဆင်နယ် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ သုံးဂိုး အထိ သွင်းယူ နိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကိုလည်း နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူး ရရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၁ ခုနှစ်မှာ စာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အူဘာမီယန်းရဲ့ စာချုပ်သစ်ကိစ္စကို လာကာဇက်တီ ထက် ပိုမို ဦးစားပေးပြီး ဆောင်ရွက်နေပါတယ်။ လာကာဇက်တီ ရဲ့ စာချုပ်က ၂၀၂၂ ခုနှစ်အထိ စာချုပ်ကျန်ရှိနေတာပါ။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်ခ်က အာဆင်နယ် ဂိုးသမား လီနိုက ကောင်းစွာ တိုးတက်လာနေပြီး ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ဂိုးသမား ဖြစ်လာနေပြီလို့ ပြောကြားလိုက်ပါတယ်။

အပြောင်းအရွှေ့နောက်ဆုံးရက်မှာပဲ ရိုးမားအသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ မီခီတာရန်က ရိုးမားမှာ တကျော့ပြန် ခြေစွမ်းပြန်ပြဖို့ မျှော်လင့်နေပြီး ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရတဲ့ အာဆင်နယ်အသင်းထံ ပြန်လာဖြစ်မလား မသေချာတော့ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဒဏ်ရာ ကိုယ်စီရှိနေတဲ့ ဂျိုး ဝယ်လော့နဲ့ လာကာဇက်တီတို့ အခြေအနေဟာ စိုးရိမ်စရာမရှိဘဲ နိုင်ငံတကာပွဲများ အပြီး ဝက်ဖို့ဒ်နဲ့ပွဲအတွက် နှစ်ဦးစလုံး အဆင်သင့်ဖြစ်နေမှာ ဖြစ်တယ်လို့ သိရပါတယ်။

Myan News