၂၀၁၈ ခုႏွစ္ ဇန္နဝါရီမွာ ခံစစ္မွဴးဗန္ဒိုက္ကို ေခၚယူဖို႔မွာ လီဗာပူးက အသာရခဲ့ေပမယ့္ ျပိဳင္ဘက္ မန္စီးတီး၊ မန္ယူတို႔ကလည္း ကစားသမားကို ေခၚယူဖို႔ ၾကိဳးစားမႈေတြ ရွိခဲ့ေသးတာျဖစ္တယ္။

လီဗာပူးဘက္က ေပါင္ ၇၅ သန္းထိေပးျပီး ေခၚယူခဲ့တဲ့ ဗန္ဒိုက္ကိုေတာ့ မန္စီးတီးဘက္က ေျပာင္းေရႊ႔ေၾကး ျမင့္မားျခင္းေၾကာင့္ ေနာက္ဆုတ္ခဲ့ျခင္းျဖစ္ျပီး မန္ယူဘက္ကေတာ့ မန္ေနဂ်ာေမာ္ရင္ညိဳက ေခၚယူလိုျခင္း မရွိတာေၾကာင့္ ကမ္းလွမ္းမႈေတြ ရုတ္သိမ္းခဲ့တာလို႔ သိရပါတယ္။

၂၀၁၈ တုန္းက အေတာ္ေလး လူၾကိဳက္မ်ားတဲ့ ခံစစ္မွဴးျဖစ္ေနတဲ့ ဗန္ဒိုက္ဟာ ထိပ္တန္းအဆင့္မွာ က်င္လယ္ႏုိင္တယ္ဆိုတာကို သက္ေသျပရျခင္းေတာ့ မရွိေသးပါဘူး။ ေဆာက္သမ္တန္မွာ အလားအလာေကာင္းေနတဲ့ ဗန္ဒိုက္ကို ေခၚယူႏုိင္ဖုိ႔ေတာ့ လီဗာပူး၊ မန္ယူ၊ မန္စီးတီးတို႔ ၾကိဳးစားေနခဲ့တာျဖစ္တယ္။

မန္ယူဘက္က ဗန္ဒိုက္ကို ေခၚယူဖို႔ ေနာက္ဆုတ္ခဲ့ရျခင္း အဓိက အေၾကာင္းရင္းက မန္ေနဂ်ာေမာ္ရင္ညိဳဟာ ဗန္ဒိုက္ကို သေဘာေတြ႔ေပမယ့္ ခံစစ္သမားတစ္ဦးကို ေခၚယူလိုျခင္း မရွိသလို အေျပာင္းအေရႊ႔မွာ ေစ်းျပိဳင္ေပးဖို႔လည္း ဆႏၵမရွိတာေၾကာင့္ မေခၚယူဖို႔ ဆံုးျဖတ္ခဲ့တယ္လို႔ မန္ယူနဲ႔ နီးစပ္သူေတြထံက သိလာရတာျဖစ္တယ္။ ဒါေပမယ့္လည္း လပိုင္းအၾကာမွာေတာ့ မန္ယူဟာ ခံစစ္မွာ ျပသနာၾကီးေတြ ေပၚလာခဲ့ပါတယ္။

မန္ခ်က္စတာအသင္းေတြ ရင္းႏွီးျမဳပ္ႏွံဖို႔ တြန္႔ဆုတ္ခဲ့တဲ့ ဗန္ဒိုက္ဟာ လီဗာပူးမွာ ထူးခၽြန္တဲ့ အရည္အခ်င္းေကာင္းေတြ ျပသႏုိင္ခဲ့တာျဖစ္ျပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ႏွစ္ႏွစ္ဆက္တိုက္ တက္ေရာက္ႏုိင္ခဲ့သလို မႏွစ္တုန္းကေတာ့ ခ်န္ပီယံလိဂ္ဖလားကိုပါ အႏုိင္ရခဲ့တာျဖစ္ပါတယ္။

UNICODE

၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ ခံစစ်မှူးဗန်ဒိုက်ကို ခေါ်ယူဖို့မှာ လီဗာပူးက အသာရခဲ့ပေမယ့် ပြိုင်ဘက် မန်စီးတီး၊ မန်ယူတို့ကလည်း ကစားသမားကို ခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိခဲ့သေးတာဖြစ်တယ်။

လီဗာပူးဘက်က ပေါင် ၇၅ သန်းထိပေးပြီး ခေါ်ယူခဲ့တဲ့ ဗန်ဒိုက်ကိုတော့ မန်စီးတီးဘက်က ပြောင်းရွှေ့ကြေး မြင့်မားခြင်းကြောင့် နောက်ဆုတ်ခဲ့ခြင်းဖြစ်ပြီး မန်ယူဘက်ကတော့ မန်နေဂျာမော်ရင်ညိုက ခေါ်ယူလိုခြင်း မရှိတာကြောင့် ကမ်းလှမ်းမှုတွေ ရုတ်သိမ်းခဲ့တာလို့ သိရပါတယ်။

၂၀၁၈ တုန်းက အတော်လေး လူကြိုက်များတဲ့ ခံစစ်မှူးဖြစ်နေတဲ့ ဗန်ဒိုက်ဟာ ထိပ်တန်းအဆင့်မှာ ကျင်လယ်နိုင်တယ်ဆိုတာကို သက်သေပြရခြင်းတော့ မရှိသေးပါဘူး။ ဆောက်သမ်တန်မှာ အလားအလာကောင်းနေတဲ့ ဗန်ဒိုက်ကို ခေါ်ယူနိုင်ဖို့တော့ လီဗာပူး၊ မန်ယူ၊ မန်စီးတီးတို့ ကြိုးစားနေခဲ့တာဖြစ်တယ်။

မန်ယူဘက်က ဗန်ဒိုက်ကို ခေါ်ယူဖို့ နောက်ဆုတ်ခဲ့ရခြင်း အဓိက အကြောင်းရင်းက မန်နေဂျာမော်ရင်ညိုဟာ ဗန်ဒိုက်ကို သဘောတွေ့ပေမယ့် ခံစစ်သမားတစ်ဦးကို ခေါ်ယူလိုခြင်း မရှိသလို အပြောင်းအရွှေ့မှာ ဈေးပြိုင်ပေးဖို့လည်း ဆန္ဒမရှိတာကြောင့် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မန်ယူနဲ့ နီးစပ်သူတွေထံက သိလာရတာဖြစ်တယ်။ ဒါပေမယ့်လည်း လပိုင်းအကြာမှာတော့ မန်ယူဟာ ခံစစ်မှာ ပြသနာကြီးတွေ ပေါ်လာခဲ့ပါတယ်။

မန်ချက်စတာအသင်းတွေ ရင်းနှီးမြုပ်နှံဖို့ တွန့်ဆုတ်ခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးမှာ ထူးချွန်တဲ့ အရည်အချင်းကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့သလို မနှစ်တုန်းကတော့ ချန်ပီယံလိဂ်ဖလားကိုပါ အနိုင်ရခဲ့တာဖြစ်ပါတယ်။