အေမရိကန္တိုက္စစ္သမား ပူလာဆစ္က ပရီးမီးယားလိဂ္မွာ တရားဝင္ပြဲေတြနဲ႔ အေျခခ်ခဲ့တာ တစ္လနီးပါး ရွိခဲ့ျပီျဖစ္ျပီး လက္ရွိမွာေတာ့ လက္ေရြးစင္တာဝန္အတြက္ သြားေရာက္ ထမ္းေဆာင္ေနျပီျဖစ္ပါတယ္။

နယ္ေျမသစ္မွာ အသားက်ဖို႔ ၾကိဳးစားေနသလို ပိုေကာင္းတဲ့ ကစားသမားအျဖစ္ မိမိဘာသာ အဆင့္ျမင့္တင္ႏုိင္ဖုိ႔ စိတ္ပိုင္းျဖတ္ထားတဲ့ ပူလာဆစ္က ခ်ယ္ဆီးမွ သူ႔ရဲ႕အေနအထားနဲ႔ မန္ေနဂ်ာလမ္းပတ္အေပၚ အခုလို မွတ္ခ်က္ေပးလာပါတယ္။

” ပရီးမီးယားလိဂ္ဟာ က်ေနာ္ ေမွ်ာ္လင့္ထားခဲ့သလိုပါပဲ ကိုယ္တုိင္ကလည္း အမ်ားၾကီး ပိုေကာင္းလာဖို႕ စိတ္ပိုင္းျဖတ္ထားပါတယ္။ ျပိဳင္ပြဲရဲ႕ ေဖ်ာ္ေျဖမႈ၊ လ်င္ျမန္မႈနဲ႔ ျပိဳင္ဆိုင္မႈ ျပင္းထန္ျခင္းေတြက အားရဖို႔ေကာင္းပါတယ္။ ကစားရတဲ့ ပြဲတိုင္းက က်ေနာ္အတြက္ေတာ့ စိန္ေခၚမႈသစ္ေတြပါပဲ။

ခ်ယ္ဆီးမွာ အံ့အားသင့္စရာေတြ အမ်ားၾကီးကို ေတြ႔ရွိခဲ့ရျပီး အသင္းမွာရွိေနတာကလည္း အဆင္ေျပပါတယ္။ အလုပ္လုပ္ရတာ အဆင္ေျပျပီး အသင္းအတြက္ ခံစစ္ပိုင္းကို ကူညီရတာေတြက က်ေနာ္အတြက္ သင္ယူစရာ အသစ္ေတြျဖစ္လာေစခဲ့ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာနဲ႔ ပက္သက္လုိ႔လည္း ” ဖရန္႕ဟာ တကယ္ ခင္မင္ဖို႔ေကာင္းတဲ့ လူေကာင္းတစ္ေယာက္ပါ။ က်ေနာ္အေၾကာင္း ေကာင္းေကာင္းနားလည္ထားျပီး အမ်ားၾကီး ကူညီျပသေပးပါတယ္။ ခ်ယ္ဆီးအသင္းအတြက္ အေကာင္းဆံုး စြမ္းေဆာင္ထားေပးတဲ့သူက က်ေနာ္ရဲ႕ ေျခစြမ္းတိုးတက္လာဖို႔ သင္ျပေပးသလို လူငယ္ကစားသမားေတြအတြက္ေကာပါပဲ ” လို႕ ဆိုခဲ့ပါတယ္။

UNICODE

အမေရိကန်တိုက်စစ်သမား ပူလာဆစ်က ပရီးမီးယားလိဂ်မှာ တရားဝင်ပွဲတွေနဲ့ အခြေချခဲ့တာ တစ်လနီးပါး ရှိခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ လက်ရွေးစင်တာဝန်အတွက် သွားရောက် ထမ်းဆောင်နေပြီဖြစ်ပါတယ်။

နယ်မြေသစ်မှာ အသားကျဖို့ ကြိုးစားနေသလို ပိုကောင်းတဲ့ ကစားသမားအဖြစ် မိမိဘာသာ အဆင့်မြင့်တင်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ပူလာဆစ်က ချယ်ဆီးမှ သူ့ရဲ့အနေအထားနဲ့ မန်နေဂျာလမ်းပတ်အပေါ် အခုလို မှတ်ချက်ပေးလာပါတယ်။

” ပရီးမီးယားလိဂ်ဟာ ကျနော် မျှော်လင့်ထားခဲ့သလိုပါပဲ ကိုယ်တိုင်ကလည်း အများကြီး ပိုကောင်းလာဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ပြိုင်ပွဲရဲ့ ဖျော်ဖြေမှု၊ လျင်မြန်မှုနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းတွေက အားရဖို့ကောင်းပါတယ်။ ကစားရတဲ့ ပွဲတိုင်းက ကျနော်အတွက်တော့ စိန်ခေါ်မှုသစ်တွေပါပဲ။

ချယ်ဆီးမှာ အံ့အားသင့်စရာတွေ အများကြီးကို တွေ့ရှိခဲ့ရပြီး အသင်းမှာရှိနေတာကလည်း အဆင်ပြေပါတယ်။ အလုပ်လုပ်ရတာ အဆင်ပြေပြီး အသင်းအတွက် ခံစစ်ပိုင်းကို ကူညီရတာတွေက ကျနော်အတွက် သင်ယူစရာ အသစ်တွေဖြစ်လာစေခဲ့ပါတယ်။

ချယ်ဆီးမန်နေဂျာနဲ့ ပက်သက်လို့လည်း ” ဖရန့်ဟာ တကယ် ခင်မင်ဖို့ကောင်းတဲ့ လူကောင်းတစ်ယောက်ပါ။ ကျနော်အကြောင်း ကောင်းကောင်းနားလည်ထားပြီး အများကြီး ကူညီပြသပေးပါတယ်။ ချယ်ဆီးအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ထားပေးတဲ့သူက ကျနော်ရဲ့ ခြေစွမ်းတိုးတက်လာဖို့ သင်ပြပေးသလို လူငယ်ကစားသမားတွေအတွက်ကောပါပဲ ” လို့ ဆိုခဲ့ပါတယ်။