လီဗာပူးအသင္းရဲ႕ ဘယ္အစြန္ကစားသမား အန္ဒီေရာ္ဘတ္ဆန္ဟာ ကလပ္အသင္းသမိုင္းမွာ မွတ္တမ္းသစ္တစ္ခုကို ပထမဆံုး ေရးထိုးႏုိင္သူ ျဖစ္လာခဲ့ပါျပီ။

ေရာ္ဘတ္ဆန္ဟာ FIFPro ရဲ႕ ကမၻာအေကာင္းဆံုး ၁၁ ဦးအတြက္ ဆန္ကာတင္စာရင္းမွာ ပါဝင္သြားခဲ့ျပီျဖစ္တယ္။ အဆိုပါ လူစာရင္းမွာေတာ့ ေရာ္ဘတ္ဆန္ဟာ အသင္းေဖာ္ေတြျဖစ္တဲ့ အယ္လီဆန္၊ အာႏိုး၊ ဗန္ဒိုက္၊ ဆာလက္၊ မာေနး၊ ဖာမင္ႏို တို႔နဲ႔အတူ ဆန္ကာတင္စာရင္း ဝင္သြားခဲ့တာျဖစ္တယ္။

ဖီဖာဘက္ကေတာ့ ကစားသမား ၅၅ ဦးထိ ထုတ္ျပန္ထားတာျဖစ္ျပီး မၾကာခင္မွာေတာ့ အေသးစိတ္က်တဲ့ ၁၁ ဦးစာရင္းကို ထုတ္ျပန္လာေတာ့မွာပဲ ျဖစ္ပါတယ္။ ေရာ္ဘတ္ဆန္ကေတာ့ ဆုေပးမႈ စတင္လာတဲ့ ၁၅ ႏွစ္အတြင္း အဆိုပါစာရင္းထဲ ပါဝင္လာတဲ့ ပထမဆံုးေသာ စေကာ္တလန္ ကစားသမားျဖစ္လာခဲ့တာျဖစ္တယ္။

အေကာင္းဆံုး ၅၅ ဦးရဲ႕ ဆန္ကာတင္စာရင္းမွာ ကာဗာဂ်ယ္၊ မာဆယ္လို၊ အယ္ဘာ၊ ေဝၚကာတို႔လို အစြန္သမားေတြလည္း ပါဝင္ေနေပမယ့္ ေရာ္ဘတ္ဆန္က ဘယ္အစြန္ေနရာမွာ ေရြးခ်ယ္ခံရဖို႔ ေရပန္းစားေနပါတယ္။ အဆိုပါ ဆုကိုေတာ့ စက္တင္ဘာလ ၂၃ ရက္ေန႔ မီလန္မွာ ေရြးခ်ယ္ေပးအပ္သြားမွာျဖစ္ပါတယ္။

UNICODE

လီဗာပူးအသင်းရဲ့ ဘယ်အစွန်ကစားသမား အန်ဒီရော်ဘတ်ဆန်ဟာ ကလပ်အသင်းသမိုင်းမှာ မှတ်တမ်းသစ်တစ်ခုကို ပထမဆုံး ရေးထိုးနိုင်သူ ဖြစ်လာခဲ့ပါပြီ။

ရော်ဘတ်ဆန်ဟာ FIFPro ရဲ့ ကမ္ဘာအကောင်းဆုံး ၁၁ ဦးအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်သွားခဲ့ပြီဖြစ်တယ်။ အဆိုပါ လူစာရင်းမှာတော့ ရော်ဘတ်ဆန်ဟာ အသင်းဖော်တွေဖြစ်တဲ့ အယ်လီဆန်၊ အာနိုး၊ ဗန်ဒိုက်၊ ဆာလက်၊ မာနေး၊ ဖာမင်နို တို့နဲ့အတူ ဆန်ကာတင်စာရင်း ဝင်သွားခဲ့တာဖြစ်တယ်။

ဖီဖာဘက်ကတော့ ကစားသမား ၅၅ ဦးထိ ထုတ်ပြန်ထားတာဖြစ်ပြီး မကြာခင်မှာတော့ အသေးစိတ်ကျတဲ့ ၁၁ ဦးစာရင်းကို ထုတ်ပြန်လာတော့မှာပဲ ဖြစ်ပါတယ်။ ရော်ဘတ်ဆန်ကတော့ ဆုပေးမှု စတင်လာတဲ့ ၁၅ နှစ်အတွင်း အဆိုပါစာရင်းထဲ ပါဝင်လာတဲ့ ပထမဆုံးသော စကော်တလန် ကစားသမားဖြစ်လာခဲ့တာဖြစ်တယ်။

အကောင်းဆုံး ၅၅ ဦးရဲ့ ဆန်ကာတင်စာရင်းမှာ ကာဗာဂျယ်၊ မာဆယ်လို၊ အယ်ဘာ၊ ဝေါ်ကာတို့လို အစွန်သမားတွေလည်း ပါဝင်နေပေမယ့် ရော်ဘတ်ဆန်က ဘယ်အစွန်နေရာမှာ ရွေးချယ်ခံရဖို့ ရေပန်းစားနေပါတယ်။ အဆိုပါ ဆုကိုတော့ စက်တင်ဘာလ ၂၃ ရက်နေ့ မီလန်မှာ ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။