ပရီးမီးယားလိဂ္ ထိပ္တန္းႏွစ္သင္းျဖစ္တဲ့ အာဆင္နယ္နဲ႔ မန္ယူတို႔ဟာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ သက္ဆုိင္ရာ ကလပ္ ကစားသမားေတြျဖစ္တဲ့ ဆန္းခ်က္၊ မီခီတာရန္တို႔ကို အလဲအထပ္ျဖင့္ အေျပာင္းအေရႊ႔ေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

အမ္းမရိတ္တိုက္စစ္သမား ဆန္းခ်က္က အိုထရတ္ဖိုဒ့္ကို ေျပာင္းေရႊ႔ခဲ့ျပီး မီခီတာရန္က ဆန္႔က်င္ဘက္အားျဖင့္ လန္ဒန္အသင္းထံ ေျပာင္းခဲ့တာျဖစ္တယ္။ ထိုစဥ္က ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ဆန္းခ်က္နဲ႔ အာဆင္ဝင္းဂါးရဲ႕ တုိက္စစ္ပိုင္းကို အေျပာင္းအလဲ ျဖစ္ေစခဲ့တဲ့ မီခီတာရန္တို႔အေပၚ အေကာင္ျမင္မႈေတြ အမ်ားၾကီး ရွိခဲ့ၾကပါတယ္။

၁၉ လ အၾကာမွာေတာ့ အဆိုပါ အလဲအထပ္ဟာ ပရီးမီးယားလိဂ္ သမိုင္းမွာ အဆိုးဆံုးအသင္းေျပာင္းမႈ စာရင္းေတြထဲ ပါဝင္ေစခဲ့ျပီျဖစ္တယ္။ ေျပာင္းေရႊ႔ေၾကး မေပးရေပမယ့္ လက္မွတ္ထိုးေၾကးေတြ ေပးခဲ့ရတဲ့ အဆိုပါ ကစားသမားႏွစ္ဦးအတြက္ လုပ္ခတင္ကိုပဲ မန္ယူနဲ႔ အာဆင္နယ္တို႔ဟာ ေပါင္ သန္း ၅၀ ခန္႔ အကုန္အက် ခံခဲ့ရပါတယ္။

ဆန္းခ်က္အတြက္ အေျခခံလုပ္ခ ေပါင္ ၃ သိန္းနဲ႔တင္ပဲ မန္ယူဟာ လုပ္ခ ေပါင္ ၂၄.၉ သန္း ကုန္က်ခဲ့သလို အာဆင္နယ္က မီခီတာရန္အတြက္ အေျခခံလုပ္ခ ေပါင္ တစ္သိန္းရွစ္ေသာင္းအတြက္ ေပါင္ ၁၅.၁ သန္း လုပ္ခေပးေခ်ခဲ့ရတယ္။ မန္ယူဘက္က ဆန္းခ်က္ကို အင္တာမီလန္ထံ အငွားခ်မႈမွာ ျမင့္မားတဲ့ လုပ္ခေတြကို ထပ္မံ က်ခံရမွာျဖစ္ေပမယ့္ အာဆင္နယ္ကေတာ့ ေပးေခ်ရမွာ မဟုတ္ပဲ ရိုးမားဘက္က တာဝန္ယူမွာပါ။

အဆိုပါ အလဲအထပ္ဟာ ကလပ္ႏွစ္သင္းရဲ႕ ကစားသမားေခၚယူမႈေတြကို ထိခိုက္မႈ ၾကီးေစခဲ့ျပီး ဘ႑ာေရးမွာလည္း ျပသနာေပၚေစခဲ့လုိ႔ သက္ဆုိင္ရာ ကလပ္ေတြက အျမန္ ရွင္းထုတ္ခဲ့ရတာပဲ ျဖစ္ပါတယ္။

UNICODE

ပရီးမီးယားလိဂ် ထိပ်တန်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူတို့ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ သက်ဆိုင်ရာ ကလပ် ကစားသမားတွေဖြစ်တဲ့ ဆန်းချက်၊ မီခီတာရန်တို့ကို အလဲအထပ်ဖြင့် အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ကြပါတယ်။

အမ်းမရိတ်တိုက်စစ်သမား ဆန်းချက်က အိုထရတ်ဖိုဒ့်ကို ပြောင်းရွှေ့ခဲ့ပြီး မီခီတာရန်က ဆန့်ကျင်ဘက်အားဖြင့် လန်ဒန်အသင်းထံ ပြောင်းခဲ့တာဖြစ်တယ်။ ထိုစဉ်က ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆန်းချက်နဲ့ အာဆင်ဝင်းဂါးရဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ မီခီတာရန်တို့အပေါ် အကောင်မြင်မှုတွေ အများကြီး ရှိခဲ့ကြပါတယ်။

၁၉ လ အကြာမှာတော့ အဆိုပါ အလဲအထပ်ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အဆိုးဆုံးအသင်းပြောင်းမှု စာရင်းတွေထဲ ပါဝင်စေခဲ့ပြီဖြစ်တယ်။ ပြောင်းရွှေ့ကြေး မပေးရပေမယ့် လက်မှတ်ထိုးကြေးတွေ ပေးခဲ့ရတဲ့ အဆိုပါ ကစားသမားနှစ်ဦးအတွက် လုပ်ခတင်ကိုပဲ မန်ယူနဲ့ အာဆင်နယ်တို့ဟာ ပေါင် သန်း ၅၀ ခန့် အကုန်အကျ ခံခဲ့ရပါတယ်။

ဆန်းချက်အတွက် အခြေခံလုပ်ခ ပေါင် ၃ သိန်းနဲ့တင်ပဲ မန်ယူဟာ လုပ်ခ ပေါင် ၂၄.၉ သန်း ကုန်ကျခဲ့သလို အာဆင်နယ်က မီခီတာရန်အတွက် အခြေခံလုပ်ခ ပေါင် တစ်သိန်းရှစ်သောင်းအတွက် ပေါင် ၁၅.၁ သန်း လုပ်ခပေးချေခဲ့ရတယ်။ မန်ယူဘက်က ဆန်းချက်ကို အင်တာမီလန်ထံ အငှားချမှုမှာ မြင့်မားတဲ့ လုပ်ခတွေကို ထပ်မံ ကျခံရမှာဖြစ်ပေမယ့် အာဆင်နယ်ကတော့ ပေးချေရမှာ မဟုတ်ပဲ ရိုးမားဘက်က တာဝန်ယူမှာပါ။

အဆိုပါ အလဲအထပ်ဟာ ကလပ်နှစ်သင်းရဲ့ ကစားသမားခေါ်ယူမှုတွေကို ထိခိုက်မှု ကြီးစေခဲ့ပြီး ဘဏ္ဍာရေးမှာလည်း ပြသနာပေါ်စေခဲ့လို့ သက်ဆိုင်ရာ ကလပ်တွေက အမြန် ရှင်းထုတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။